【 သရော်စာ 】 “ရိုက်ကွင်းထဲမှာ ပျော်ရအောင်”

【 သရော်စာ 】 “ရိုက်ကွင်းထဲမှာ ပျော်ရအောင်”

မြန်မာပြည်ကို ရှောဘရာသားလာပြီ။ရှောဘရားသားဆိုတာ သိတယ်မဟုတ်လား။ဟောင်ကောင်ကနေ ဓာတ်ရှင်ရိုက်တဲ့အဖွဲ့။ဟိုတုန်းက မြန်မာအကြိုက် တစ်ရွာလုံးနဲ့ တစ်ယောက်တည်းချ တစ်ရွာလုံးသေ တစ်ယောက်တည်းသမားကနိုင်တဲ့ တီလုံးတို့ ဒေးဗစ်ချန်း တို့ ဓာတ်ရှင်သိုင်းကားတွေရိုက်တဲ့ ကွန်ပနီ။ဟုတ်ကဲ့ … သူလာတော့ ဘာဖြစ်သလဲ ..။နတ်ဆိုးတို့ကတော့ ဘာမှမဖြစ်.။သို့သော် ဈေးသည်တွေ၊ ကားသမားတွေကတော့ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ဒီထဲမှာ အလှုပ်ခတ်ဆုံးက ပေါလောက။ဒါက သူတို့နှင့် ဆိုင်တယ်မဟုတ်လား…။နဂိုကတည်းက ပေါလောက အခြေအနေမကောင်းရတဲ့ကြားထဲ…ဒီလိုလာရိုက်တယ်ဆိုတော့..။

အခု ရန်ကုန်မှာ ..။ဇာတ်ဝင်ခန်းလေး လေးငါးဆယ်ကွက်အတွက် ဒေါ်လာသန်းချီသုံးမယ် ဆိုသတဲ့။ဒါ သက်သက်နှိမ်တာ..။ဇာတ်ကားတစ်ကား သိန်းထောင်ချီသုံးရင်တောင် ဂျာနယ်လစ်ခေါ်ပြီး အတော်လေးတော်ကီပွားလို့ရ ဓာတ်ရှင်ရာ ဝင်လို့ရနေတဲ့ ပေါလောကမှာ ဒီလောက်ပိုက်ဆံသာ သုံးပြီးရိုက်လိုက်ရရင် ….. ငါ့အတွက် တော်တော်ကျန်မှာဘဲလို့….။ဒါပေါလောကသားတွေ အတွေး….။ဒီကြားထဲ မြို့ထဲကိုလည်း ဓာတ်ရှင်ရိုက်ဖို့အတွက် လူကြီးတွေက မြို့ထဲကလမ်းတွေကို ပိတ်ပေးဦးမည်ဆိုတော့ ..။ကြေကွဲပြီလေ..။ဒီလိုသာ လမ်းပိတ်ပေးရင် သူတို့လည်း ကမ္ဘာကိုကျော်ပြီး စကြာဝဋ္ဌာတွေနဲ့တောင် ရောက်သွားမည့်ကားတွေ ရိုက်ပြလို့ရသည်ဟု..။ဟုတ်တယ်မဟုတ်လား..။အခုတောင် ဒီမှာ အသက်သုံးလေးဆယ်ကိုတောင် တက္ကသိုလ်ကျောင်းသားအရွယ်ဖြစ်အောင် မိတ်ကပ်တွေ အဖက်တွေသုံးပြီး လက်စွမ်းပြနေတာ။ပြီးတော့ ဒရမ်မာလာမလား..။မျက်ရည်လိုချင်သည့် အချိန်ပြော .. အေးဆေးညှစ်ပြနိုင်သည့် ဓာတ်ရှင်မင်းသားတွေ မင်းသမီးတွေ အောတိုက်…။ဒါမှ မဟုတ်ဘူးလား။ငိုမလို ရယ်မလို့ အံသြသလို ကြောင်တောင်မျက်နှာ လိုချင်နေသေးလား…။ဒီမှာ အဆင်သင့်..။ဒါမှမဟုတ် ကုတင်ပေါ်ခန်းတွေ ရိုက်ဦးမလား..။ဒီမှာ ကျွမ်းကျင်သည့် ဒါရိုက်တာနဲ့ လူစားမထိုးဘဲ ကိုယ်တိုင်ကိုယ်ကျ သရုပ်ဆောင်တတ်တဲ့ မင်းသားကြီးတွေ ရှိသည်။ကြည့်ရင်း ပီပြင်လွန်းလို့ တစ်ကယ်လုပ်နေသလားတောင် ထင်သွားရမည်။

