【 သရော်စာ 】 “တောက်လျှောက်”

【 သရော်စာ 】 “တောက်လျှောက်”

(၁) နံနက် ၉ နာရီ အကျော်..။ဆိုင်ရှေ့မှာ ဆိုက်ကားကလေး ထိုးအရပ်။စပို့ရှပ်အစင်းကြားဖြင့် ကိုမြင့်ဝင်း သည် ဒီမနက်အတွက် နှစ်ခေါက်မြောက် ရောက်လာခြင်း။ပွဲရုံပိုင်ရှင် ကိုမြင့်ဝင်း။

သူ့ဘေးက ဆိုက်ကားဆရာ စန်းထွန်း။စန်းထွန်း က သူ့ဆိုက်ကားလေးကို လွတ်ရာထိုးကာ ကိုမြင့်ဝင်းနောက် ကုပ်ကုပ် ကုပ်ကုပ်ဖြင့် လိုက်အဝင်။ဆိုင်ရှင် ကိုစိုး သည် ကိုမြင့်ဝင်း ဝင်လာသည်ကို ဘယ်ကတည်း မြင်သည်မသိ။သူ့လက်ထဲတွင် အရက်ဖြူတစ်စိတ် ထည့်ထားသော ဖန်ခွက်က အဆင်သင့်။''ဂလု'' ခနဲ နှစ်ခါပြီးတဲ့နောက် ကိုမြင့်ဝင်း လက်က ကောင်တာပေါ် ချထားပေးသည့် ပန်းကန်တွင်းမှ သရက်သီးစိတ်ကလေးများဆီသို့။ပြီးမှ ရေဗူးထဲမှ ရေကိုငှဲ့ ပလုတ်ကျင်း။

''ကိုစိုး…'' ဆိုက်ကားဆရာ စန်းထွန်း ထောင်ပြသည်က လက်ငါးချောင်း။ကိုစိုး ငှဲ့လိုက်သည်က ဖန်ခွက်တစ်ဝက်။

''ဂလု..ဂလု''

ကိုမြင့်ဝင်း က ငါးရာတန်တစ်ရွက်ကို ကိုစိုးထံ လက်ကမ်းသည့်အခါ တဆက်တည်းမြင်လိုက်ရသည်က ကောင်တာပေါ်မှ စာအိတ်အဖြူ။

''ဘယ်သူလဲ..ကိုစိုး''

ကိုစိုး၏ မျက်စက အကြွေးစာရင်းမှတ်သည့် နံရံမှ ကျောက်သင်ပုန်းဆီသို့။ကျောက်သင်ပုန်းထက်မှာတော့ ကော်ဖြင့်ကပ်ထားသော ဖိတ်စာတစ်စောင်။

''ဂွမ်းထုပ်ကြီးပဲ….ဘယ်တုန်းကလဲ''

''ည ၁၁ နာရီလောက်က…သွေးတွေအန်ပြီး လစ်သွားတာတဲ့..သူ့အမေ..မနက်က ဖိတ်စာလာပေးတာ..ဒီနေ့လည်ချမှာ..အနံ့မကောင်းတော့ဘူးတဲ့''

ကိုမြင့်ဝင်း၏ သက်ပြင်းသံ။ထို့နောက်..''နှစ်ကျပ်ဖိုးလောက်.ထပ်ထည့်.ကိုစိုး..ဒီကောင်လေး..ဂွမ်းထုပ်..အစောကြီးဗျာ''

''ဒီကောင်က..လစ်မစ်မှ မထားတာကိုး..အကိုကြီးရ''

''ဟေ့ကောင်..စန်းထွန်း..သူများမပြောနဲ့..မင်း ဒီမနက်တင် လေးခေါက်ရှိနေပြီမှတ်လား''

ကိုစိုး အသံက ခပ်ကျယ်ကျယ်။

''ဟိုကောင်..ခြင်းဆရာတို့၊ ဂိတ်မှူးတို့လာရင် ပြောလိုက်ပါ..နေ့လည် အသုဘချိန်ကျ ကျွန်တော် ဒီရှေ့မှာ ကားလာထိုးပေးမယ်လို့..ခုတော့ ဆိုင်သွားဦးမယ်..ဟေ့ကောင်..စန်းထွန်း..ထ..''

ပွဲရုံပိုင်ရှင် ကိုမြင့်ဝင်း နှင့် သူ့ဆိုက်ကားဆရာတို့ အထွက်။ဆိုင်ရှင် ကိုစိုး၏ အံဆွဲထဲမှ ငွေသုံးထောင်ကျပ်က စာအိတ်လေးထဲ အဝင်။

ဆိုင်နာမည်က ခပ်ဆန်းဆန်း။''တောက်လျှောက်'' စီးပွားဥစ္စာတွေ တောက်လျှောက်တက်စေမယ့် နိမိတ်အဖြစ် ပေးခဲ့ခြင်း။ရောင်းတာက အရက်ဖြူ။ပိုင်ရှင်က ကိုစိုး။အရက်ကို ရာသက်ပန်ရှောင်ထားသူ။ညစ်ထေးထေး အပြာရောင်ဆေး သုတ်ထားသည့် နှစ်ထပ်တိုက်အိမ်အို၏ ထိုအောက်ထပ်ကလေးသည် လူ့အဖွဲ့အစည်းငယ်လေးတစ်ခု။တနည်းအားဖြင့် တောက်လျှောက် အရက်ဆိုင်။

