【 သရော်စာ 】 “ထောင်…မဆူနည်း”

【 သရော်စာ 】 “ထောင်…မဆူနည်း”

အစကတည်းကသာ ထောင်တွေမရှိခဲ့ရင် ဆူစရာ အကြောင်းမရှိ။ထောင်တွေရှိနေလို့သာ ထောင်ဆူတာပေါ့။အဲ့တော့ ထောင်မဆူဖို့ ထောင်တွေကို ရှင်းပစ်ရမယ်။

ပြဿနာက ရှင်းတတ်ရင် လွယ်လွယ်လေးရယ်။အရမ်းဉာဏ်ရည်ထက်မြက်တဲ့ လက်ရှိအစိုးရတောင် စိုပြေ့လောက် မစဉ်းစားတတ်ဘူး။စိုပြေ့လိုသာ စဉ်းစားလိုက်ရင် အစိုးရလည်း အခုလိုအဆဲခံရမှာမဟုတ်။အခုတော့ အချို့က အစိုးရကို ---အသုံးမကျတဲ့ အစိုးရဆိုပြီး ပြောနေကြတယ်။စိုပြေကတော့ မခံနိုင်ပါဘူး။ကိုယ့်အစိုးရကို ဒီလိုမျိုးပြောဟာ နွားကို ကြိမ်နဲ့ရိုက်နေသလို ခံစားရတယ်။အဲ့ဒါကြောင့် ကိုယ်ချစ်တဲ့အစိုးရ အဆဲမခံရအောင် ကူညီရမှာပဲ။

ထောင်ဆူတယ်ဆိုပေမဲ့ တကယ်တော့ ထောင်က ငြိမ်ငြိမ်လေးနေတာ။ထောင်သားတွေက ဆူကြတာ။အော်ကြ၊ ဟစ်ကြတာပေါ့လေ။သိပ်မထူးပါဘူး။အပြင်လောကမှာဆို နေ့တိုင်းဆူနေတာ။လော်စပီသံတွေ၊ ဆန္ဒပြသံတွေ၊ ရွေးကောက်ပွဲနီးရင် မဲဆွယ်သံတွေနဲ့ ဆူနေကြတာ။ထောင်ထဲမှာက တခါတလေပဲ ဆူကြတယ်။ဒါတောင် လော်စပီကာတွေနဲ့ ဆူတာမဟုတ်ဘူး။ဥသြဆွဲရင်တော့ ပိုဆူမှာပေါ့လေ။

ထောင်သားတွေ ဆူမယ်ဆိုရင်လည်း ဆူချင်စရာပဲလေ။ရာသီဥတုကလည်း ပူ။ထောင်တွေက ကြပ်ညပ်။ထောင်ဆံ့တဲ့ ပမာဏထက် နှစ်ဆကျော်များနေတော့ ကြပ်ပြီပေါ့။အဲ့တော့ ပူရတဲ့ကြားထဲ လူတွေကများတော့ တော်တော်စိတ်ညစ်ရမှာ။အပြင်မှာနေတဲ့လူတွေတောင် မီးပြတ်ရင်အော်ကြ။အစိုးရကို ဆဲကြတာ။ထောင်သားတွေလည်း ပူတော့ ဆဲချင်မှာပေါ့။ကိုယ်ချင်းစာကြည့်လေ။အဲကွန်းကမရှိ။လူတွေက ပူးကပ်အိပ်ရ။ပူလောင်အိုက်စက်။စိတ်တွေ ဘယ်လောက်တိုလိုက်မလဲ။

အရင်အစိုးရတွေသာ အမျှော်အမြင်ရှိခဲ့ရင် ထောင်ထဲမှာ အဲကွန်းလေး တပ်ပေးခဲ့သင့်တယ်။ပြီးရင် မီးမှန်မှန်လေးသာပေး။ဒါဆို ထောင်သားတွေ ဘယ်ဆူလိမ့်မလဲ။ပြီးတော့ ဖုန်းလေး ပေးသုံးလိုက်။(အခုက ခိုးသုံးနေရရှာတာ။၆ သောင်းတန်ဖုန်းကို ၅ သိန်းပေးပြီး သုံးရတယ်ဆိုလား) ဒါဆိုရင် လူတွေက ထောင်ထဲကို အလုအယက်တောင် ဝင်ကြဦးမယ်။အပြင်မှာဆို ပူကပူနဲ့။မီတာခကလည်း ဈေးကြီးသေး။အခုတော့ အရင်အစိုးရတွေ ထောင်ထဲမှာ အဲကွန်းမတပ်ပေးခဲ့တာကြောင့် ထောင်ပူ ထောင်ဆူပြီ။ဒါတွေကို အစိုးရအနေနဲ့ ပြန်လည်စဉ်းစားဖို့လိုပြီ။ထောင်တွေ အနာဂတ်ဘာလဲ၊ ဘယ်လဲပေါ့။

