【 သရော်စာ 】 “ဖုဒ်ဘောက်ထဲ မောင်ကိုမထားခဲ့နဲ့လေ”

【 သရော်စာ 】 “ဖုဒ်ဘောက်ထဲ  မောင်ကိုမထားခဲ့နဲ့လေ”

ဘာတွေ ဖြစ်နေကြတာလဲ။တစ်လောကလုံး ဗြောင်းသတ်နေကြတာ။ပေးတဲ့ သူနဲ့ ယူတဲ့ သူကြား ဖြစ်နေကြတာ..။ငိုသူငို ..။ယိုသူယို..။
ဖြစ်မှာပေါ့။လူတွေက အဆန်းထွင်တာလေ။
တစ်ကယ်က စဉ်းစားသင့်တာ။
မြန်မာဆိုတာ ကမ္ဘာပေါ်မှာ ဆင်းရဲတဲ့အထဲ ရှေ့ဆုံးက။
ဒီမှာက လူတွေတစ်ခုမဟုတ်တစ်ခု အမြဲလိုနေတာ..။
ဘာလိုအပ်လဲ .. ဟုတ်လား..။ နေရာ..ငွေ..အစားအစာ…အဖော်…ဘာညာဘာညာ..။
အလကားရမယ်ဆို  ဆင်တောင် သက်စေ့လိုချင်ကြတာ..။ဒီလို ကိုး။။
အခုယူတာက ရေသန်ဗူးလေး၊ အအေးဗူးလေး ..။ပေါင်မုန်ထုပ်လေး..။
ဒီလောက်က ဆင်ပါးစပ် နှမ်းပက်သလောက်ပဲ..။ စာကိုမဖွဲ့တာ။ လှူတာမကုန်ချင်ဘူးလား ဒါဆို ..မှန်ပုံးထဲ ထည့်ပြီး သောခတ်ထားလေ..။  ဒါမှ မကုန်မှာ..။ မကုန်ချင် ဘဘတွေကို အတုယူ..။
ဟုတ်တယ်လေ.. ဘဘတွေက မြန်မာတွေအထာကိုနပ်တယ်။

ဒါကြောင့် ကုန်မှာစိုးလို့ ဘဘတွေက မြန်မာပြည်မှာ  မြေတွေ ယာတွေ သိမ်းထားတာ။
ဒီလိုဘဘတွေလောက် အထာမပေါက်ဘဲ မြန်မာပြည်မှာ လာလှူချင်နေတာ …ရူးတောင်သွားဦးမယ်..။
ဒါကြောင့်ပြောတာ..
မြန်မာပြည်မှာ အပေါဆုံးက အချောင်သမား။
ဆင်းရဲသားမဟုတ်ဘူး။
ဒါမသိဘဲ စေတနာဗရဗွနဲ့ စေတနာ ရေစီးကမ်းသောင်ပြိုပြီး အလကားယူခွင့်ပေးတော့  အချောင်သမားတွေ ပွဲတော်တွေ့ပြီပေါ့….။
တကယ်က  ကွီးဖြိုး ကျူးကျော်တွေကို စမတ်ကတ်လုပ်ပေးသလို  ဆင်းရဲသားဖြစ်ကြောင်း ကတ်ထုတ်ပေးပြီးမှ ဖုဘောက်စ်လုပ်သင့်တာ..။
ဟုတ်တယ်လေ..။ ဖုဘောက်စ်ထဲက လာယူရင် ဆင်းရဲသားဖြစ်ကြောင်း ကတ်ကိုပြ..။ ကတ်ပါမှ ယူခွင့်ပေး..။
မပါရင်ဂျောင်း..။
ဟိုတုန်းကလို သမစာအုပ်နဲ့ ဆန်ပေးသလိုပေါ့…။
ဘာပြောတာလဲ ဟုတ်လား…။
ဖုဒ်ဘောက်စ် ကိစ္စုလေ..။
ဟုတ်တယ် ဖုဒ်ဘောက်စ်။