ဆိုက်ကားဆရာဘဝမှ မိန်းမအရကောင်းပြီး ပွဲရုံပိုင်ရှင်ဖြစ်လာသူ ကိုမြင့်ဝင်း။အဝေးပြေးကား ဂိတ်မှူးဟောင်း ကိုတင်ဖေ ခေါ် ဂိတ်မှူး။ကုန်တင်ကားမောင်းသူ ဖြစ်ခဲ့ဖူးပြီး အခုတော့ ညီမများလုပ်စာ ထိုင်စားနေရသူ လူပျိုကြီး ကိုစိုင်း ခေါ် ကားဆရာ။တချိန်က ခရိုင်အဆင့် ပိုက်ကျော်ခြင်း လက်ရွေးစင် မောင်ကွင်း ခေါ် ခြင်းဆရာ။ရပ်ကွက်လူမိုက် လက်ဟောင်းကြီး ထွန်းရင်။
လူလတ်ပိုင်းထဲမှာ ပန်းတိမ်ဆရာ ဖိုးထိန်။စိုးမြင့်ဝေ။ဆိုက်ကားဆရာ စန်းထွန်း၊ လူငယ်ထဲမှာ ဝက်ဒိုင်က အောင်ကျော်ဆင့်၊ နောက်ခရိုင်အဆင့် အရာရှိကြီးရဲ့ သားငယ် ဂွမ်းထုပ် ခေါ် ကျော်သက်။ဒါက နံနက်လေးနာရီ ဒင်ခနဲဆို တောက်လျှောက်ဆိုင်ရှေ့မှာ မောနင်းပက်အတွက် အနှေးအမြန် တန်းစီပြီးသား လူစာရင်း။သူတို့အချိန်ဇယားက မနက်လေးနာရီကနေ ညဆယ်နာရီအထိ။သူတို့လစ်မစ်တွေကဖြင့် တချို့လည်း တစ်နာရီခြား၊ တစ်ချို့လည်း နှစ်နာရီခြား၊ တချို့လည်း လေးနာရီလောက်ခြား..ငါးဆယ်ဖိုး၊ တစ်ရာဖိုး..ငါးဆယ်ဖိုး..တစ်ရာဖိုး..ဆွတ်ကယ်..ဆွတ်ကယ်။လောလောဆယ် သွားနှင့်သူက အငယ်ဆုံးရဲဘော် ဂွမ်းထုပ်။

အဖေက အရာရှိမို့ နယ်တွေမှာ တာဝန်ကျ။အမေနဲ့ အမတွေက ဈေးဆိုင်ဖွင့်။ဖြူဖြူ၀၀လုံးလုံး ဂွမ်းထုပ်ကြီးက..အပျော်အပျော်ကနေ ဝီစကီအနီကို စွန့်ခွာပြီး အဖြူလိုင်း ကူးလာသည်မှာ တစ်နှစ်မပြည့်သေး။ဒါပေမယ့်…သောက်လုံးက မလျော့။အခုတော့..ဘီလား စီလား မစစ်နိုင်မီ သွေးတွေအန်ပြီး..အဆုံးသတ်။ကိုစိုး အတွက်ကတော့ အရက်ဆိုင်ဖွင့်လာသည့် နှစ်သုံးဆယ်လုံး…ကြုံခဲ့ရသည့် ဒီလို ဖောက်သည်ပေါင်းမနည်း။ထို့အတူ..ကူငွေထည့်ထားတဲ့.စာအိတ်ကလေးပေါင်းလည်း..မနည်း။သူ့ဖောက်သည်တွေရဲ့ နောက်ဆုံးခရီးတွေမှာ..သူ့စာအိတ်လေးတွေက ခေတ်နဲ့ညီသော ငွေတန်ဖိုးအတိုင်း ပါသွားစမြဲ။၁၉၉၇ သူ့ဆိုင်လေးဖွင့်ပြီး တစ်နှစ်အကြာ အဦးဆုံးသွားသူ ဖောက်သည် ကိုကျင်းကုတ် အတွက် သူ့စာအိတ်လေးထဲမှာက ငွေသား သုံးဆယ်။
တဖြည်းဖြည်းနဲ့ သုံးရာ။အခု ၂၀၁၀ ကျော်ကာလတွေမှာတော့ သုံးထောင်။အဖြူဈေးနှုန်းနဲ့လည်း ကိုက်ဦး။ဟိုးတုန်းက ငါးမူးဖိုး၊ တစ်ကျပ်ဖိုးခေတ်၊ အခုက ငါးဆယ်ဖိုး၊ တစ်ရာဖိုးခေတ်။