အခုဆို သမ္မတကြီးက နှစ်ဆန်းတစ်ရက်နေ့မှာ အရင်သမ္မတတွေကို အားကျပြီး ထောင်သားတွေကို လွှတ်ပေးခဲ့တယ်။ဒါပေမဲ့ ဘယ်လို သတ်မှတ်ချက်နဲ့ ဘယ်လို လွှတ်ပေးလဲ ဘယ်သူမှ မသိဘူး။လွတ်ချင်တဲ့လူက လွတ်သွားတယ်။၁၇ နှစ်ကျတဲ့ မိုးအောင်ရင် လွတ်တယ်။၆ နှစ်လောက်ကျတဲ့အချို့ မလွတ်။၁၇ နှစ် ကျတဲ့လူတောင် လွတ်မှတော့ ၁၀ နှစ် ကျတဲ့လူတွေလည်း နိုင်ငံတော်ကို မျှော်ပြီပေါ့။အဲ့တော့ မလွတ်သူတွေက ဆန္ဒပြ။ဆူပူ။စိတ်နှလုံး နူးညံ့ပျော့ပြောင်းတဲ့ သမ္မတဆိုတော့ ထောင်သားတွေ ဒုက္ခရောက်တာ မခံစားနိုင်ဘူး။ထပ်လွှတ်ပေးတယ်။အဲ့လို လွှတ်ပေးချင်ရင် လွှတ်ပေးမယ်။ကျန်ထောင်သားတွေ ဆူပူသောင်းကျန်းမယ်။ဒါဆို ထပ်လွှတ်ပေးလိုက်မယ်။မပါတဲ့လူတွေက ထပ်ဆူတယ်။ဒါဆို ထပ်လွှတ်ပေးမယ်။မပါရင်ထပ်ဆူ။ထပ်လွှတ်။ထပ်ဆူ။ထပ်လွှတ်...။ဒါဆို ပေရှည်တယ်။တစ်ခါထဲ ထောင်တွေကို ပိတ်လိုက်။ထောင်တွေလည်း ဆူတော့မှာမဟုတ်ဘူး။အစိုးရလည်း စားရိတ်တွေ မကုန်တော့ဘူး။ဝန်ထမ်းလခတွေ မပေးရတော့ဘူး။ထောင်နေရာမှာ အိမ်ခန်းတွေဆောက်ပြီး အိမ်မရှိသူ အိမ်ငှားတွေကို အလကားပေးနေလို့တောင်ရသေး။ရန်ကုန်က အိမ်ငှားတွေကို ထောင်နေရာဟောင်းမှာ နေရာပေးလိုက်။ပြီးရင် နိုင်ငံခြားအစိုးရနဲ့ ချိတ်။နယ်သာလန်တို့ နော်ဝေတို့မှာ ထောင်တွေက လူမရှိဘူးကြားတယ်။ထောင်လွတ်တွေတဲ့။အဲ့ထောင်တွေကို နှစ်ရှည်ငှားလိုက်။ပြီးရင် မြန်မာပြည်က ထောင်ကျတဲ့လူတွေကို အဲ့ကိုပို့။ဒါဆို မြန်မာပြည်မှာ ထောင်မဆူတော့ဘူး။အခြားနိုင်ငံမှာပဲ ဆူလိမ့်မယ်။ထောင်ကျရင် နိုင်ငံခြားသွားရမယ်ဆိုရင် မှုခင်းတွေ ပိုများလာရင်တော့ စိုပြေနဲ့ မဆိုင်။

