【 သရော်စာ 】 “ နှစ်ဆခေါင်းကြည် ဒိန်းကြမည်”

【  သရော်စာ  】 “ နှစ်ဆခေါင်းကြည် ဒိန်းကြမည်”

တစ်ကယ်တော့ ဒီလောကကြီးထဲ လူလာဖြစ်ရတာ နတ်ဆိုးအတွက် တစ်ကယ်အခွင့်ထူးပါဘဲ။ တစ်ကယ်…အထူးသဖြင့် ဒီဘိရုမာတို့ တိုင်းပြည်မှာ လူဖြစ်ရတာပေါ့။

စဉ်းစားကြည့်လေ..။ တခြားတခြားသော အာရှတိုင်းပြည်တွေ ဆို ဘာသာရေး အစွန်းရောက် တာနဲ့ ဇာတ်နိမ့်တာတွေ မြင်တာတွေ အလယ်ဖြစ်တာတွေ အစဉ်အလာတွေနဲ့ ရှုပ်လို့…။
ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရဆိုတာ လူဖြစ်ရတာ ဘယ်ပျော်စရာကောင်းပါ့မလဲ။ မဟုတ်ဘူးလား..။
လူဆိုတာ သိတဲ့အတိုင်း အရှုပ်ထဲမှာ ပိုပျော်တယ်လေ…။ အရှုပ်တကာအရှုပ်ထဲမှာ လူတွေက ကာမဘုံမှာ ပိုပျော်တယ်လေ။ ကာမဘုံဆိုတာ သိတဲ့ အတိုင်း ကာမတစ်ခုတည်းလေ..။
ဒါပေမယ့် လူဆိုတာ ကိုယ်ပျော်ပါးလို့ အားရရင် တခြားသူအလှည့်ကျ လွှတ်စည်းကမ်းတွေ ထုတ် စည်းမျည်းတွေ ထုတ်ပြီး ကိုယ်သောက်ကမမြင်းကြောမထခဲ့တဲ့ အတိုင်း..။
နောက်လူတွေကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ အို..စုံလိုဗျား။

ဒီဘိရုမာတို့ုတိုင်းပြည်ကတော့ ခပ်ရှင်းရှင်းဘဲ…..ဒီလို တစ်ကိုယ်ကောင်းဆန်တဲ့ လူကြီးတွေ ထွန်းကို မထွန်းကားတာ။
တစ်ကယ်..။အဟုတ် တစ်ကယ်ပြောတာ နတ်ဆိုးမညာဘူး။ မိုးကြိုးပွတ်ပါရဲ့..အဲလေ..။ မိုးကြိုး ပစ်ပါရဲ..။
ဘာ!!!... ဒီလောက် တိုင်းပြည်ဘဏ္ဍာ သူ့ဘဏ္ဍာမှတ်တဲ့ လူတွေ ထွန်းကားခဲ့တဲ့ တိုင်းပြည်မှာ  တစ်ကိုယ်ကောင်းဆန်တဲ့ လူကြီးတွေ မရှိဘူးဆိုတာ လာသောက်ခွက်ပြောင်တာ ဟုတ်လား..။
တစ်ကယ်…..။
နတ်ဆိုးတို့ ဘိရုမာတိုင်းပြည်က လူကြီးတွေက တစ်ကယ်ကို တစ်ကိုယ်ကောင်းကို မဆန်တတ်တာ။
ကဲ…မယုံရင် နားထောင် …နတ်ဆိုးပြောပြမယ်..။
ဒီဘိရုမာတို့တိုင်းပြည်မှာ လွတ်လပ်ရေးရကတည်းက သူများမယားကြာခိုတဲ့ လူကြီးတွေ ထွန်းကို ထွန်းကားတာ..။

အေပေအတေမဟုတ်ဘူးနော်…လွှတ်တော်အမတ်တွေဗျ..။ မယုံရင် ပါလီမန်ခေတ်ကို  ကြည့်ဗျာ..။
ဘာသခင်ဆိုလား...။မီးခွက်မှုတ်လို့ သတင်းစာကနေဆော်တာလေ။
နောက် လွတ်လပ်ရေးမရခင်ကလည်းရှိတယ်.. ။အဲလို သောင်းကျန်းတဲ့သူ …။ နှယ်နှယ်ရရ မဟုတ်ဘူေးနာ်…။
ဗိုလ်ချုပ်ကိုလုပ်ကြံတဲ့ ဟိုလူကြီး…။သူလဲ ကလေးစာသင်ဖို့ အိမ်ခေါ် ထားတဲ့ ဆရာမနဲ့ ပူးနောင်းဂျိန်ဂျိန် လုပ်ကြတာပဲ။