နေ့လည် ၁၁ နာရီထိုးတဲ့အခါ ကိုစိုး ဆိုင်ရှေ့ မှာ မြင်ရတာက ကိုမြင့်ဝင်း ရဲ့ လိုက်ထရပ်ကား။ညှိးငယ်သောစိတ်ထား၊ ဖောင်းအစ်သော မျက်နှာတွေနဲ့ သူတို့တစ်အုပ်လုံး ကားပေါ်တက်ထိုင်ကြ။ကြေးစည်သံနဲ့ တရားသံသဲ့သဲ့ ဟိုးလမ်းမဘက်ဆီကကြားတော့..ဆိုင်ရှင် ကိုစိုး ဟာ သူ့အိတ်ထောင်ထဲကို စာအိတ်လေးထည့်ပြီး ကားခေါင်းခန်းရှိရာဆီ ခပ်သွက်သွက်လာပြီး တံခါးကို ဂျိန်းခနဲ။ကားမောင်းသူ ကိုမြင့်ဝင်း ဘေးမှာ ထိုင်ခွင့်ရှိတဲ့ တစ်ဦးတည်းသော အခွင့်ထူးခံက တောက်လျှောက်ရဲ့ သခင် ကိုစိုးပဲ။လိုက်ထရပ်ကားရဲ့ အနောက်မှာတော့…ခါးကိုင်းကိုင်း၊ ပိန်လှီဖြူဖျော့နေတဲ့ ဂိတ်မှူးဟာ မနှစ်က စန်းထွန်း တို့ ဆိုက်ကားဂိတ် ကထိန်မှာ သူက သီချင်းဆို၊ ဂွမ်းထုပ်ကြီးက မိန်းမလို ဝတ်ကပြီး ဆုငွေတွေ ရတဲ့အကြောင်း ပြောလို့။မျက်လုံးရဲရဲတွေက….ပွယောင်းယောင်းအသားတွေ..ဖောင်းအစ်အစ် ပါးကလေးတွေကတော့…နာရေးယပ်တောင်ကို တဖြတ်ဖြတ်ခတ်ကြ၊ ဂေ့ခနဲ လေချဉ်တက်ကြနဲ့…ခရီးထွက်မယ့် သူငယ်ချင်းတစ်ယောက်ကို ဝိုင်းဝန်းလိုက်ပို့ကြသလို မျက်နှာပေးတွေနဲ့..။ဂွမ်းထုပ် အသုဘချချိန်မှာ ဂိတ်မှူးဟာ တောက်လျှောက်ဆီ ဝင်ထွက်လုပ်ခဲ့တာ ရှစ်ကြိမ်နဲ့ အများဆုံး စံချိန်တင်ထားသလို။နန်းကျလူမိုက် ထွန်းရင် က ခုနှစ်ကြိမ်နဲ့ ကပ်လိုက်ထားဆဲ။ကားမောင်းနေတဲ့ ကိုမြင့်ဝင်း ရဲ့ အကြည့်က သူ့ရှေ့ နာရေးကားမှန်ထဲမှာ မြင်နေရတဲ့ အခေါင်းပေါ်က ပုဆိုးအကွက်စိတ်လေးကို ငေးရီ။ကိုစိုး ကတော့ မနက်ဖြန်မနက် အရက်ဆီစပ်တဲ့အခါ လေးချိုးတစ်ချိုးကို လက်စနည်းနည်းလေး ပိုထည့်ရမလားတွေးရင်း..နာရေးယပ်တောင်ပေါ်က ''သေသူလည်းသေ ငါလည်းသေမည်'' ဆိုတဲ့ စာသားကို တစ်လုံးချင်းလိုက်ဖတ်ရင်း..။

(၂) ''တောက်လျှောက်'' ရဲ့ ပြက္ခဒိန်တွေက ပုံမှန်ကုန်လျက်။မအေးတော့တဲ့ ဆောင်းညနေတွေမှာ…ဆိုင်နောက်က ခြင်းကွင်းလေးမှာ ခြင်းဆရာက တစ်ဖက်၊ ပန်းတိမ်ဆရာ၊ စိုးမြင့်ေ၀ နဲ့ ဝက်သတ်သမား အောင်ကျော်ဆင့် က တစ်ဖက် ခြင်းတွေခတ်ကြ။ယိုင်ထိုးယိုင်ထိုးနဲ့ လဲကျတဲ့အခါ ပွဲကြည့်ပရိသတ် ကားဆရာ ကိုစိုင်း တို့ အုပ်စုက ရယ်မောကြ။ကစားပွဲကို ခဏနားပြီး အမောခံဆိုပြီး ''တောက်လျှောက်'' ထဲ ဝင်ကစ်ကြ။ပွဲရုံကနေ ကိုမြင့်ဝင်း တစ်ရောင်း လာဝင်မော့တဲ့အခါ အားလုံးစုပြုံပြီး အရက်တိုက်ခိုင်းကြ။ပန်းတိမ်ဆရာက ခြင်းပေးပြီး စိုးမြင့်ေ၀ က ဆာဗင်အထိုး…ခြင်းလုံးဟာ ခြေသလုံးနဲ့ထိပြီး ဆိုင်ခေါင်းရင်း ပြတင်းရှေ့ဆီအရောက်။လိုက်ကောက်တဲ့ ခြင်းဆရာဟာ ပြတင်းတံခါးဝကနေ ကိုစိုး ရဲ့ ကောင်တာကို ပြုံးပြလိုက်တဲ့အခါ……..သူ ရုတ်တရက် သတိထားမိလိုက်တာက ဆိုင်ရှင် ကိုစိုး လက်ထဲက လေယာဉ်ပျံတံဆိပ် စာအိတ်ကလေး။ခြင်းဆရာဟာ ခြင်းကွင်းဆီ ပြန်လာပြီး…ခြင်းလုံးကို ပစ်ချ။ခါးတောင်းကျိုက်ကို ဖြေ၊ ဖိနပ်ကိုစီး..ကိုစိုး ဆိုင်ဆီ အလှမ်း..နောက်က လူသိုက်ကလည်း သူ့နောက်ကနေ မပြေးယုံတမယ်..လိုက်ကြ။

''ဂိတ်မှူးလား..ကိုစိုး''

