【 သရော်စာ 】 “ရန်ကုန်မြို့ကို ပြောင်းပြန်လှန်ဖို့ နတ်ဆိုးကို မဲပေးစို့ ”

【 သရော်စာ 】 “ရန်ကုန်မြို့ကို ပြောင်းပြန်လှန်ဖို့ နတ်ဆိုးကို မဲပေးစို့ ”

နတ်ဆိုးက လူလောကမှာ ခေသူတော့မဟုတ်။
တစ်ခါလား နှစ်ခါလားမသိ  ကိုရီးယားမင်းသား နဲ့ တူတယ်လို့ ပြောခံရဘူးသည်။ အဲဒီလို အပြောခံရ တုန်းက ကိုယ်လဲမူး၊သူလဲမူးနေတော့ မှတ်ထားရကောင်းမှန်းမသိတော့..။သိပ်လဲ မှတ်မှတ်ရရမထား..။
သိပ်လဲ ဘဝင်က မမြင့်တတ်တော့..။
 တကယ်က  နတ်ဆိုးရုပ်က ဗီယက်နမ် ဂိုးသမားရုပ် …။  
ကွယ်ရာရော ၊ ပေါ်တင်ရော ..သူတို့က ဗီယက်နမ်ဂိုးသမားလို့ခေါ်သည်။
ဗီယက်နမ်ဆိုလို အခုဗီယက်နမ် ဂိုးသမားတော့ မဟုတ်။ အောင်ကျော်ကျော်တို့ ခေတ်က ဗီယက်နမ် ဂိုးသမား မျက်နှာခွက်ခွက် ပြားပြားကြီးကိုပြောတာ..။
ဒီကတည်းက ဒီတစ်သက် ကိုယ်ရုပ်နဲ့ လုပ်မစားတော့ဘူးလို့ ဆုံးဖြတ်ချက်ချပြီးသား။
အခုတော့ အလုပ်တစ်ခုလုပ်တော့မှာမို့ ဒီရုပ်ကို အများသိအောင် ပြရတော့မည်။ ဘာအလုပ်လဲဆို ..စည်ပင်အလုပ်……။
စည်ပင်ဆိုလို နှာခေါင်းရှုံသွားပြီလား…။
မိတ်ဆွေ သင်အထင်မသေးလင့်….။စည်ပင်လည်း စည်ပင်အလျှောက် ဂုဏ်ရှိသည်။ စည်ပင်ဆိုတာ အစိုးရအလုပ်..။အစိုးရအလုပ်ဆိုတာ ယခင်တုန်းက လုပ်ရင် လုပ်သလောက် နပ်ရင် နပ်သလောက် အကျိုးရှိတဲ့ အလုပ်မျိုး…..။
အခုသူဌေးဆိုတာမျိုးတွေက အစိုးရလခစားလုပ်ရင်း သူဌေးဖြစ်သွားကြတဲ့ သူတွေ။
သွားကြည့်  ဒုနဲ့ဒေး။

ဒီလိုဆိုတော့ ခိုးတယ် ဖွက်တယ် ထင်ဦးမည်။ တစ်ကယ်တော့ ဒီလိုဆိုတာမဟုတ်..။ ပေးတာကမ်း တာကို ချွေတာစုဆောင်းရင်း  သူဌေးလောင်း ဆိုလား။ ဒီနည်းနဲ့ သူဌေးဖြစ်လာတာ။
တစ်ခါတစ်လေတော့ ရုတ်ချည်း မိဘက ငေါက်ကနဲ့သေ၊ ချမ်းသာတဲ့အဖွားတွေ ရုတ်ချည်း ပေါ်လာပြီး အမွေတွေ နင်းကန်ရပြီး အမွေပေးသူတွေ ဘယ်ပျောက်လို့ ပျောက်မှန်းမသိတဲ့ ချမ်းသာလာတာ မျိုးနဲ့ ချမ်းသာလာတာမျိုးလည်း ရှိသည်။
ဒါမှမဟုတ် သိန်းတစ်သောင်းထီတွေ တစ်နှစ်လုံးပေါက် ။ဒီလိုနည်းနဲ့ သမာအာဇီ၀ ကျကျ ချမ်းသာလာ တာမျိုးလည်း ရှိသည်..။
တစ်ယောက်နဲ့ တစ်ယောက်  ချမ်းသာပုံ ချမ်းသာတချင်းတော့ ကွာတာပေါ့ ။ လည်ရင်လည် သလို နပ်ရင် နပ်သလို..ချမ်းသာတာတွေက အမျိုးမျိုး ဇာတ်လမ်းတွေလည်း ဖြစ်နိုင်သည်။
 အဲလေ.. ပြောရင်း ခြောက်ပူးတွေ ငြိကုန်ပြီ။
“မထူးပါဘူး ဟုတ်တာပြောတာပဲ..မခံနိင် လဲသေပေါ့..”