လူဆိုးဖမ်းတဲ့ အကွက်လေးအတွက် ကရိန်းတွေ၊ ဆက်တင်တွေ၊ ကားတွေဖောက်တာနဲ့။ကုန်လိုက်တာ သောက်သောက်လဲ..။ဒါအတွက်များ မြိုထဲပိတ်ရ ကားတွေ ဖောက်ရတယ်လို့..။တစ်ကယ်ဆို လွယ်လွယ်လေး ဖြတ်ညှပ်ကပ်လုပ်ရင်လုပ်၊ မလုပ်ရင်  ရဲနှစ်ယောက်ထိုင်ပြီး ဒီလူဆိုးကို ရန်ကုန်မြို့ထဲမှာ သက်စွန့်ဆံဖျား ဖမ်းလာတယ်ပြောလိုက် ..။ဒါဆို ပြီးနေတဲ့ဥစ္စာ…..။ဖြတ်လျှောက်တွေလား..။ဒါက အရေးကြီးသည်။ ပြေးရလွှားရမှာ သဘာဝကျဖို့ အရေးကြီးသည်။ဒီနေရာမှာ လတ်တလော ရန်ကုန်မှာ အဖမ်းအဆီးတွေများနေလို့ ဈေးမရောင်းရသည့် ဈေးသည်တွေက ဖြတ်လျှောက် ဝင်လုပ်ကြသည်။ဇာတ်ကားရိုက်တော့ ဒါရိုက်တာ သဘောကျသွားသည်။သရုပ်ဆောင်ကောင်းလှချည်လားပေါ့..။ဒါရိုက်တာ မသိတာက သူတို့က နေ့စဉ် ရန်ကုန်မြို့လယ်ခေါင် ဆူးလေတစ်ဝိုက်မှာ ဈေးရောင်းနေကြ..။မြို့တော်ခန်းမနားမှာ ဈေးရောင်းဖို့ဆိုတာ လွယ်တာတော့ မဟုတ်…။နေ့စဉ် စည်ပင်နဲ့ လိုက်တန်းပြေးတန်း ကစားနေကြတော့။ သေနတ်ပစ်လို့ ပြေးရတဲ့ အခန်းဆို သူတို့အတွက် အေးဆေး။ရိုက်ကွင်းမှာ သေနတ်သံ ဖောက်စရာတောင်မလို။“လာပြီ” လို့ အော်လိုက်ရုံ။ဒါဆို သုတ်ခနဲ ထပြေးပြီးသား။ဒီနေရာမှာ သူတို့ထက် ပိုသဘာဝကျနေလို့ ပေါလောက ဇာတ်ရံတွေ ခံသွားရသည်...။ဒါက သူတို့ခွင် မဟုတ်လား။