ခြင်းဆရာ ခန့်မှန်းတာက အမှန်။''တောက်လျှောက်'' မှာ နှစ်ပတ်ကျော်ကြာ ပျက်ကွက်နေခဲ့သူက အသက် ၅၄ နှစ်အရွယ်.ပိန်ချိချိ၊ ခါးကိုင်းကိုင်း၊ ဖြူလျော်လျော် ဂိတ်မှူးဟောင်း ကိုတင်ဖေ မဟုတ်လား။အကြွေးစာရင်းမှတ်သည့် သင်ပုန်းတွင် ကိုစိုး သွားကပ်လိုက်သည့် ဖိတ်စာက ဂိတ်မှူး၏ မျက်နှာလို ဖြူလျော်လျော်။မနက်ဖြန် တောက်လျှောက်ရှေ့တွင် ကိုမြင့်ဝင်း ကား လာထိုးမည်ကတော့ ပြောစရာမလို။ကိုစိုး ၏ စာအိတ်ထဲ ငွေသုံးထောင် ရှိမည်ကလည်း ငြင်းစရာမလို။

နောက် ရှစ်လအကြာမှာ ခြင်းကွင်းလေးထဲ ခြင်းခတ်မည့်သူ မရှိတော့။ခရိုင် ပိုက်ကျော်ခြင်း လက်ရွေးစင်ဟောင်း မောင်ကွင်း၏ နာရေးဖိတ်စာပေါ်တွင် ငွေသုံးထောင်ထည့်ထားသည့် စာအိတ်လေးတစ်စောင်။

တစ်နှစ်ကျော်..နှစ်နှစ်။''တောက်လျှောက်'' ၏ လေးနာရီ ရဲဘော်ဟောင်းများ တဖြုတ်ဖြုတ်လျော့သွားသလို………….ရဲဘော်အသစ်တွေ တိုးလာသည်ကလည်း တရွေ့ရွေ့။ပန်းတိမ်ဆရာက ဘီပိုး၊ ကျော်ကျော်ဆင့် က သွေးဝမ်းသွား၊ ထွန်းရင် နှင့် စိုးမြင့်ေ၀ က အသည်းခြောက်…။တောက်လျှောက်ကို နှုတ်ဆက်ခဲ့ကြပြီ။ဆန်းထွန်း ရေဖျဉ်းဆွဲချိန်တွင် ကိုမြင့်ဝင်းအတွက် ဆိုက်ကားဆရာအသစ် မှာ မောင်ပု။မိသားစုမဲ့ ဆန်းထွန်း၏ နောက်ဆုံးခရီးအတွက်တော့ ကိုမြင့်ဝင်း နှင့် နာရေးကူညီမှုအသင်းမှ လွဲပြီး အခြားမရှိခဲ့။ကိုစိုး ၏ စာအိတ်ကတော့ ပြောစရာကို မလို။

''ရဟန်းဒကာ၊ ဘုရားဒကာ၊ ကျောင်းဒကာကြီး ဦးမြင့်ဝင်း၊ အသက် (၅၉) နှစ်'' ဒီတခေါက်တွင်တော့ တောက်လျှောက်ရှေ့…လိုက်ထရပ်ကားကြီး လာမရပ်တော့။ပွဲရုံပိုင်ရှင်…ကားပိုင်ရှင်ကြီး ကိုယ်တိုင်..၏..ခရီး။ကိုစိုး၏ ညာဘက်လက်တွင်တော့ လေယာဉ်ပျံတံဆိပ် စာအိတ်ကလေး။

ပြတင်းပေါက်ကို ခြင်းလုံးက ဒေါက်ခနဲ လာအမှန်။''တောက်လျှောက်'' ၏ ရဲဘော်သစ်.ပန်းရံဆရာ ထွန်းအေးမောင် တို့ အုပ်စု လက်ဖြင့် ပုတ်တမ်းကစားရာမှ အရှိန်လွန်လာသော ခြင်းလုံး။

စာအိတ်က ကိုစိုး၏ အိတ်ထောင်ထဲမှာ။ကောင်တာအောက်မှာတော့..နောက်ထပ် မဖောက်ရသေးသည့် လေယာဉ်ပျံစာအိတ် တစ်ဒါဇင်ပါ ပလပ်စတစ်အိတ်ကလေး။

''တောက်လျှောက်'' သည် ဖောက်သည်များကို ဆင်းရဲချမ်းသာ မျက်နှာမလိုက်။အမြဲတမ်း သုံးထောင်။ပွဲရုံပိုင်ရှင်ကြီးလည်း သုံးထောင်။အားလုံးသုံးထောင်။တောက်လျှောက်..သုံးထောင်။

ဗြိတိသျှကိုကိုမောင်
ဧပြီ - ၂၈

( Zawgyi )

(၁) နံနက္ ၉ နာရီ အေက်ာ္..။ဆိုင္ေရွ႕မွာ ဆိုက္ကားကေလး ထိုးအရပ္။စပို႔ရွပ္အစင္းၾကားျဖင့္ ကိုျမင့္ဝင္း သည္ ဒီမနက္အတြက္ ႏွစ္ေခါက္ေျမာက္ ေရာက္လာျခင္း။ပြဲ႐ုံပိုင္ရွင္ ကိုျမင့္ဝင္း။