ဒီတော့ အစိုးရအလုပ်ဆို နတ်ဆိုးက စိတ်ကိုမဝင်စား။စဉ်းစားကြည့်လေ ကိုယ်အလှည်ကျမှ ခိုးမရ……အဲလေ လုပ်မရဘဲ မုန့်ဝေတာမကြုံ တုတ်ဝေတာကြုံရင်အခက် ….။
ဒီတော့ နတ်ဆိုး အစိုးရအလုပ်ကို စိတ်မဝင်စားတာ ဆန်းသလား…..…။
ယခင်တုန်းကတော့ စည်ပင်ဆိုတာ နတ်ဆိုး စိတ်မဝင်စား..။ စည်ပင်လူကြီးရွေးဖို့ မဲဆွယ်ကြ စည်းရုံးကျ မြင်တော့ ဒီလူတွေ ဘယ်နှယ် မနေနိုင်မထိုင်နိုင် ကြီးတော်နွားဝင်ကျောင်းနေကြသလားလို့။
ယခုတော့ နတ်ဆိုး သိပြီ…။
စည်ပင်လူကြီးဖြစ်ဖို့ ဝင်ရွေးရမည်။
ဒါကြောင့် ယခုစည်ပင်ရွေးကောက်ပွဲ ဝင်ဖို့ စဉ်းစားတော့မည့် ။
    နတ်ဆိုး ဝင်ရွေးကောက်မည်ပြောလို့ ဘာရှုပ်တာလည်း မပြောနင့် ….။

    ဟိုကောင်မလေးတောင် စည်ပင်ရွေးကောက်ပွဲ ဝင်တော့မည်ဆိုဘဲ……။ဒီတော့ နတ်ဆိုး စည်ပင်ဝင်ရွေးတာ အပြစ်မဟုတ်..။
စည်ပင်လူကြီး(ဝါ) စည်ပင်အမတ်ဆိုတာ လူတိုင်းလက်တစ်ကမ်းမှာ ရှိတဲ့ အရာ။ ဖြစ်နိုင်တဲ့အရာ …။
ဒါကို နတ်ဆိုး မိမိရရဆုပ်ကိုင်ရမည်။ မိတာမမိတာက သူတို့ကံ ကိုယ့်ဘက်ကတော့ မိအောင် ဆုပ်ကိုင်မည်ကတော့ အမှန်အကန်…။
နတ်ဆိုးသာ  စည်ပင်လူကြီး ဖြစ်ကြည့် ..။လုပ်ပြလိုက်မည်။
နတ်ဆိုးဘာလုပ်မလဲ…။
ဟိုကောင်မလေးကတော့ သူအရွေးခံရရင် အမှိုက်ရှင်းဖို့ချည်းပြောသည်။ ဒီတော့ နတ်ဆိုးက သူလို့ အမှိုက်ကိစ္စပြောလိုမရ ..။
သူထက်ထူးရမည်။ ဒါမှ လူတွေ စိတ်ဝင်စားပြီး နတ်ဆိုးကိုရွေးကြမည်။
နတ်ဆိုး ရုပ်က မလှတော့ ရုပ်နဲ့ ထိန်းလို့မရ။ဒီတော့ ရုပ်နဲ့လိုက်အောင် ခပ်ကြမ်းကြမ်းမှ ရမည်။
ဘာလုပ်မည်နည်း။
ဒူတာတေး နည်းကို သုံးရမည်။