ကားသမားတွေကတော့ မကြည်။ရန်ကုန်မြို့လယ်မှာ နဂိုကတည်းက ပိတ်ရသည့် ကြားထဲ။ဒီလို  ထပ်လမ်းပိတ်ပေးသည်ဆိုတော့ ..။ဒါကြောင့် “ ခရီးသည် အခက်၊ တက္ကစီ အကွက်” ဆိုပြီး မြိုထဲသို့ ကားခေါ်ရင် ဈေးပိုတောင်းကြသည်။တချို့ကတော့ ပြတ်သည်။နာမည်ကိုက ရှောဘရားသားဆိုတော့ နမိတ်မကောင်းဟုဆိုကာ မြို့ထဲ ကားခေါ်ရင် မလိုက်။ရန်ကုန်မှာ ဒီကားလာရိုက်တာ တစ်မြို့လုံး ဗြောင်းသတ်ကုန်သည်။ဆူးလေတစ်ဝိုက် ဈေးသည်တွေ ဈေးရောင်းမကောင်းတော့။အားလုံး ရိုက်ကွင်းနားဘဲ သွားစပ်စုနေကြသည်။ ရုပ်ရှင်လာရိုက်လို့ အဆင်ပြေတဲ့ =သူက ရှားသည်။ထိုထဲတွင် အသံသွင်းစပီကာဖြင့်အော်ကာ ရွှေရင်အေးရောင်းသူနှင့် ရေသန့်ရောင်းသူတွေ မပါ။ရွှေရင်အေးသည်နှင့် ဖုန်းကတ်ရောင်းသူက ဇာတ်ကားစရိုက်ပြီ ဆိုသည်နှင့် ဟွန်းလေးဖွင့်ပြီး “ မုန့်လက်ဆောင်း ရွှေရင်အေး အေးအေးလေး၊ တစ်ပွဲ နှစ်ရာ၊ လေးရာ ..” လို့ ဖွင့်လိုက်ရုံ။ဖုန်းကတ်ဘယ်လောက်လို့ အော်လိုက်ရုံ။ရေသန့်သမားရောင်းသူကတော့ ဒီလို မဟုတ် …။နေပူလေ ပိုကြိုက်လေ။တောသားတွေကတော့ ဒါကိုကြည့်ပြီး သဘောကျနေကြသည်။ရန်ကုန်သားတွေ အခုတော့ ဝဋ်လည်ပြီ ဟု ..။ပေါကားတွေ တောမှာရိုက်လို့ ဝိုင်းအုံကြည့်ကြတာကို ကဲ့ရဲ့ထားကြတာ …အခုတော့ မင်းတို့ မှတ်ပြီလားဟု..။

ဒီတစ်ခါတော့ အစိုးရဘာလုပ်လုပ် ကန့်ကွက်သည့် မျိုးချစ်ဆိုသူတွေ ငြိမ်နေကြသည်။ကြားသည်က ပထမတော့ နိုင်ငံခြားက လာရိုက်တာကို ဆန္ဒပြဖို့ စီစဉ်သည်ဆိုဘဲ။နောက်တော့ ဒီလူတွေ တရုတ်က လာတာ။သူတို့လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်တာဆိုမှ ဆန္ဒပြဖို့ ကြံတာကို လက်လျော့သွားသည်။

ရှုတင်နားတစ်ဝိုက် လမ်းဘေးထမင်းဆိုင်တွေကတော့မကြည်။ဘာကြောင့်ဆို သူတို့တွက်ထားတာက နိုင်ငံခြားက လာရိုက်တာမို့လို့ လူတွေအများကြီးပါမည်။ဒီမှာလည်း ဘာမှ လုပ်ထားကြမည်တော့မဟုတ်။ဒီတော့ သူတို့ဆိုင်ကို လာစားရင် ဒေါ်လာနှင့် သမလိုက်မည် ဟု..။သို့သော် တရုတ်ပေသီးတွေ ပါလာပြီး ရှုတင်ထမင်းဟင်း ပါလာသဖြင့်  ထမင်းဆိုင်တွေ အလုပ်မဖြစ်..။