သူ႔ေဘးက ဆိုက္ကားဆရာ စန္းထြန္း။စန္းထြန္း က သူ႔ဆိုက္ကားေလးကို လြတ္ရာထိုးကာ ကိုျမင့္ဝင္းေနာက္ ကုပ္ကုပ္ ကုပ္ကုပ္ျဖင့္ လိုက္အဝင္။ဆိုင္ရွင္ ကိုစိုး သည္ ကိုျမင့္ဝင္း ဝင္လာသည္ကို ဘယ္ကတည္း ျမင္သည္မသိ။သူ႔လက္ထဲတြင္ အရက္ျဖဴတစ္စိတ္ ထည့္ထားေသာ ဖန္ခြက္က အဆင္သင့္။''ဂလု'' ခနဲ ႏွစ္ခါၿပီးတဲ့ေနာက္ ကိုျမင့္ဝင္း လက္က ေကာင္တာေပၚ ခ်ထားေပးသည့္ ပန္းကန္တြင္းမွ သရက္သီးစိတ္ကေလးမ်ားဆီသို႔။ၿပီးမွ ေရဗူးထဲမွ ေရကိုငွဲ႔ ပလုတ္က်င္း။

''ကိုစိုး…'' ဆိုက္ကားဆရာ စန္းထြန္း ေထာင္ျပသည္က လက္ငါးေခ်ာင္း။ကိုစိုး ငွဲ႔လိုက္သည္က ဖန္ခြက္တစ္ဝက္။

''ဂလု..ဂလု''

ကိုျမင့္ဝင္း က ငါးရာတန္တစ္႐ြက္ကို ကိုစိုးထံ လက္ကမ္းသည့္အခါ တဆက္တည္းျမင္လိုက္ရသည္က ေကာင္တာေပၚမွ စာအိတ္အျဖဴ။

''ဘယ္သူလဲ..ကိုစိုး''

ကိုစိုး၏ မ်က္စက အေႂကြးစာရင္းမွတ္သည့္ နံရံမွ ေက်ာက္သင္ပုန္းဆီသို႔။ေက်ာက္သင္ပုန္းထက္မွာေတာ့ ေကာ္ျဖင့္ကပ္ထားေသာ ဖိတ္စာတစ္ေစာင္။

''ဂြမ္းထုပ္ႀကီးပဲ….ဘယ္တုန္းကလဲ''

''ည ၁၁ နာရီေလာက္က…ေသြးေတြအန္ၿပီး လစ္သြားတာတဲ့..သူ႔အေမ..မနက္က ဖိတ္စာလာေပးတာ..ဒီေန႔လည္ခ်မွာ..အနံ႔မေကာင္းေတာ့ဘူးတဲ့''

ကိုျမင့္ဝင္း၏ သက္ျပင္းသံ။ထို႔ေနာက္..''ႏွစ္က်ပ္ဖိုးေလာက္.ထပ္ထည့္.ကိုစိုး..ဒီေကာင္ေလး..ဂြမ္းထုပ္..အေစာႀကီးဗ်ာ''

''ဒီေကာင္က..လစ္မစ္မွ မထားတာကိုး..အကိုႀကီးရ''

''ေဟ့ေကာင္..စန္းထြန္း..သူမ်ားမေျပာနဲ႔..မင္း ဒီမနက္တင္ ေလးေခါက္ရွိေနၿပီမွတ္လား''

ကိုစိုး အသံက ခပ္က်ယ္က်ယ္။

''ဟိုေကာင္..ျခင္းဆရာတို႔၊ ဂိတ္မႉးတို႔လာရင္ ေျပာလိုက္ပါ..ေန႔လည္ အသုဘခ်ိန္က် ကြၽန္ေတာ္ ဒီေရွ႕မွာ ကားလာထိုးေပးမယ္လို႔..ခုေတာ့ ဆိုင္သြားဦးမယ္..ေဟ့ေကာင္..စန္းထြန္း..ထ..''

ပြဲ႐ုံပိုင္ရွင္ ကိုျမင့္ဝင္း ႏွင့္ သူ႔ဆိုက္ကားဆရာတို႔ အထြက္။ဆိုင္ရွင္ ကိုစိုး၏ အံဆြဲထဲမွ ေငြသုံးေထာင္က်ပ္က စာအိတ္ေလးထဲ အဝင္။

ဆိုင္နာမည္က ခပ္ဆန္းဆန္း။''ေတာက္ေလွ်ာက္'' စီးပြားဥစၥာေတြ ေတာက္ေလွ်ာက္တက္ေစမယ့္ နိမိတ္အျဖစ္ ေပးခဲ့ျခင္း။ေရာင္းတာက အရက္ျဖဴ။ပိုင္ရွင္က ကိုစိုး။အရက္ကို ရာသက္ပန္ေရွာင္ထားသူ။ညစ္ေထးေထး အျပာေရာင္ေဆး သုတ္ထားသည့္ ႏွစ္ထပ္တိုက္အိမ္အို၏ ထိုေအာက္ထပ္ကေလးသည္ လူ႔အဖြဲ႕အစည္းငယ္ေလးတစ္ခု။တနည္းအားျဖင့္ ေတာက္ေလွ်ာက္ အရက္ဆိုင္။