နတ်ဆိုးသာ စည်ပင်အမတ်ဖြစ်ရင် ဖေ့စ်ဘွတ်စောင့်ကြည့်ဖို့ လူဆယ်ယောက်တောင်းမည်။ ဒါဆိုရင် ဘယ်နေရာ ဘာပျက်လည်း အကုန်သိမည်။
ဖေ့စ်ဘွတ်ကနေကြည့်ရင် လမ်းခင်း၊အိမ်ဆောက်တာတွေ ဘယ်သူတွေ ဘာလုပ်နေလည်း သိမည်။ဒါဆို ဘယ်သူမှ မဟုတ်တာ မလုပ်ရဲ။
ပြီးတော့ လမ်းကြောရှင်းဖို့ ၊ မာဆက်တွေ ကေတီဗွီတွေရှင်းဖို့  ရဲဘက်စခန်းက ကျောက်ထုအကျဉ်း သားတွေ တစ်လလောက် ခေါ်ထားမည်။ ဒီထဲကတစ်ဝက်ကို ယာဉ်ကြောကျပ်တာတွေ ရှင်းတဲ့နေရာမှာ သုံးမည်။
သူတို့ကို ခြောက်ပေါင်တူ တစ်လက်စီပေးပြီး ကားကြောကျပ်ရာ မီးပွိုင့်တွေ၊ လမ်းတွေကို လွှတ်မည်။ စည်းကမ်းမဲ့ ယာဉ်တွေ လိုင်းကားတွေ စည်ကမ်းချိုးဖောက်တာတွေ့ရင် ကားတွေကို တူနဲ့ ထုခိုင်းမည်။
မီးရှို့ခိုင်းမည်။ လမ်းစည်းကျော်တဲ့ အပိုင်းကို ချိန်းဆောတွေနဲ့ ကျောက်စက်တွေနဲ့ တစ်ခါတည်း ဖြတ်ခိုင်းမည်။
လမ်းမပေါ် လမ်းထဲပေါ် ညဘက်ရပ်ထားသည့် ကားတွေကို တူနဲ့လိုက်ထုခိုင်းမည်။ မှန်တွေ ခွဲခိုင်းမည်။
ပြီးတော့ ကားပါကင်မထိုးရတဲ့ နေရာ မရပ်ရတဲ့နေရာမှာ ကားတွေရပ်ရင် ခြောက်ပေါင်တူနဲ့ ကြေမွအောင် ထုသာထု။

ဒီထဲ စတင်ဂါ(ပခုံးထမ်းဒုံးကျည်)ပစ်တတ်သူလည်း ခေါ်ထားမည်။ ညဘက်နဲ့ နေ့ဘက် ကားပြိင်မောင်းတာ၊ ပြိုင်ကားမောင်းတာတွေ ဝှစ်သောက်ကားမောင်းပြေးတာတွေကို ဒုံးကျည်နဲ့ ပစ်ခိုင်းမည်။
သုံးလေးစင်းလောက်သာ ဒီလိုပစ်ကြည့်။ ရန်ကုနု်မှာ ဘယ်သူမှ ပြိုင်ကားမောင်းဝံ့တော့ မည် မဟုတ်။ဝှစ်သောက်လဲ မောင်းရဲတော့မည် မဟုတ်…။
ကျန်ရဲဘက်တစ်ဝက်ကို နိုက်ကလပ်တွေ၊ အနှိပ်ခန်းတွေ ၊ မာဆတ်တွေ မာစွပ်တွေကို ဝင်ရိုက် ခိုင်းမည်။ ဖျက်စီးခိုင်းမည်။ စည်းမဲ့ ကမ်းမဲ့ ဆိုင်တွေကို ဖျက်ခိုင်းမည်။ လမ်းပေါ်ဈေးတက်ရောင်းရင် ရိုက်ချိုးခိုင်းမည်။
ဒီလိုဆို ရန်ကုန်မြို့တော်ကြီး အတော်လေးသာယာသွားမည်။ဘယ်သူမှ ကားတွေလည်း စည်းကမ်းမဲ့ မရပ်ရဲတော့မည် မဟုတ်တော့ ..။