တရုတ်ကို မကြည်သည့် အမျိုးသားရေးသမားတွေကမူ ဒီတစ်ခါတော့ တရုတ်တွေ ငါ့ကို တောင်းပန်ရပြီဟု ကြွေးကြော်ကြသည်။နောက် နံနက်စောစောထပြီး ရိုက်ကွင်းနှင့် မလွတ်သည့် နေရာမှာ တစ်နေကုန် ပေကပ်သွားထိုင်ကြကာ ရုပ်ရှင်ရိုက်ဖို့ တရုတ်တွေက တောင်းပန်မှ နေရာရွှေ့ပေးကြသည်။

ဒီထဲမှာ အဆိုးဆုံးက မော်ဒယ်နိမ့် ကားပိုင်ရှင်တွေ..။သူတို့ကို ဘယ်သူက ချွန်လိုက်သလဲ မသိ။ဖောက်ခွဲမည့်ကားနှင့် သူတို့ကားကို လဲမည်ဆိုပြီး ရှုတင်မန်နေဂျာကို နေ့တိုင်းလာရှာနေကြသည်။ကားပွဲစားတွေကတော့ ဒီလိုမဟုတ်။ရှုတင်မန်နေဂျာနားကပ်ကာ  “ဖောက်ခွဲသည့်ကား အရေကြိုဈေး ပေးမည်” ဟု …...။

ရိုက်မောင်း
ဖေဖော်ဝါရီ - ၂၄

( Zawgyi )

ျမန္မာျပည္ကို ေရွာဘရာသားလာၿပီ။ေရွာဘရားသားဆိုတာ သိတယ္မဟုတ္လား။ေဟာင္ေကာင္ကေန ဓာတ္ရွင္႐ိုက္တဲ့အဖြဲ႕။ဟိုတုန္းက ျမန္မာအႀကိဳက္ တစ္႐ြာလုံးနဲ႔ တစ္ေယာက္တည္းခ် တစ္႐ြာလုံးေသ တစ္ေယာက္တည္းသမားကႏိုင္တဲ့ တီလုံးတို႔ ေဒးဗစ္ခ်န္း တို႔ ဓာတ္ရွင္သိုင္းကားေတြ႐ိုက္တဲ့ ကြန္ပနီ။ဟုတ္ကဲ့ … သူလာေတာ့ ဘာျဖစ္သလဲ ..။နတ္ဆိုးတို႔ကေတာ့ ဘာမွမျဖစ္.။သို႔ေသာ္ ေဈးသည္ေတြ၊ ကားသမားေတြကေတာ့ လႈပ္လႈပ္ခတ္ခတ္ ျဖစ္သြားသည္။ဒီထဲမွာ အလႈပ္ခတ္ဆုံးက ေပါေလာက။ဒါက သူတို႔ႏွင့္ ဆိုင္တယ္မဟုတ္လား…။နဂိုကတည္းက ေပါေလာက အေျခအေနမေကာင္းရတဲ့ၾကားထဲ…ဒီလိုလာ႐ိုက္တယ္ဆိုေတာ့..။