ဆိုက္ကားဆရာဘဝမွ မိန္းမအရေကာင္းၿပီး ပြဲ႐ုံပိုင္ရွင္ျဖစ္လာသူ ကိုျမင့္ဝင္း။အေဝးေျပးကား ဂိတ္မႉးေဟာင္း ကိုတင္ေဖ ေခၚ ဂိတ္မႉး။ကုန္တင္ကားေမာင္းသူ ျဖစ္ခဲ့ဖူးၿပီး အခုေတာ့ ညီမမ်ားလုပ္စာ ထိုင္စားေနရသူ လူပ်ိဳႀကီး ကိုစိုင္း ေခၚ ကားဆရာ။တခ်ိန္က ခ႐ိုင္အဆင့္ ပိုက္ေက်ာ္ျခင္း လက္ေ႐ြးစင္ ေမာင္ကြင္း ေခၚ ျခင္းဆရာ။ရပ္ကြက္လူမိုက္ လက္ေဟာင္းႀကီး ထြန္းရင္။
လူလတ္ပိုင္းထဲမွာ ပန္းတိမ္ဆရာ ဖိုးထိန္။စိုးျမင့္ေဝ။ဆိုက္ကားဆရာ စန္းထြန္း၊ လူငယ္ထဲမွာ ဝက္ဒိုင္က ေအာင္ေက်ာ္ဆင့္၊ ေနာက္ခ႐ိုင္အဆင့္ အရာရွိႀကီးရဲ႕ သားငယ္ ဂြမ္းထုပ္ ေခၚ ေက်ာ္သက္။ဒါက နံနက္ေလးနာရီ ဒင္ခနဲဆို ေတာက္ေလွ်ာက္ဆိုင္ေရွ႕မွာ ေမာနင္းပက္အတြက္ အေႏွးအျမန္ တန္းစီၿပီးသား လူစာရင္း။သူတို႔အခ်ိန္ဇယားက မနက္ေလးနာရီကေန ညဆယ္နာရီအထိ။သူတို႔လစ္မစ္ေတြကျဖင့္ တခ်ိဳ႕လည္း တစ္နာရီျခား၊ တစ္ခ်ိဳ႕လည္း ႏွစ္နာရီျခား၊ တခ်ိဳ႕လည္း ေလးနာရီေလာက္ျခား..ငါးဆယ္ဖိုး၊ တစ္ရာဖိုး..ငါးဆယ္ဖိုး..တစ္ရာဖိုး..ဆြတ္ကယ္..ဆြတ္ကယ္။ေလာေလာဆယ္ သြားႏွင့္သူက အငယ္ဆုံးရဲေဘာ္ ဂြမ္းထုပ္။

အေဖက အရာရွိမို႔ နယ္ေတြမွာ တာဝန္က်။အေမနဲ႔ အမေတြက ေဈးဆိုင္ဖြင့္။ျဖဴျဖဴ၀၀လုံးလုံး ဂြမ္းထုပ္ႀကီးက..အေပ်ာ္အေပ်ာ္ကေန ဝီစကီအနီကို စြန႔္ခြာၿပီး အျဖဴလိုင္း ကူးလာသည္မွာ တစ္ႏွစ္မျပည့္ေသး။ဒါေပမယ့္…ေသာက္လုံးက မေလ်ာ့။အခုေတာ့..ဘီလား စီလား မစစ္ႏိုင္မီ ေသြးေတြအန္ၿပီး..အဆုံးသတ္။ကိုစိုး အတြက္ကေတာ့ အရက္ဆိုင္ဖြင့္လာသည့္ ႏွစ္သုံးဆယ္လုံး…ႀကဳံခဲ့ရသည့္ ဒီလို ေဖာက္သည္ေပါင္းမနည္း။ထို႔အတူ..ကူေငြထည့္ထားတဲ့.စာအိတ္ကေလးေပါင္းလည္း..မနည္း။သူ႔ေဖာက္သည္ေတြရဲ႕ ေနာက္ဆုံးခရီးေတြမွာ..သူ႔စာအိတ္ေလးေတြက ေခတ္နဲ႔ညီေသာ ေငြတန္ဖိုးအတိုင္း ပါသြားစၿမဲ။၁၉၉၇ သူ႔ဆိုင္ေလးဖြင့္ၿပီး တစ္ႏွစ္အၾကာ အဦးဆုံးသြားသူ ေဖာက္သည္ ကိုက်င္းကုတ္ အတြက္ သူ႔စာအိတ္ေလးထဲမွာက ေငြသား သုံးဆယ္။
တျဖည္းျဖည္းနဲ႔ သုံးရာ။အခု ၂၀၁၀ ေက်ာ္ကာလေတြမွာေတာ့ သုံးေထာင္။အျဖဴေဈးႏႈန္းနဲ႔လည္း ကိုက္ဦး။ဟိုးတုန္းက ငါးမူးဖိုး၊ တစ္က်ပ္ဖိုးေခတ္၊ အခုက ငါးဆယ္ဖိုး၊ တစ္ရာဖိုးေခတ္။