ဒါဆို တမြို့လုံး နတ်ဆိုး အကြောင်း ကောင်းကောင်းသိမည်။ ဘယ်သူမှလည်း “ငဖြီးကြီး” လို့ နတ်ဆိုး ကို ခေါ်မည်မဟုတ်…..။
ကံကောင်းရင် လူတွေက နတ်ဆိုးကို ဒူတာတေးလို့ သမ္မတလုပ်ခိုင်းကြနိုင်သည်။ ဒီကလူတွေက ဒူတာတေးကို သိပ်သဘောကျတာမဟုတ်လား..။
သို့သော် နတ်ဆိုးသာ စည်ပင်အာဏာပိုင်ဖြစ်လို့ ဒီလိုသာ တစ်ကယ်လုပ်ကြည့် …။ နေ့တောင် ကူးပါ့မလား မသိ။
ဘာပဲဖြစ်ဖြစ် ပထမဆုံး စည်ပင်အမတ်ဖြစ်တော့ ဝင်ရွေးချယ်ခံရမည်။ဒါမှ နတ်ဆိုး ဘယ်သူလဲဆိုတာ လူတိုင်းသိမည်။
ဒါမှ နတ်ဆိုး ခပ်ကြမ်းကြမ်းလုပ်ပြလို့ရမည်။
ဒီအတွက် ဝင်ရွေးဖို့ မဲဆွယ် ဆောင်ပုဒ်တောင် စီစဉ်ထားပြီး
အို…ဘာတဲ့ ..။
“ရန်ကုန်မြို့ကို ပြောင်းပြန်လှန်ဖို့ နတ်ဆိုးကို မဲပေးစို့” ဆိုလား။

                                                                                          နတ်ဆိုး

 

( Zawgyi  )

 နတ္ဆိုးက လူေလာကမွာ ေခသူေတာ့မဟုတ္။
တစ္ခါလား ႏွစ္ခါလားမသိ  ကိုရီးယားမင္းသား နဲ႔ တူတယ္လို႔ ေျပာခံရဘူးသည္။ အဲဒီလို အေျပာခံရ တုန္းက ကိုယ္လဲမူး၊သူလဲမူးေနေတာ့ မွတ္ထားရေကာင္းမွန္းမသိေတာ့..။သိပ္လဲ မွတ္မွတ္ရရမထား..။
သိပ္လဲ ဘဝင္က မျမင့္တတ္ေတာ့..။
 တကယ္က  နတ္ဆိုး႐ုပ္က ဗီယက္နမ္ ဂိုးသမား႐ုပ္ …။  
ကြယ္ရာေရာ ၊ ေပၚတင္ေရာ ..သူတို႔က ဗီယက္နမ္ဂိုးသမားလို႔ေခၚသည္။
ဗီယက္နမ္ဆိုလို အခုဗီယက္နမ္ ဂိုးသမားေတာ့ မဟုတ္။ ေအာင္ေက်ာ္ေက်ာ္တို႔ ေခတ္က ဗီယက္နမ္ ဂိုးသမား မ်က္ႏွာခြက္ခြက္ ျပားျပားႀကီးကိုေျပာတာ..။
ဒီကတည္းက ဒီတစ္သက္ ကိုယ္႐ုပ္နဲ႔ လုပ္မစားေတာ့ဘူးလို႔ ဆုံးျဖတ္ခ်က္ခ်ၿပီးသား။
အခုေတာ့ အလုပ္တစ္ခုလုပ္ေတာ့မွာမို႔ ဒီ႐ုပ္ကို အမ်ားသိေအာင္ ျပရေတာ့မည္။ ဘာအလုပ္လဲဆို ..စည္ပင္အလုပ္……။
စည္ပင္ဆိုလို ႏွာေခါင္းရႈံသြားၿပီလား…။
မိတ္ေဆြ သင္အထင္မေသးလင့္….။စည္ပင္လည္း စည္ပင္အေလွ်ာက္ ဂုဏ္ရွိသည္။ စည္ပင္ဆိုတာ အစိုးရအလုပ္..။အစိုးရအလုပ္ဆိုတာ ယခင္တုန္းက လုပ္ရင္ လုပ္သေလာက္ နပ္ရင္ နပ္သေလာက္ အက်ိဳးရွိတဲ့ အလုပ္မ်ိဳး…..။
အခုသူေဌးဆိုတာမ်ိဳးေတြက အစိုးရလခစားလုပ္ရင္း သူေဌးျဖစ္သြားၾကတဲ့ သူေတြ။
သြားၾကည့္  ဒုနဲ႔ေဒး။