ဆရာအကျဆုံးက ဟို..တိုင်းပြည်ကို လက်တစ်လုံးအလိုမှာ မော့သောက်တဲ့ …အဲလေ.. ကယ်တင်တဲ့ လူကြီး ..။
သူဆိုလဲ ကြည့်။ မယားကြီးငုတ်တုပ်နဲ့ ယူလိုက်တာ ပြည်ပကတောင် ပါတယ်။
အဲဒီတုန်းက စာအုပ်အစိမ်းမရှိသေးလို့ …။ ရှိများရှိရင် ၅၉ (စ)နဲ့ညှိပြီး သမ္မတကနေပြုတ်မှာ….။
 သူခမျာ တိုင်းပြည်ကိုလည်း ကယ်တင်ရ …. မိန်းမတွေကိုလည်း ကယ်တင်ရနဲ့ အားကို မအားဘူးဖြစ်ရတာ..။
ဒီလို ဘက်စုံသောင်းကျန်းဖို့…အဲလေ တော်ဖို့ … လွယ်တော့ လွယ်ဝူး..။
ဘာကြာသေးလဲ …ဖမ်းဝရမ်းထုတ်ခံရတဲ့ ဟိုလူကြီးဆို   မျိုးချစ်စိတ် ဘယ်လောက်များ ပြင်းသလဲဆို ရဲကဝရမ်းနဲ့  ဖမ်းဖို့လိုက်ရှာမှ မယားတွေများနေလို့ ဘယ်မယားအိမ်လိုက်ဖမ်းရမှန်းမသိ ဘဲ..။
မျိုးချစ်စိတ်ပြင်းလိုက်ပုံများပြောပါတယ်..။

ဒါပေမယ့် ကိုယ်တွေက ဒီလူတွေကို ကြွေတယ်လေ..။ သူ့ဘာသာ တခြားဟာ ဖောင်းရင်ဖောင်းမယ် ကျားကဏ္ဍမှာတောါ ကလီးယားဘဲ…။  သူတို့လည်းစားတယ်…အဲလေ..။ သူလည်းယူတယ်..။ သူများယူလည်း မနှောင့်ယှက်ဘူး။ဘယ်လောက်အထာရှိလဲ..။
အခုဆို မေ့မေ့ခေတ်မှာ ဒီထက်ပိုဂေါ်သွားပြီ…။
 မယားခိုးတာ ၊ကြာကူရီရိုက်တာ ..မုဒိမ်းမှုကျူးလွန်တာလောက်တော့ ပြောမနေနဲ့…။
စင်ပေါ်တက်ပြီး မုဒိမ်း ပါဖောင့်မန်တောင်တက်ပြလို့ ရပြီ… ။

ဒါကြောင့်ပြောပါတယ်… ဘိရိုမာတိုင်းပြည်မှာ လူလာဖြစ်ရတာ နတ်ဆိုးက အသေပျော်ပါတယ်ဆို…။
ကာမတစ်ခုတည်းဘဲလား ဆို ..ဘယ်ဟုတ်ပါ့မလဲ…. ။ဒီမေမေခေတ်မှာ သုရာကလည်း ဂွဒ်ပြီးသား..။
အရင်ကဆို မေ့မေ့သားလေး နတ်ဆိုးတို့ဘ၀ တောနဲ့ ညားရ.. ၊ဇေနဲ့ ညားရ..။ဖော်ရှောနဲ့ ညားရနဲ့ မအိုမနာဘဲ နတ်ပြည်ကို ဝှစ်ကနဲ့ ဝှစ်ကနဲ့ တက်နေရတာ…။