ေန႔လည္ ၁၁ နာရီထိုးတဲ့အခါ ကိုစိုး ဆိုင္ေရွ႕ မွာ ျမင္ရတာက ကိုျမင့္ဝင္း ရဲ႕ လိုက္ထရပ္ကား။ညႇိးငယ္ေသာစိတ္ထား၊ ေဖာင္းအစ္ေသာ မ်က္ႏွာေတြနဲ႔ သူတို႔တစ္အုပ္လုံး ကားေပၚတက္ထိုင္ၾက။ေၾကးစည္သံနဲ႔ တရားသံသဲ့သဲ့ ဟိုးလမ္းမဘက္ဆီကၾကားေတာ့..ဆိုင္ရွင္ ကိုစိုး ဟာ သူ႔အိတ္ေထာင္ထဲကို စာအိတ္ေလးထည့္ၿပီး ကားေခါင္းခန္းရွိရာဆီ ခပ္သြက္သြက္လာၿပီး တံခါးကို ဂ်ိန္းခနဲ။ကားေမာင္းသူ ကိုျမင့္ဝင္း ေဘးမွာ ထိုင္ခြင့္ရွိတဲ့ တစ္ဦးတည္းေသာ အခြင့္ထူးခံက ေတာက္ေလွ်ာက္ရဲ႕ သခင္ ကိုစိုးပဲ။လိုက္ထရပ္ကားရဲ႕ အေနာက္မွာေတာ့…ခါးကိုင္းကိုင္း၊ ပိန္လွီျဖဴေဖ်ာ့ေနတဲ့ ဂိတ္မႉးဟာ မႏွစ္က စန္းထြန္း တို႔ ဆိုက္ကားဂိတ္ ကထိန္မွာ သူက သီခ်င္းဆို၊ ဂြမ္းထုပ္ႀကီးက မိန္းမလို ဝတ္ကၿပီး ဆုေငြေတြ ရတဲ့အေၾကာင္း ေျပာလို႔။မ်က္လုံးရဲရဲေတြက….ပြေယာင္းေယာင္းအသားေတြ..ေဖာင္းအစ္အစ္ ပါးကေလးေတြကေတာ့…နာေရးယပ္ေတာင္ကို တျဖတ္ျဖတ္ခတ္ၾက၊ ေဂ့ခနဲ ေလခ်ဥ္တက္ၾကနဲ႔…ခရီးထြက္မယ့္ သူငယ္ခ်င္းတစ္ေယာက္ကို ဝိုင္းဝန္းလိုက္ပို႔ၾကသလို မ်က္ႏွာေပးေတြနဲ႔..။ဂြမ္းထုပ္ အသုဘခ်ခ်ိန္မွာ ဂိတ္မႉးဟာ ေတာက္ေလွ်ာက္ဆီ ဝင္ထြက္လုပ္ခဲ့တာ ရွစ္ႀကိမ္နဲ႔ အမ်ားဆုံး စံခ်ိန္တင္ထားသလို။နန္းက်လူမိုက္ ထြန္းရင္ က ခုႏွစ္ႀကိမ္နဲ႔ ကပ္လိုက္ထားဆဲ။ကားေမာင္းေနတဲ့ ကိုျမင့္ဝင္း ရဲ႕ အၾကည့္က သူ႔ေရွ႕ နာေရးကားမွန္ထဲမွာ ျမင္ေနရတဲ့ အေခါင္းေပၚက ပုဆိုးအကြက္စိတ္ေလးကို ေငးရီ။ကိုစိုး ကေတာ့ မနက္ျဖန္မနက္ အရက္ဆီစပ္တဲ့အခါ ေလးခ်ိဳးတစ္ခ်ိဳးကို လက္စနည္းနည္းေလး ပိုထည့္ရမလားေတြးရင္း..နာေရးယပ္ေတာင္ေပၚက ''ေသသူလည္းေသ ငါလည္းေသမည္'' ဆိုတဲ့ စာသားကို တစ္လုံးခ်င္းလိုက္ဖတ္ရင္း..။

(၂) ''ေတာက္ေလွ်ာက္'' ရဲ႕ ျပကၡဒိန္ေတြက ပုံမွန္ကုန္လ်က္။မေအးေတာ့တဲ့ ေဆာင္းညေနေတြမွာ…ဆိုင္ေနာက္က ျခင္းကြင္းေလးမွာ ျခင္းဆရာက တစ္ဖက္၊ ပန္းတိမ္ဆရာ၊ စိုးျမင့္ေ၀ နဲ႔ ဝက္သတ္သမား ေအာင္ေက်ာ္ဆင့္ က တစ္ဖက္ ျခင္းေတြခတ္ၾက။ယိုင္ထိုးယိုင္ထိုးနဲ႔ လဲက်တဲ့အခါ ပြဲၾကည့္ပရိသတ္ ကားဆရာ ကိုစိုင္း တို႔ အုပ္စုက ရယ္ေမာၾက။ကစားပြဲကို ခဏနားၿပီး အေမာခံဆိုၿပီး ''ေတာက္ေလွ်ာက္'' ထဲ ဝင္ကစ္ၾက။ပြဲ႐ုံကေန ကိုျမင့္ဝင္း တစ္ေရာင္း လာဝင္ေမာ့တဲ့အခါ အားလုံးစုၿပဳံၿပီး အရက္တိုက္ခိုင္းၾက။ပန္းတိမ္ဆရာက ျခင္းေပးၿပီး စိုးျမင့္ေ၀ က ဆာဗင္အထိုး…ျခင္းလုံးဟာ ေျခသလုံးနဲ႔ထိၿပီး ဆိုင္ေခါင္းရင္း ျပတင္းေရွ႕ဆီအေရာက္။လိုက္ေကာက္တဲ့ ျခင္းဆရာဟာ ျပတင္းတံခါးဝကေန ကိုစိုး ရဲ႕ ေကာင္တာကို ၿပဳံးျပလိုက္တဲ့အခါ……..သူ ႐ုတ္တရက္ သတိထားမိလိုက္တာက ဆိုင္ရွင္ ကိုစိုး လက္ထဲက ေလယာဥ္ပ်ံတံဆိပ္ စာအိတ္ကေလး။ျခင္းဆရာဟာ ျခင္းကြင္းဆီ ျပန္လာၿပီး…ျခင္းလုံးကို ပစ္ခ်။ခါးေတာင္းက်ိဳက္ကို ေျဖ၊ ဖိနပ္ကိုစီး..ကိုစိုး ဆိုင္ဆီ အလွမ္း..ေနာက္က လူသိုက္ကလည္း သူ႔ေနာက္ကေန မေျပးယုံတမယ္..လိုက္ၾက။