ဒီလိုဆိုေတာ့ ခိုးတယ္ ဖြက္တယ္ ထင္ဦးမည္။ တစ္ကယ္ေတာ့ ဒီလိုဆိုတာမဟုတ္..။ ေပးတာကမ္း တာကို ေခြၽတာစုေဆာင္းရင္း  သူေဌးေလာင္း ဆိုလား။ ဒီနည္းနဲ႔ သူေဌးျဖစ္လာတာ။
တစ္ခါတစ္ေလေတာ့ ႐ုတ္ခ်ည္း မိဘက ေငါက္ကနဲ႔ေသ၊ ခ်မ္းသာတဲ့အဖြားေတြ ႐ုတ္ခ်ည္း ေပၚလာၿပီး အေမြေတြ နင္းကန္ရၿပီး အေမြေပးသူေတြ ဘယ္ေပ်ာက္လို႔ ေပ်ာက္မွန္းမသိတဲ့ ခ်မ္းသာလာတာ မ်ိဳးနဲ႔ ခ်မ္းသာလာတာမ်ိဳးလည္း ရွိသည္။
ဒါမွမဟုတ္ သိန္းတစ္ေသာင္းထီေတြ တစ္ႏွစ္လုံးေပါက္ ။ဒီလိုနည္းနဲ႔ သမာအာဇီ၀ က်က် ခ်မ္းသာလာ တာမ်ိဳးလည္း ရွိသည္..။
တစ္ေယာက္နဲ႔ တစ္ေယာက္  ခ်မ္းသာပုံ ခ်မ္းသာတခ်င္းေတာ့ ကြာတာေပါ့ ။ လည္ရင္လည္ သလို နပ္ရင္ နပ္သလို..ခ်မ္းသာတာေတြက အမ်ိဳးမ်ိဳး ဇာတ္လမ္းေတြလည္း ျဖစ္ႏိုင္သည္။
 အဲေလ.. ေျပာရင္း ေျခာက္ပူးေတြ ၿငိကုန္ၿပီ။
“မထူးပါဘူး ဟုတ္တာေျပာတာပဲ..မခံနိင္ လဲေသေပါ့..”

ဒီေတာ့ အစိုးရအလုပ္ဆို နတ္ဆိုးက စိတ္ကိုမဝင္စား။စဥ္းစားၾကည့္ေလ ကိုယ္အလွည္က်မွ ခိုးမရ……အဲေလ လုပ္မရဘဲ မုန႔္ေဝတာမႀကဳံ တုတ္ေဝတာႀကဳံရင္အခက္ ….။
ဒီေတာ့ နတ္ဆိုး အစိုးရအလုပ္ကို စိတ္မဝင္စားတာ ဆန္းသလား…..…။
ယခင္တုန္းကေတာ့ စည္ပင္ဆိုတာ နတ္ဆိုး စိတ္မဝင္စား..။ စည္ပင္လူႀကီးေ႐ြးဖို႔ မဲဆြယ္ၾက စည္း႐ုံးက် ျမင္ေတာ့ ဒီလူေတြ ဘယ္ႏွယ္ မေနႏိုင္မထိုင္ႏိုင္ ႀကီးေတာ္ႏြားဝင္ေက်ာင္းေနၾကသလားလို႔။
ယခုေတာ့ နတ္ဆိုး သိၿပီ…။
စည္ပင္လူႀကီးျဖစ္ဖို႔ ဝင္ေ႐ြးရမည္။
ဒါေၾကာင့္ ယခုစည္ပင္ေ႐ြးေကာက္ပြဲ ဝင္ဖို႔ စဥ္းစားေတာ့မည့္ ။
    နတ္ဆိုး ဝင္ေ႐ြးေကာက္မည္ေျပာလို႔ ဘာရႈပ္တာလည္း မေျပာနင့္ ….။