ဖုဒ်ဘောက်ထဲက အစားအသောက်တွေ ခဏလေးကုန်လို့ ပြဿနာတက်နေတာ။ လှူတဲ့ သူတွေက သူတို့လှူတာ မကုန်စေချင်တာ..။
ဘာလဲ လှူတာလား.. ကြွားချင်တာလား..။သိပါဘူးဗျာ..။လှူတာလား ကြွားသလားဆိုတာ..။
မကုန်ချင် သော့ခတ်ထား..ဟုတ်လား..။
ဒါလည်းဟုတ်တာပဲ..။ လိုတိုင်းရတဲ့ ပဒေသာပင်တောင် ပျောက်ပါတယ်ဆိုကတည်းက သဘောပေါက်သင့်တာ.။
တကယ်တော့ ဖုဒ်ဘောက်စ်ဆိုတာ ဒီမှာသာ အဆန်းတကြယ် ဖြစ်နေတာ …။
တခြားနိုင်ငံမှာတော့  ဒါအဆန်းမဟုတ်ဘူး။
သူတို့မှာက ဆင်းရဲတဲ့သူတွေက သိပ်နည်းတယ်လေ..။
ဆင်းရဲလို့ တောင်စားတာ ရှိလှ တစ်မြို့မှာ တစ်ယောက်နှစ်ယောက်ပေါ့ ..။
ဟိုမှာက အလုပ်မရှိရင် အစိုးရကထောက်တယ်။ ဘယ်သူမှလည်း အစိုးရထောက်ပံ့တာကို ကြာရှည်မယူဘူး။

ဒီမှာလား….။ အဲဒီလိုလုပ်ကြည့် အစိုးရတောင် စမုံတုန်းသွားနိုင်တယ်။
 ဒီမှာက အလုပ်ကိုမလုပ်ချင်တာ…။ ဟုတ်တယ်လေ … လမ်းလေးလျှောက် ဟိုအော် ဒီအော် တစ်သောင်းတစ်သောင်းခွဲ ရနေတာ …ဘာလုပ်စရာလိုလဲ …။
အချောင်သမား ကြည့်ချင်လို့ ဟုတ်လား…။
ရန်ကုန်ကို လာခဲ့..။ ဆန္ဒပြပွဲတွေ လိုက်ကြည့် …။
ခေါင်းစဉ်သာပြောင်းတာ ..။ ဘယ်အစိုးရတက်တက် ဒီလူတွေပဲ ဆန္ဒပြတာ ။ ဒါကြောင့် အချောင်သမားကြည့်ချင်ရင်  သူတို့ ကို သွားကြည့်..။
ဘာ ယုံကြည်ချက်နဲ့ပြတာ..။ဟုတ်လား…။
သူတို့ အနေချောင်ဖို့ ယုံကြည်ချက်လား..။
ဒါကြောင့်ပြောတာ..။

ဖုဒ်ဘောက်ထားကတည်းက မှားနေတာ။ အလကားဆိုကတည်းက လူတွေ တအုံးအုံးစည်ပြီပေါ့..။
ဒီတော့  ထည့်သလောက် ဘယ်လောက်မလဲ..။
တစ်ကယ်က  ဆင်းရတဲ့သူဆိုတာ မရှိလို့သာ ယူတာ… မာနရှိတယ်..။
ယူရင် လိုသလောက်ဘဲယူတယ်လေ။
ဒီမှာက ဆင်းရဲတဲ့သူထက် မရှိတဲ့သူ ပိုပေါတယ်..။ ဒါကြောင့် ထည့်သလောက် မလောက်တာ..။
လှူလဲ လှူချင်တယ်..ကုန်လည်မကုန်ချင်ဘူးဟုတ်လား…။
ဒါဆို နတ်ဆိုး အကြံပေးမယ်…။

မြန်မာပြည်မှာ ဘယ်လောက်ထားထား မကုန်တဲ့ ပစ္စည်း၊ မယူတဲ့ ပစ္စည်း မခိုးတဲ့ ပစ္စည်းဆိုလို့ ဟိုဘဘတွေနဲ့ ဟိုလူရွှင်တော်အဖွဲ့နဲ့ အောက်ခြေလွတ်သွားတဲ့ လွှတ်တော်ထဲက ကိုကိုမမတွေဘဲ ရှိတယ်..။

ဖုဒ်ဘောက်ထဲ ဒီလူတွေသာထည့်ထား စိတ်သာချ မကုန်စေရဘူး။
လင်ဆိုး မယားဆိုး လာထည့်ထားရင်တောင်  ယူချင် ယူကြဦးမယ်…
ဒီလူတွေဆို အော့ကြောကိုလန်လို့ ..။
သေသာသွားရော ဘယ်သူမှလဲ  မှန်ပုံးတံခါး လာဖွင့်ကျမှာ မဟုတ်ဘူး..။
ကဲ.. အေးရော..။

                                                          နတ်ဆိုး

(  Zawgyi )