''ဂိတ္မႉးလား..ကိုစိုး''

ျခင္းဆရာ ခန႔္မွန္းတာက အမွန္။''ေတာက္ေလွ်ာက္'' မွာ ႏွစ္ပတ္ေက်ာ္ၾကာ ပ်က္ကြက္ေနခဲ့သူက အသက္ ၅၄ ႏွစ္အ႐ြယ္.ပိန္ခ်ိခ်ိ၊ ခါးကိုင္းကိုင္း၊ ျဖဴေလ်ာ္ေလ်ာ္ ဂိတ္မႉးေဟာင္း ကိုတင္ေဖ မဟုတ္လား။အေႂကြးစာရင္းမွတ္သည့္ သင္ပုန္းတြင္ ကိုစိုး သြားကပ္လိုက္သည့္ ဖိတ္စာက ဂိတ္မႉး၏ မ်က္ႏွာလို ျဖဴေလ်ာ္ေလ်ာ္။မနက္ျဖန္ ေတာက္ေလွ်ာက္ေရွ႕တြင္ ကိုျမင့္ဝင္း ကား လာထိုးမည္ကေတာ့ ေျပာစရာမလို။ကိုစိုး ၏ စာအိတ္ထဲ ေငြသုံးေထာင္ ရွိမည္ကလည္း ျငင္းစရာမလို။

ေနာက္ ရွစ္လအၾကာမွာ ျခင္းကြင္းေလးထဲ ျခင္းခတ္မည့္သူ မရွိေတာ့။ခ႐ိုင္ ပိုက္ေက်ာ္ျခင္း လက္ေ႐ြးစင္ေဟာင္း ေမာင္ကြင္း၏ နာေရးဖိတ္စာေပၚတြင္ ေငြသုံးေထာင္ထည့္ထားသည့္ စာအိတ္ေလးတစ္ေစာင္။

တစ္ႏွစ္ေက်ာ္..ႏွစ္ႏွစ္။''ေတာက္ေလွ်ာက္'' ၏ ေလးနာရီ ရဲေဘာ္ေဟာင္းမ်ား တျဖဳတ္ျဖဳတ္ေလ်ာ့သြားသလို………….ရဲေဘာ္အသစ္ေတြ တိုးလာသည္ကလည္း တေ႐ြ႕ေ႐ြ႕။ပန္းတိမ္ဆရာက ဘီပိုး၊ ေက်ာ္ေက်ာ္ဆင့္ က ေသြးဝမ္းသြား၊ ထြန္းရင္ ႏွင့္ စိုးျမင့္ေ၀ က အသည္းေျခာက္…။ေတာက္ေလွ်ာက္ကို ႏႈတ္ဆက္ခဲ့ၾကၿပီ။ဆန္းထြန္း ေရဖ်ဥ္းဆြဲခ်ိန္တြင္ ကိုျမင့္ဝင္းအတြက္ ဆိုက္ကားဆရာအသစ္ မွာ ေမာင္ပု။မိသားစုမဲ့ ဆန္းထြန္း၏ ေနာက္ဆုံးခရီးအတြက္ေတာ့ ကိုျမင့္ဝင္း ႏွင့္ နာေရးကူညီမႈအသင္းမွ လြဲၿပီး အျခားမရွိခဲ့။ကိုစိုး ၏ စာအိတ္ကေတာ့ ေျပာစရာကို မလို။

''ရဟန္းဒကာ၊ ဘုရားဒကာ၊ ေက်ာင္းဒကာႀကီး ဦးျမင့္ဝင္း၊ အသက္ (၅၉) ႏွစ္'' ဒီတေခါက္တြင္ေတာ့ ေတာက္ေလွ်ာက္ေရွ႕…လိုက္ထရပ္ကားႀကီး လာမရပ္ေတာ့။ပြဲ႐ုံပိုင္ရွင္…ကားပိုင္ရွင္ႀကီး ကိုယ္တိုင္..၏..ခရီး။ကိုစိုး၏ ညာဘက္လက္တြင္ေတာ့ ေလယာဥ္ပ်ံတံဆိပ္ စာအိတ္ကေလး။

ျပတင္းေပါက္ကို ျခင္းလုံးက ေဒါက္ခနဲ လာအမွန္။''ေတာက္ေလွ်ာက္'' ၏ ရဲေဘာ္သစ္.ပန္းရံဆရာ ထြန္းေအးေမာင္ တို႔ အုပ္စု လက္ျဖင့္ ပုတ္တမ္းကစားရာမွ အရွိန္လြန္လာေသာ ျခင္းလုံး။

စာအိတ္က ကိုစိုး၏ အိတ္ေထာင္ထဲမွာ။ေကာင္တာေအာက္မွာေတာ့..ေနာက္ထပ္ မေဖာက္ရေသးသည့္ ေလယာဥ္ပ်ံစာအိတ္ တစ္ဒါဇင္ပါ ပလပ္စတစ္အိတ္ကေလး။

''ေတာက္ေလွ်ာက္'' သည္ ေဖာက္သည္မ်ားကို ဆင္းရဲခ်မ္းသာ မ်က္ႏွာမလိုက္။အၿမဲတမ္း သုံးေထာင္။ပြဲ႐ုံပိုင္ရွင္ႀကီးလည္း သုံးေထာင္။အားလုံးသုံးေထာင္။ေတာက္ေလွ်ာက္..သုံးေထာင္။

ၿဗိတိသွ်ကိုကိုေမာင္
ဧၿပီ - ၂၈