အခု ရန္ကုန္မွာ ..။ဇာတ္ဝင္ခန္းေလး ေလးငါးဆယ္ကြက္အတြက္ ေဒၚလာသန္းခ်ီသုံးမယ္ ဆိုသတဲ့။ဒါ သက္သက္ႏွိမ္တာ..။ဇာတ္ကားတစ္ကား သိန္းေထာင္ခ်ီသုံးရင္ေတာင္ ဂ်ာနယ္လစ္ေခၚၿပီး အေတာ္ေလးေတာ္ကီပြားလို႔ရ ဓာတ္ရွင္ရာ ဝင္လို႔ရေနတဲ့ ေပါေလာကမွာ ဒီေလာက္ပိုက္ဆံသာ သုံးၿပီး႐ိုက္လိုက္ရရင္ ….. ငါ့အတြက္ ေတာ္ေတာ္က်န္မွာဘဲလို႔….။ဒါေပါေလာကသားေတြ အေတြး….။ဒီၾကားထဲ ၿမိဳ႕ထဲကိုလည္း ဓာတ္ရွင္႐ိုက္ဖို႔အတြက္ လူႀကီးေတြက ၿမိဳ႕ထဲကလမ္းေတြကို ပိတ္ေပးဦးမည္ဆိုေတာ့ ..။ေၾကကြဲၿပီေလ..။ဒီလိုသာ လမ္းပိတ္ေပးရင္ သူတို႔လည္း ကမာၻကိုေက်ာ္ၿပီး စၾကာဝ႒ာေတြနဲ႔ေတာင္ ေရာက္သြားမည့္ကားေတြ ႐ိုက္ျပလို႔ရသည္ဟု..။ဟုတ္တယ္မဟုတ္လား..။အခုေတာင္ ဒီမွာ အသက္သုံးေလးဆယ္ကိုေတာင္ တကၠသိုလ္ေက်ာင္းသားအ႐ြယ္ျဖစ္ေအာင္ မိတ္ကပ္ေတြ အဖက္ေတြသုံးၿပီး လက္စြမ္းျပေနတာ။ၿပီးေတာ့ ဒရမ္မာလာမလား..။မ်က္ရည္လိုခ်င္သည့္ အခ်ိန္ေျပာ .. ေအးေဆးညႇစ္ျပႏိုင္သည့္ ဓာတ္ရွင္မင္းသားေတြ မင္းသမီးေတြ ေအာတိုက္…။ဒါမွ မဟုတ္ဘူးလား။ငိုမလို ရယ္မလို႔ အံၾသသလို ေၾကာင္ေတာင္မ်က္ႏွာ လိုခ်င္ေနေသးလား…။ဒီမွာ အဆင္သင့္..။ဒါမွမဟုတ္ ကုတင္ေပၚခန္းေတြ ႐ိုက္ဦးမလား..။ဒီမွာ ကြၽမ္းက်င္သည့္ ဒါ႐ိုက္တာနဲ႔ လူစားမထိုးဘဲ ကိုယ္တိုင္ကိုယ္က် သ႐ုပ္ေဆာင္တတ္တဲ့ မင္းသားႀကီးေတြ ရွိသည္။ၾကည့္ရင္း ပီျပင္လြန္းလို႔ တစ္ကယ္လုပ္ေနသလားေတာင္ ထင္သြားရမည္။

လူဆိုးဖမ္းတဲ့ အကြက္ေလးအတြက္ ကရိန္းေတြ၊ ဆက္တင္ေတြ၊ ကားေတြေဖာက္တာနဲ႔။ကုန္လိုက္တာ ေသာက္ေသာက္လဲ..။ဒါအတြက္မ်ား ၿမိဳထဲပိတ္ရ ကားေတြ ေဖာက္ရတယ္လို႔..။တစ္ကယ္ဆို လြယ္လြယ္ေလး ျဖတ္ညႇပ္ကပ္လုပ္ရင္လုပ္၊ မလုပ္ရင္  ရဲႏွစ္ေယာက္ထိုင္ၿပီး ဒီလူဆိုးကို ရန္ကုန္ၿမိဳ႕ထဲမွာ သက္စြန႔္ဆံဖ်ား ဖမ္းလာတယ္ေျပာလိုက္ ..။ဒါဆို ၿပီးေနတဲ့ဥစၥာ…..။ျဖတ္ေလွ်ာက္ေတြလား..။ဒါက အေရးႀကီးသည္။ ေျပးရလႊားရမွာ သဘာဝက်ဖို႔ အေရးႀကီးသည္။ဒီေနရာမွာ လတ္တေလာ ရန္ကုန္မွာ အဖမ္းအဆီးေတြမ်ားေနလို႔ ေဈးမေရာင္းရသည့္ ေဈးသည္ေတြက ျဖတ္ေလွ်ာက္ ဝင္လုပ္ၾကသည္။ဇာတ္ကား႐ိုက္ေတာ့ ဒါ႐ိုက္တာ သေဘာက်သြားသည္။သ႐ုပ္ေဆာင္ေကာင္းလွခ်ည္လားေပါ့..။ဒါ႐ိုက္တာ မသိတာက သူတို႔က ေန႔စဥ္ ရန္ကုန္ၿမိဳ႕လယ္ေခါင္ ဆူးေလတစ္ဝိုက္မွာ ေဈးေရာင္းေနၾက..။ၿမိဳ႕ေတာ္ခန္းမနားမွာ ေဈးေရာင္းဖို႔ဆိုတာ လြယ္တာေတာ့ မဟုတ္…။ေန႔စဥ္ စည္ပင္နဲ႔ လိုက္တန္းေျပးတန္း ကစားေနၾကေတာ့။ ေသနတ္ပစ္လို႔ ေျပးရတဲ့ အခန္းဆို သူတို႔အတြက္ ေအးေဆး။႐ိုက္ကြင္းမွာ ေသနတ္သံ ေဖာက္စရာေတာင္မလို။“လာၿပီ” လို႔ ေအာ္လိုက္႐ုံ။ဒါဆို သုတ္ခနဲ ထေျပးၿပီးသား။ဒီေနရာမွာ သူတို႔ထက္ ပိုသဘာဝက်ေနလို႔ ေပါေလာက ဇာတ္ရံေတြ ခံသြားရသည္...။ဒါက သူတို႔ခြင္ မဟုတ္လား။