အဲ့လိုမှ မဟုတ်ရင်တော့....။ထောင်ဥပဒေကိုပြင်။ထောင်သားတွေကို အဲကွန်းနဲ့ထား။ဖုန်းတွေ အင်တာနက်တွေ ဖရီးပေးထားလိုက်။ထောင်ထဲမှာ ဘီယာဆိုင်ဖွင့်ပေး။ဂိမ်းဆိုင်တွေလည်း ဖွင့်ချင်ဖွင့်ပေါ့လေ။ပြီးရင် ရန်ကုန်အနှံ့ လျှောက်ဖွင့်နေတဲ့ စတိုးဆိုင်လေးကိုလည်း ထောင်ထဲမှာ ဖွင့်ပေးလိုက်။အဲ့ဆိုင်မှာ အရက်ဘီယာကို တစ်ညလုံးတော့ ဝယ်လို့ရပစေပေါ့။အပြင်မှာက ဆယ်နာရီကျော်ရင် ဝယ်မရချင်တော့ဘူး။အထာသိမှ ဝယ်လို့ရတယ်။ထောင်သားအိပ်ခန်းတွေကိုလည်း ဟိုတယ်တွေကို ကန်ထရိုက်ပေးလိုက်။ဟိုတယ်ဝန်ထမ်းတွေက အခန်းကို နေ့တိုင်းရှင်းပေးပေါ့။ဒါဆိုရင်တော့ ထောင်က နေပျော်စရာကောင်းမှာပဲ။ဒါဆို ဘယ်သူဆူတော့မလဲ....။ဆူရင် ဆူတဲ့ကောင်ကို ထောင်ပြင်ပို့လိုက်။ထောင်ပြင်ထွက်ရမှာ ကြောက်နေကြတော့မှာ....။အဲ့တော့ ထောင်တွေကို နိုင်ငံခြားရွှေ့မလား။အဲကွန်းတပ်မလား...။သမ္မတကြီး တစ်ခုခုစဉ်းစားပေါ့။ငယ်တော့တဲ့ အရွယ်လည်းမှ မဟုတ်တာ....။

စိုပြေ
မေ - ၁၂

( Zawgyi )

အစကတည္းကသာ ေထာင္ေတြမရွိခဲ့ရင္ ဆူစရာ အေၾကာင္းမရွိ။ေထာင္ေတြရွိေနလို႔သာ ေထာင္ဆူတာေပါ့။အဲ့ေတာ့ ေထာင္မဆူဖို႔ ေထာင္ေတြကို ရွင္းပစ္ရမယ္။

ျပႆနာက ရွင္းတတ္ရင္ လြယ္လြယ္ေလးရယ္။အရမ္းဉာဏ္ရည္ထက္ျမက္တဲ့ လက္ရွိအစိုးရေတာင္ စိုေျပ့ေလာက္ မစဥ္းစားတတ္ဘူး။စိုေျပ့လိုသာ စဥ္းစားလိုက္ရင္ အစိုးရလည္း အခုလိုအဆဲခံရမွာမဟုတ္။အခုေတာ့ အခ်ိဳ႕က အစိုးရကို ---အသုံးမက်တဲ့ အစိုးရဆိုၿပီး ေျပာေနၾကတယ္။စိုေျပကေတာ့ မခံႏိုင္ပါဘူး။ကိုယ့္အစိုးရကို ဒီလိုမ်ိဳးေျပာဟာ ႏြားကို ႀကိမ္နဲ႔႐ိုက္ေနသလို ခံစားရတယ္။အဲ့ဒါေၾကာင့္ ကိုယ္ခ်စ္တဲ့အစိုးရ အဆဲမခံရေအာင္ ကူညီရမွာပဲ။

ေထာင္ဆူတယ္ဆိုေပမဲ့ တကယ္ေတာ့ ေထာင္က ၿငိမ္ၿငိမ္ေလးေနတာ။ေထာင္သားေတြက ဆူၾကတာ။ေအာ္ၾက၊ ဟစ္ၾကတာေပါ့ေလ။သိပ္မထူးပါဘူး။အျပင္ေလာကမွာဆို ေန႔တိုင္းဆူေနတာ။ေလာ္စပီသံေတြ၊ ဆႏၵျပသံေတြ၊ ေ႐ြးေကာက္ပြဲနီးရင္ မဲဆြယ္သံေတြနဲ႔ ဆူေနၾကတာ။ေထာင္ထဲမွာက တခါတေလပဲ ဆူၾကတယ္။ဒါေတာင္ ေလာ္စပီကာေတြနဲ႔ ဆူတာမဟုတ္ဘူး။ဥၾသဆြဲရင္ေတာ့ ပိုဆူမွာေပါ့ေလ။