 ဘာေတြ ျဖစ္ေနၾကတာလဲ။တစ္ေလာကလုံး ေျဗာင္းသတ္ေနၾကတာ။ေပးတဲ့ သူနဲ႔ ယူတဲ့ သူၾကား ျဖစ္ေနၾကတာ..။ငိုသူငို ..။ယိုသူယို..။
ျဖစ္မွာေပါ့။လူေတြက အဆန္းထြင္တာေလ။
တစ္ကယ္က စဥ္းစားသင့္တာ။
ျမန္မာဆိုတာ ကမာၻေပၚမွာ ဆင္းရဲတဲ့အထဲ ေရွ႕ဆုံးက။
ဒီမွာက လူေတြတစ္ခုမဟုတ္တစ္ခု အၿမဲလိုေနတာ..။
ဘာလိုအပ္လဲ .. ဟုတ္လား..။ ေနရာ..ေငြ..အစားအစာ…အေဖာ္…ဘာညာဘာညာ..။
အလကားရမယ္ဆို  ဆင္ေတာင္ သက္ေစ့လိုခ်င္ၾကတာ..။ဒီလို ကိုး။။
အခုယူတာက ေရသန္ဗူးေလး၊ အေအးဗူးေလး ..။ေပါင္မုန္ထုပ္ေလး..။
ဒီေလာက္က ဆင္ပါးစပ္ ႏွမ္းပက္သေလာက္ပဲ..။ စာကိုမဖြဲ႕တာ။ လႉတာမကုန္ခ်င္ဘူးလား ဒါဆို ..မွန္ပုံးထဲ ထည့္ၿပီး ေသာခတ္ထားေလ..။  ဒါမွ မကုန္မွာ..။ မကုန္ခ်င္ ဘဘေတြကို အတုယူ..။
ဟုတ္တယ္ေလ.. ဘဘေတြက ျမန္မာေတြအထာကိုနပ္တယ္။

ဒါေၾကာင့္ ကုန္မွာစိုးလို႔ ဘဘေတြက ျမန္မာျပည္မွာ  ေျမေတြ ယာေတြ သိမ္းထားတာ။
ဒီလိုဘဘေတြေလာက္ အထာမေပါက္ဘဲ ျမန္မာျပည္မွာ လာလႉခ်င္ေနတာ …႐ူးေတာင္သြားဦးမယ္..။
ဒါေၾကာင့္ေျပာတာ..
ျမန္မာျပည္မွာ အေပါဆုံးက အေခ်ာင္သမား။
ဆင္းရဲသားမဟုတ္ဘူး။
ဒါမသိဘဲ ေစတနာဗရဗြနဲ႔ ေစတနာ ေရစီးကမ္းေသာင္ၿပိဳၿပီး အလကားယူခြင့္ေပးေတာ့  အေခ်ာင္သမားေတြ ပြဲေတာ္ေတြ႕ၿပီေပါ့….။
တကယ္က  ကြီးၿဖိဳး က်ဴးေက်ာ္ေတြကို စမတ္ကတ္လုပ္ေပးသလို  ဆင္းရဲသားျဖစ္ေၾကာင္း ကတ္ထုတ္ေပးၿပီးမွ ဖုေဘာက္စ္လုပ္သင့္တာ..။
ဟုတ္တယ္ေလ..။ ဖုေဘာက္စ္ထဲက လာယူရင္ ဆင္းရဲသားျဖစ္ေၾကာင္း ကတ္ကိုျပ..။ ကတ္ပါမွ ယူခြင့္ေပး..။
မပါရင္ေဂ်ာင္း..။
ဟိုတုန္းကလို သမစာအုပ္နဲ႔ ဆန္ေပးသလိုေပါ့…။
ဘာေျပာတာလဲ ဟုတ္လား…။
ဖုဒ္ေဘာက္စ္ ကိစၥဳေလ..။
ဟုတ္တယ္ ဖုဒ္ေဘာက္စ္။