ကားသမားေတြကေတာ့ မၾကည္။ရန္ကုန္ၿမိဳ႕လယ္မွာ နဂိုကတည္းက ပိတ္ရသည့္ ၾကားထဲ။ဒီလို  ထပ္လမ္းပိတ္ေပးသည္ဆိုေတာ့ ..။ဒါေၾကာင့္ “ ခရီးသည္ အခက္၊ တကၠစီ အကြက္” ဆိုၿပီး ၿမိဳထဲသို႔ ကားေခၚရင္ ေဈးပိုေတာင္းၾကသည္။တခ်ိဳ႕ကေတာ့ ျပတ္သည္။နာမည္ကိုက ေရွာဘရားသားဆိုေတာ့ နမိတ္မေကာင္းဟုဆိုကာ ၿမိဳ႕ထဲ ကားေခၚရင္ မလိုက္။ရန္ကုန္မွာ ဒီကားလာ႐ိုက္တာ တစ္ၿမိဳ႕လုံး ေျဗာင္းသတ္ကုန္သည္။ဆူးေလတစ္ဝိုက္ ေဈးသည္ေတြ ေဈးေရာင္းမေကာင္းေတာ့။အားလုံး ႐ိုက္ကြင္းနားဘဲ သြားစပ္စုေနၾကသည္။ ႐ုပ္ရွင္လာ႐ိုက္လို႔ အဆင္ေျပတဲ့ =သူက ရွားသည္။ထိုထဲတြင္ အသံသြင္းစပီကာျဖင့္ေအာ္ကာ ေ႐ႊရင္ေအးေရာင္းသူႏွင့္ ေရသန႔္ေရာင္းသူေတြ မပါ။ေ႐ႊရင္ေအးသည္ႏွင့္ ဖုန္းကတ္ေရာင္းသူက ဇာတ္ကားစ႐ိုက္ၿပီ ဆိုသည္ႏွင့္ ဟြန္းေလးဖြင့္ၿပီး “ မုန႔္လက္ေဆာင္း ေ႐ႊရင္ေအး ေအးေအးေလး၊ တစ္ပြဲ ႏွစ္ရာ၊ ေလးရာ ..” လို႔ ဖြင့္လိုက္႐ုံ။ဖုန္းကတ္ဘယ္ေလာက္လို႔ ေအာ္လိုက္႐ုံ။ေရသန႔္သမားေရာင္းသူကေတာ့ ဒီလို မဟုတ္ …။ေနပူေလ ပိုႀကိဳက္ေလ။ေတာသားေတြကေတာ့ ဒါကိုၾကည့္ၿပီး သေဘာက်ေနၾကသည္။ရန္ကုန္သားေတြ အခုေတာ့ ဝဋ္လည္ၿပီ ဟု ..။ေပါကားေတြ ေတာမွာ႐ိုက္လို႔ ဝိုင္းအုံၾကည့္ၾကတာကို ကဲ့ရဲ႕ထားၾကတာ …အခုေတာ့ မင္းတို႔ မွတ္ၿပီလားဟု..။