ေထာင္သားေတြ ဆူမယ္ဆိုရင္လည္း ဆူခ်င္စရာပဲေလ။ရာသီဥတုကလည္း ပူ။ေထာင္ေတြက ၾကပ္ညပ္။ေထာင္ဆံ့တဲ့ ပမာဏထက္ ႏွစ္ဆေက်ာ္မ်ားေနေတာ့ ၾကပ္ၿပီေပါ့။အဲ့ေတာ့ ပူရတဲ့ၾကားထဲ လူေတြကမ်ားေတာ့ ေတာ္ေတာ္စိတ္ညစ္ရမွာ။အျပင္မွာေနတဲ့လူေတြေတာင္ မီးျပတ္ရင္ေအာ္ၾက။အစိုးရကို ဆဲၾကတာ။ေထာင္သားေတြလည္း ပူေတာ့ ဆဲခ်င္မွာေပါ့။ကိုယ္ခ်င္းစာၾကည့္ေလ။အဲကြန္းကမရွိ။လူေတြက ပူးကပ္အိပ္ရ။ပူေလာင္အိုက္စက္။စိတ္ေတြ ဘယ္ေလာက္တိုလိုက္မလဲ။

အရင္အစိုးရေတြသာ အေမွ်ာ္အျမင္ရွိခဲ့ရင္ ေထာင္ထဲမွာ အဲကြန္းေလး တပ္ေပးခဲ့သင့္တယ္။ၿပီးရင္ မီးမွန္မွန္ေလးသာေပး။ဒါဆို ေထာင္သားေတြ ဘယ္ဆူလိမ့္မလဲ။ၿပီးေတာ့ ဖုန္းေလး ေပးသုံးလိုက္။(အခုက ခိုးသုံးေနရရွာတာ။၆ ေသာင္းတန္ဖုန္းကို ၅ သိန္းေပးၿပီး သုံးရတယ္ဆိုလား) ဒါဆိုရင္ လူေတြက ေထာင္ထဲကို အလုအယက္ေတာင္ ဝင္ၾကဦးမယ္။အျပင္မွာဆို ပူကပူနဲ႔။မီတာခကလည္း ေဈးႀကီးေသး။အခုေတာ့ အရင္အစိုးရေတြ ေထာင္ထဲမွာ အဲကြန္းမတပ္ေပးခဲ့တာေၾကာင့္ ေထာင္ပူ ေထာင္ဆူၿပီ။ဒါေတြကို အစိုးရအေနနဲ႔ ျပန္လည္စဥ္းစားဖို႔လိုၿပီ။ေထာင္ေတြ အနာဂတ္ဘာလဲ၊ ဘယ္လဲေပါ့။