အခုဒါတွေကို သနားပြီး ဟိုနေ့က လွှတ်တော်မှာ မေမေသားတစ်ယောက်က အဆိုတင်တယ်ဆိုဘဲ..။
ဘာတဲ့ … အဆိုတင်တာ ကဗျာတောင်ဆန်သေး..။အရက်ကောင်းသောက်မှ မနက်အိပ်ယာထ ခေါင်းနှစ်ဆပိုကြည်လို့ အရက်ခွန်တွေ လျော့ခိုင်းတယ်ဆိုပဲ…။
ဒါဘဲလေ နတ်ဆိုးတို့က နောက် ၂၀၂၀ မှာလည်း လက်သန်းလေးချွန်ပြီး မှင်မကလို့ ဘာပဲစွန်း..စွန်း..။ မေမေကိုပဲ မဲထပ်ပေးမှာ။

ကိုယ်တွေများသောက်လာတာ နှစ်ကိုပေါက်လို့ တစ်ခါမှ အရက်သောက်လို့ မနက် ခေါင်းကြည် တာတစ်ခါမှ မကြုံဖူးဘူး။မေ့မေ့သားအဆိုတင်မှ ခေါင်းကြည့်မယ့်အရက်ကို သောက်ရမှာ..။
ဘာပဲပြောပြောလေ… ဒီမေ့မေ့သားကျေးဇူးကြောင့် အရက်ကောင်းသောက်ရတော့မှာ..။ အရက်သမားဆိုတာ အရက်သမားချင်း သစ္စာရှိတာ..။
ကိုယ်ပေါ် ဒီလိုစဉ်းစားပေးတဲ့ လွှတ်တော်အမတ်တွေရှိဘူးလား..။ပြော…။ဘယ်ခေတ်မှာ ပေါ်ဘူးလဲ ပြော…။

ဒါကြောင့်ပြောတာ ဒိဘိရုမာတိုင်းပြည်မှာ နတ်ဆိုးနေရတာ ပျော်ပါတယ်ဆို…။
နောက်ဆိုရင်  နှစ်ဆခေါင်းကြည့်တဲ့ အရည်နဲ့ စင်ပေါ်တက်ပြီး ဒိန်းခွင့်မရဘူးလို့ ဘယ်သူပြောနိုင်မလဲ..။
ဘယ်သူအာမခံနိုင်မလဲ..။
                                                                      နတ်ဆိုး 

 

(  Zawgyi  )

 တစ္ကယ္ေတာ့ ဒီေလာကႀကီးထဲ လူလာျဖစ္ရတာ နတ္ဆိုးအတြက္ တစ္ကယ္အခြင့္ထူးပါဘဲ။ တစ္ကယ္…အထူးသျဖင့္ ဒီဘိ႐ုမာတို႔ တိုင္းျပည္မွာ လူျဖစ္ရတာေပါ့။

စဥ္းစားၾကည့္ေလ..။ တျခားတျခားေသာ အာရွတိုင္းျပည္ေတြ ဆို ဘာသာေရး အစြန္းေရာက္ တာနဲ႔ ဇာတ္နိမ့္တာေတြ ျမင္တာေတြ အလယ္ျဖစ္တာေတြ အစဥ္အလာေတြနဲ႔ ရႈပ္လို႔…။
ဟိုဟာမလုပ္ရ ဒီဟာမလုပ္ရဆိုတာ လူျဖစ္ရတာ ဘယ္ေပ်ာ္စရာေကာင္းပါ့မလဲ။ မဟုတ္ဘူးလား..။
လူဆိုတာ သိတဲ့အတိုင္း အရႈပ္ထဲမွာ ပိုေပ်ာ္တယ္ေလ…။ အရႈပ္တကာအရႈပ္ထဲမွာ လူေတြက ကာမဘုံမွာ ပိုေပ်ာ္တယ္ေလ။ ကာမဘုံဆိုတာ သိတဲ့ အတိုင္း ကာမတစ္ခုတည္းေလ..။
ဒါေပမယ့္ လူဆိုတာ ကိုယ္ေပ်ာ္ပါးလို႔ အားရရင္ တျခားသူအလွည့္က် လႊတ္စည္းကမ္းေတြ ထုတ္ စည္းမ်ည္းေတြ ထုတ္ၿပီး ကိုယ္ေသာက္ကမျမင္းေၾကာမထခဲ့တဲ့ အတိုင္း..။
ေနာက္လူေတြကို ဟိုဟာမလုပ္နဲ႔ ဒီဟာမလုပ္နဲ႔ အို..စုံလိုဗ်ား။