ဒီတစ္ခါေတာ့ အစိုးရဘာလုပ္လုပ္ ကန႔္ကြက္သည့္ မ်ိဳးခ်စ္ဆိုသူေတြ ၿငိမ္ေနၾကသည္။ၾကားသည္က ပထမေတာ့ ႏိုင္ငံျခားက လာ႐ိုက္တာကို ဆႏၵျပဖို႔ စီစဥ္သည္ဆိုဘဲ။ေနာက္ေတာ့ ဒီလူေတြ တ႐ုတ္က လာတာ။သူတို႔လည္း ဗုဒၶဘာသာကို ကိုးကြယ္တာဆိုမွ ဆႏၵျပဖို႔ ႀကံတာကို လက္ေလ်ာ့သြားသည္။

ရႈတင္နားတစ္ဝိုက္ လမ္းေဘးထမင္းဆိုင္ေတြကေတာ့မၾကည္။ဘာေၾကာင့္ဆို သူတို႔တြက္ထားတာက ႏိုင္ငံျခားက လာ႐ိုက္တာမို႔လို႔ လူေတြအမ်ားႀကီးပါမည္။ဒီမွာလည္း ဘာမွ လုပ္ထားၾကမည္ေတာ့မဟုတ္။ဒီေတာ့ သူတို႔ဆိုင္ကို လာစားရင္ ေဒၚလာႏွင့္ သမလိုက္မည္ ဟု..။သို႔ေသာ္ တ႐ုတ္ေပသီးေတြ ပါလာၿပီး ရႈတင္ထမင္းဟင္း ပါလာသျဖင့္  ထမင္းဆိုင္ေတြ အလုပ္မျဖစ္..။

တ႐ုတ္ကို မၾကည္သည့္ အမ်ိဳးသားေရးသမားေတြကမူ ဒီတစ္ခါေတာ့ တ႐ုတ္ေတြ ငါ့ကို ေတာင္းပန္ရၿပီဟု ေႂကြးေၾကာ္ၾကသည္။ေနာက္ နံနက္ေစာေစာထၿပီး ႐ိုက္ကြင္းႏွင့္ မလြတ္သည့္ ေနရာမွာ တစ္ေနကုန္ ေပကပ္သြားထိုင္ၾကကာ ႐ုပ္ရွင္႐ိုက္ဖို႔ တ႐ုတ္ေတြက ေတာင္းပန္မွ ေနရာေ႐ႊ႕ေပးၾကသည္။

ဒီထဲမွာ အဆိုးဆုံးက ေမာ္ဒယ္နိမ့္ ကားပိုင္ရွင္ေတြ..။သူတို႔ကို ဘယ္သူက ခြၽန္လိုက္သလဲ မသိ။ေဖာက္ခြဲမည့္ကားႏွင့္ သူတို႔ကားကို လဲမည္ဆိုၿပီး ရႈတင္မန္ေနဂ်ာကို ေန႔တိုင္းလာရွာေနၾကသည္။ကားပြဲစားေတြကေတာ့ ဒီလိုမဟုတ္။ရႈတင္မန္ေနဂ်ာနားကပ္ကာ  “ေဖာက္ခြဲသည့္ကား အေရႀကိဳေဈး ေပးမည္” ဟု …...။

႐ိုက္ေမာင္း
ေဖေဖာ္ဝါရီ - ၂၄