    ဟိုေကာင္မေလးေတာင္ စည္ပင္ေ႐ြးေကာက္ပြဲ ဝင္ေတာ့မည္ဆိုဘဲ……။ဒီေတာ့ နတ္ဆိုး စည္ပင္ဝင္ေ႐ြးတာ အျပစ္မဟုတ္..။
စည္ပင္လူႀကီး(ဝါ) စည္ပင္အမတ္ဆိုတာ လူတိုင္းလက္တစ္ကမ္းမွာ ရွိတဲ့ အရာ။ ျဖစ္ႏိုင္တဲ့အရာ …။
ဒါကို နတ္ဆိုး မိမိရရဆုပ္ကိုင္ရမည္။ မိတာမမိတာက သူတို႔ကံ ကိုယ့္ဘက္ကေတာ့ မိေအာင္ ဆုပ္ကိုင္မည္ကေတာ့ အမွန္အကန္…။
နတ္ဆိုးသာ  စည္ပင္လူႀကီး ျဖစ္ၾကည့္ ..။လုပ္ျပလိုက္မည္။
နတ္ဆိုးဘာလုပ္မလဲ…။
ဟိုေကာင္မေလးကေတာ့ သူအေ႐ြးခံရရင္ အမႈိက္ရွင္းဖို႔ခ်ည္းေျပာသည္။ ဒီေတာ့ နတ္ဆိုးက သူလို႔ အမႈိက္ကိစၥေျပာလိုမရ ..။
သူထက္ထူးရမည္။ ဒါမွ လူေတြ စိတ္ဝင္စားၿပီး နတ္ဆိုးကိုေ႐ြးၾကမည္။
နတ္ဆိုး ႐ုပ္က မလွေတာ့ ႐ုပ္နဲ႔ ထိန္းလို႔မရ။ဒီေတာ့ ႐ုပ္နဲ႔လိုက္ေအာင္ ခပ္ၾကမ္းၾကမ္းမွ ရမည္။
ဘာလုပ္မည္နည္း။
ဒူတာေတး နည္းကို သုံးရမည္။

နတ္ဆိုးသာ စည္ပင္အမတ္ျဖစ္ရင္ ေဖ့စ္ဘြတ္ေစာင့္ၾကည့္ဖို႔ လူဆယ္ေယာက္ေတာင္းမည္။ ဒါဆိုရင္ ဘယ္ေနရာ ဘာပ်က္လည္း အကုန္သိမည္။
ေဖ့စ္ဘြတ္ကေနၾကည့္ရင္ လမ္းခင္း၊အိမ္ေဆာက္တာေတြ ဘယ္သူေတြ ဘာလုပ္ေနလည္း သိမည္။ဒါဆို ဘယ္သူမွ မဟုတ္တာ မလုပ္ရဲ။
ၿပီးေတာ့ လမ္းေၾကာရွင္းဖို႔ ၊ မာဆက္ေတြ ေကတီဗြီေတြရွင္းဖို႔  ရဲဘက္စခန္းက ေက်ာက္ထုအက်ဥ္း သားေတြ တစ္လေလာက္ ေခၚထားမည္။ ဒီထဲကတစ္ဝက္ကို ယာဥ္ေၾကာက်ပ္တာေတြ ရွင္းတဲ့ေနရာမွာ သုံးမည္။
သူတို႔ကို ေျခာက္ေပါင္တူ တစ္လက္စီေပးၿပီး ကားေၾကာက်ပ္ရာ မီးပြိဳင့္ေတြ၊ လမ္းေတြကို လႊတ္မည္။ စည္းကမ္းမဲ့ ယာဥ္ေတြ လိုင္းကားေတြ စည္ကမ္းခ်ိဳးေဖာက္တာေတြ႕ရင္ ကားေတြကို တူနဲ႔ ထုခိုင္းမည္။
မီးရႈိ႕ခိုင္းမည္။ လမ္းစည္းေက်ာ္တဲ့ အပိုင္းကို ခ်ိန္းေဆာေတြနဲ႔ ေက်ာက္စက္ေတြနဲ႔ တစ္ခါတည္း ျဖတ္ခိုင္းမည္။
လမ္းမေပၚ လမ္းထဲေပၚ ညဘက္ရပ္ထားသည့္ ကားေတြကို တူနဲ႔လိုက္ထုခိုင္းမည္။ မွန္ေတြ ခြဲခိုင္းမည္။
ၿပီးေတာ့ ကားပါကင္မထိုးရတဲ့ ေနရာ မရပ္ရတဲ့ေနရာမွာ ကားေတြရပ္ရင္ ေျခာက္ေပါင္တူနဲ႔ ေၾကမြေအာင္ ထုသာထု။