အခုဆို သမၼတႀကီးက ႏွစ္ဆန္းတစ္ရက္ေန႔မွာ အရင္သမၼတေတြကို အားက်ၿပီး ေထာင္သားေတြကို လႊတ္ေပးခဲ့တယ္။ဒါေပမဲ့ ဘယ္လို သတ္မွတ္ခ်က္နဲ႔ ဘယ္လို လႊတ္ေပးလဲ ဘယ္သူမွ မသိဘူး။လြတ္ခ်င္တဲ့လူက လြတ္သြားတယ္။၁၇ ႏွစ္က်တဲ့ မိုးေအာင္ရင္ လြတ္တယ္။၆ ႏွစ္ေလာက္က်တဲ့အခ်ိဳ႕ မလြတ္။၁၇ ႏွစ္ က်တဲ့လူေတာင္ လြတ္မွေတာ့ ၁၀ ႏွစ္ က်တဲ့လူေတြလည္း ႏိုင္ငံေတာ္ကို ေမွ်ာ္ၿပီေပါ့။အဲ့ေတာ့ မလြတ္သူေတြက ဆႏၵျပ။ဆူပူ။စိတ္ႏွလုံး ႏူးညံ့ေပ်ာ့ေျပာင္းတဲ့ သမၼတဆိုေတာ့ ေထာင္သားေတြ ဒုကၡေရာက္တာ မခံစားႏိုင္ဘူး။ထပ္လႊတ္ေပးတယ္။အဲ့လို လႊတ္ေပးခ်င္ရင္ လႊတ္ေပးမယ္။က်န္ေထာင္သားေတြ ဆူပူေသာင္းက်န္းမယ္။ဒါဆို ထပ္လႊတ္ေပးလိုက္မယ္။မပါတဲ့လူေတြက ထပ္ဆူတယ္။ဒါဆို ထပ္လႊတ္ေပးမယ္။မပါရင္ထပ္ဆူ။ထပ္လႊတ္။ထပ္ဆူ။ထပ္လႊတ္...။ဒါဆို ေပရွည္တယ္။တစ္ခါထဲ ေထာင္ေတြကို ပိတ္လိုက္။ေထာင္ေတြလည္း ဆူေတာ့မွာမဟုတ္ဘူး။အစိုးရလည္း စားရိတ္ေတြ မကုန္ေတာ့ဘူး။ဝန္ထမ္းလခေတြ မေပးရေတာ့ဘူး။ေထာင္ေနရာမွာ အိမ္ခန္းေတြေဆာက္ၿပီး အိမ္မရွိသူ အိမ္ငွားေတြကို အလကားေပးေနလို႔ေတာင္ရေသး။ရန္ကုန္က အိမ္ငွားေတြကို ေထာင္ေနရာေဟာင္းမွာ ေနရာေပးလိုက္။ၿပီးရင္ ႏိုင္ငံျခားအစိုးရနဲ႔ ခ်ိတ္။နယ္သာလန္တို႔ ေနာ္ေဝတို႔မွာ ေထာင္ေတြက လူမရွိဘူးၾကားတယ္။ေထာင္လြတ္ေတြတဲ့။အဲ့ေထာင္ေတြကို ႏွစ္ရွည္ငွားလိုက္။ၿပီးရင္ ျမန္မာျပည္က ေထာင္က်တဲ့လူေတြကို အဲ့ကိုပို႔။ဒါဆို ျမန္မာျပည္မွာ ေထာင္မဆူေတာ့ဘူး။အျခားႏိုင္ငံမွာပဲ ဆူလိမ့္မယ္။ေထာင္က်ရင္ ႏိုင္ငံျခားသြားရမယ္ဆိုရင္ မႈခင္းေတြ ပိုမ်ားလာရင္ေတာ့ စိုေျပနဲ႔ မဆိုင္။

အဲ့လိုမွ မဟုတ္ရင္ေတာ့....။ေထာင္ဥပေဒကိုျပင္။ေထာင္သားေတြကို အဲကြန္းနဲ႔ထား။ဖုန္းေတြ အင္တာနက္ေတြ ဖရီးေပးထားလိုက္။ေထာင္ထဲမွာ ဘီယာဆိုင္ဖြင့္ေပး။ဂိမ္းဆိုင္ေတြလည္း ဖြင့္ခ်င္ဖြင့္ေပါ့ေလ။ၿပီးရင္ ရန္ကုန္အႏွံ႔ ေလွ်ာက္ဖြင့္ေနတဲ့ စတိုးဆိုင္ေလးကိုလည္း ေထာင္ထဲမွာ ဖြင့္ေပးလိုက္။အဲ့ဆိုင္မွာ အရက္ဘီယာကို တစ္ညလုံးေတာ့ ဝယ္လို႔ရပေစေပါ့။အျပင္မွာက ဆယ္နာရီေက်ာ္ရင္ ဝယ္မရခ်င္ေတာ့ဘူး။အထာသိမွ ဝယ္လို႔ရတယ္။ေထာင္သားအိပ္ခန္းေတြကိုလည္း ဟိုတယ္ေတြကို ကန္ထ႐ိုက္ေပးလိုက္။ဟိုတယ္ဝန္ထမ္းေတြက အခန္းကို ေန႔တိုင္းရွင္းေပးေပါ့။ဒါဆိုရင္ေတာ့ ေထာင္က ေနေပ်ာ္စရာေကာင္းမွာပဲ။ဒါဆို ဘယ္သူဆူေတာ့မလဲ....။ဆူရင္ ဆူတဲ့ေကာင္ကို ေထာင္ျပင္ပို႔လိုက္။ေထာင္ျပင္ထြက္ရမွာ ေၾကာက္ေနၾကေတာ့မွာ....။အဲ့ေတာ့ ေထာင္ေတြကို ႏိုင္ငံျခားေ႐ႊ႕မလား။အဲကြန္းတပ္မလား...။သမၼတႀကီး တစ္ခုခုစဥ္းစားေပါ့။ငယ္ေတာ့တဲ့ အ႐ြယ္လည္းမွ မဟုတ္တာ....။

စိုေျပ
ေမ - ၁၂