ဖုဒ္ေဘာက္ထဲက အစားအေသာက္ေတြ ခဏေလးကုန္လို႔ ျပႆနာတက္ေနတာ။ လႉတဲ့ သူေတြက သူတို႔လႉတာ မကုန္ေစခ်င္တာ..။
ဘာလဲ လႉတာလား.. ႂကြားခ်င္တာလား..။သိပါဘူးဗ်ာ..။လႉတာလား ႂကြားသလားဆိုတာ..။
မကုန္ခ်င္ ေသာ့ခတ္ထား..ဟုတ္လား..။
ဒါလည္းဟုတ္တာပဲ..။ လိုတိုင္းရတဲ့ ပေဒသာပင္ေတာင္ ေပ်ာက္ပါတယ္ဆိုကတည္းက သေဘာေပါက္သင့္တာ.။
တကယ္ေတာ့ ဖုဒ္ေဘာက္စ္ဆိုတာ ဒီမွာသာ အဆန္းတၾကယ္ ျဖစ္ေနတာ …။
တျခားႏိုင္ငံမွာေတာ့  ဒါအဆန္းမဟုတ္ဘူး။
သူတို႔မွာက ဆင္းရဲတဲ့သူေတြက သိပ္နည္းတယ္ေလ..။
ဆင္းရဲလို႔ ေတာင္စားတာ ရွိလွ တစ္ၿမိဳ႕မွာ တစ္ေယာက္ႏွစ္ေယာက္ေပါ့ ..။
ဟိုမွာက အလုပ္မရွိရင္ အစိုးရကေထာက္တယ္။ ဘယ္သူမွလည္း အစိုးရေထာက္ပံ့တာကို ၾကာရွည္မယူဘူး။

ဒီမွာလား….။ အဲဒီလိုလုပ္ၾကည့္ အစိုးရေတာင္ စမုံတုန္းသြားႏိုင္တယ္။
 ဒီမွာက အလုပ္ကိုမလုပ္ခ်င္တာ…။ ဟုတ္တယ္ေလ … လမ္းေလးေလွ်ာက္ ဟိုေအာ္ ဒီေအာ္ တစ္ေသာင္းတစ္ေသာင္းခြဲ ရေနတာ …ဘာလုပ္စရာလိုလဲ …။
အေခ်ာင္သမား ၾကည့္ခ်င္လို႔ ဟုတ္လား…။
ရန္ကုန္ကို လာခဲ့..။ ဆႏၵျပပြဲေတြ လိုက္ၾကည့္ …။
ေခါင္းစဥ္သာေျပာင္းတာ ..။ ဘယ္အစိုးရတက္တက္ ဒီလူေတြပဲ ဆႏၵျပတာ ။ ဒါေၾကာင့္ အေခ်ာင္သမားၾကည့္ခ်င္ရင္  သူတို႔ ကို သြားၾကည့္..။
ဘာ ယုံၾကည္ခ်က္နဲ႔ျပတာ..။ဟုတ္လား…။
သူတို႔ အေနေခ်ာင္ဖို႔ ယုံၾကည္ခ်က္လား..။
ဒါေၾကာင့္ေျပာတာ..။

ဖုဒ္ေဘာက္ထားကတည္းက မွားေနတာ။ အလကားဆိုကတည္းက လူေတြ တအုံးအုံးစည္ၿပီေပါ့..။
ဒီေတာ့  ထည့္သေလာက္ ဘယ္ေလာက္မလဲ..။
တစ္ကယ္က  ဆင္းရတဲ့သူဆိုတာ မရွိလို႔သာ ယူတာ… မာနရွိတယ္..။
ယူရင္ လိုသေလာက္ဘဲယူတယ္ေလ။
ဒီမွာက ဆင္းရဲတဲ့သူထက္ မရွိတဲ့သူ ပိုေပါတယ္..။ ဒါေၾကာင့္ ထည့္သေလာက္ မေလာက္တာ..။
လႉလဲ လႉခ်င္တယ္..ကုန္လည္မကုန္ခ်င္ဘူးဟုတ္လား…။
ဒါဆို နတ္ဆိုး အႀကံေပးမယ္…။

ျမန္မာျပည္မွာ ဘယ္ေလာက္ထားထား မကုန္တဲ့ ပစၥည္း၊ မယူတဲ့ ပစၥည္း မခိုးတဲ့ ပစၥည္းဆိုလို႔ ဟိုဘဘေတြနဲ႔ ဟိုလူ႐ႊင္ေတာ္အဖြဲ႕နဲ႔ ေအာက္ေျခလြတ္သြားတဲ့ လႊတ္ေတာ္ထဲက ကိုကိုမမေတြဘဲ ရွိတယ္..။

ဖုဒ္ေဘာက္ထဲ ဒီလူေတြသာထည့္ထား စိတ္သာခ် မကုန္ေစရဘူး။
လင္ဆိုး မယားဆိုး လာထည့္ထားရင္ေတာင္  ယူခ်င္ ယူၾကဦးမယ္…
ဒီလူေတြဆို ေအာ့ေၾကာကိုလန္လို႔ ..။
ေသသာသြားေရာ ဘယ္သူမွလဲ  မွန္ပုံးတံခါး လာဖြင့္က်မွာ မဟုတ္ဘူး..။
ကဲ.. ေအးေရာ..။

                                                          နတ္ဆိုး