ဒီထဲ စတင္ဂါ(ပခုံးထမ္းဒုံးက်ည္)ပစ္တတ္သူလည္း ေခၚထားမည္။ ညဘက္နဲ႔ ေန႔ဘက္ ကားၿပိင္ေမာင္းတာ၊ ၿပိဳင္ကားေမာင္းတာေတြ ဝွစ္ေသာက္ကားေမာင္းေျပးတာေတြကို ဒုံးက်ည္နဲ႔ ပစ္ခိုင္းမည္။
သုံးေလးစင္းေလာက္သာ ဒီလိုပစ္ၾကည့္။ ရန္ကုႏု္မွာ ဘယ္သူမွ ၿပိဳင္ကားေမာင္းဝံ့ေတာ့ မည္ မဟုတ္။ဝွစ္ေသာက္လဲ ေမာင္းရဲေတာ့မည္ မဟုတ္…။
က်န္ရဲဘက္တစ္ဝက္ကို ႏိုက္ကလပ္ေတြ၊ အႏွိပ္ခန္းေတြ ၊ မာဆတ္ေတြ မာစြပ္ေတြကို ဝင္႐ိုက္ ခိုင္းမည္။ ဖ်က္စီးခိုင္းမည္။ စည္းမဲ့ ကမ္းမဲ့ ဆိုင္ေတြကို ဖ်က္ခိုင္းမည္။ လမ္းေပၚေဈးတက္ေရာင္းရင္ ႐ိုက္ခ်ိဳးခိုင္းမည္။
ဒီလိုဆို ရန္ကုန္ၿမိဳ႕ေတာ္ႀကီး အေတာ္ေလးသာယာသြားမည္။ဘယ္သူမွ ကားေတြလည္း စည္းကမ္းမဲ့ မရပ္ရဲေတာ့မည္ မဟုတ္ေတာ့ ..။

ဒါဆို တၿမိဳ႕လုံး နတ္ဆိုး အေၾကာင္း ေကာင္းေကာင္းသိမည္။ ဘယ္သူမွလည္း “ငၿဖီးႀကီး” လို႔ နတ္ဆိုး ကို ေခၚမည္မဟုတ္…..။
ကံေကာင္းရင္ လူေတြက နတ္ဆိုးကို ဒူတာေတးလို႔ သမၼတလုပ္ခိုင္းၾကႏိုင္သည္။ ဒီကလူေတြက ဒူတာေတးကို သိပ္သေဘာက်တာမဟုတ္လား..။
သို႔ေသာ္ နတ္ဆိုးသာ စည္ပင္အာဏာပိုင္ျဖစ္လို႔ ဒီလိုသာ တစ္ကယ္လုပ္ၾကည့္ …။ ေန႔ေတာင္ ကူးပါ့မလား မသိ။
ဘာပဲျဖစ္ျဖစ္ ပထမဆုံး စည္ပင္အမတ္ျဖစ္ေတာ့ ဝင္ေ႐ြးခ်ယ္ခံရမည္။ဒါမွ နတ္ဆိုး ဘယ္သူလဲဆိုတာ လူတိုင္းသိမည္။
ဒါမွ နတ္ဆိုး ခပ္ၾကမ္းၾကမ္းလုပ္ျပလို႔ရမည္။
ဒီအတြက္ ဝင္ေ႐ြးဖို႔ မဲဆြယ္ ေဆာင္ပုဒ္ေတာင္ စီစဥ္ထားၿပီး
အို…ဘာတဲ့ ..။
“ရန္ကုန္ၿမိဳ႕ကို ေျပာင္းျပန္လွန္ဖို႔ နတ္ဆိုးကို မဲေပးစို႔” ဆိုလား။

                                                                                          နတ္ဆိုး