ဒီဘိ႐ုမာတို႔ုတိုင္းျပည္ကေတာ့ ခပ္ရွင္းရွင္းဘဲ…..ဒီလို တစ္ကိုယ္ေကာင္းဆန္တဲ့ လူႀကီးေတြ ထြန္းကို မထြန္းကားတာ။
တစ္ကယ္..။အဟုတ္ တစ္ကယ္ေျပာတာ နတ္ဆိုးမညာဘူး။ မိုးႀကိဳးပြတ္ပါရဲ႕..အဲေလ..။ မိုးႀကိဳး ပစ္ပါရဲ..။
ဘာ!!!... ဒီေလာက္ တိုင္းျပည္ဘ႑ာ သူ႔ဘ႑ာမွတ္တဲ့ လူေတြ ထြန္းကားခဲ့တဲ့ တိုင္းျပည္မွာ  တစ္ကိုယ္ေကာင္းဆန္တဲ့ လူႀကီးေတြ မရွိဘူးဆိုတာ လာေသာက္ခြက္ေျပာင္တာ ဟုတ္လား..။
တစ္ကယ္…..။
နတ္ဆိုးတို႔ ဘိ႐ုမာတိုင္းျပည္က လူႀကီးေတြက တစ္ကယ္ကို တစ္ကိုယ္ေကာင္းကို မဆန္တတ္တာ။
ကဲ…မယုံရင္ နားေထာင္ …နတ္ဆိုးေျပာျပမယ္..။
ဒီဘိ႐ုမာတို႔တိုင္းျပည္မွာ လြတ္လပ္ေရးရကတည္းက သူမ်ားမယားၾကာခိုတဲ့ လူႀကီးေတြ ထြန္းကို ထြန္းကားတာ..။

ေအေပအေတမဟုတ္ဘူးေနာ္…လႊတ္ေတာ္အမတ္ေတြဗ်..။ မယုံရင္ ပါလီမန္ေခတ္ကို  ၾကည့္ဗ်ာ..။
ဘာသခင္ဆိုလား...။မီးခြက္မႈတ္လို႔ သတင္းစာကေနေဆာ္တာေလ။
ေနာက္ လြတ္လပ္ေရးမရခင္ကလည္းရွိတယ္.. ။အဲလို ေသာင္းက်န္းတဲ့သူ …။ ႏွယ္ႏွယ္ရရ မဟုတ္ဘူေးနာ္…။
ဗိုလ္ခ်ဳပ္ကိုလုပ္ႀကံတဲ့ ဟိုလူႀကီး…။သူလဲ ကေလးစာသင္ဖို႔ အိမ္ေခၚ ထားတဲ့ ဆရာမနဲ႔ ပူးေနာင္းဂ်ိန္ဂ်ိန္ လုပ္ၾကတာပဲ။

ဆရာအက်ဆုံးက ဟို..တိုင္းျပည္ကို လက္တစ္လုံးအလိုမွာ ေမာ့ေသာက္တဲ့ …အဲေလ.. ကယ္တင္တဲ့ လူႀကီး ..။
သူဆိုလဲ ၾကည့္။ မယားႀကီးငုတ္တုပ္နဲ႔ ယူလိုက္တာ ျပည္ပကေတာင္ ပါတယ္။
အဲဒီတုန္းက စာအုပ္အစိမ္းမရွိေသးလို႔ …။ ရွိမ်ားရွိရင္ ၅၉ (စ)နဲ႔ညႇိၿပီး သမၼတကေနျပဳတ္မွာ….။
 သူခမ်ာ တိုင္းျပည္ကိုလည္း ကယ္တင္ရ …. မိန္းမေတြကိုလည္း ကယ္တင္ရနဲ႔ အားကို မအားဘူးျဖစ္ရတာ..။
ဒီလို ဘက္စုံေသာင္းက်န္းဖို႔…အဲေလ ေတာ္ဖို႔ … လြယ္ေတာ့ လြယ္ဝူး..။
ဘာၾကာေသးလဲ …ဖမ္းဝရမ္းထုတ္ခံရတဲ့ ဟိုလူႀကီးဆို   မ်ိဳးခ်စ္စိတ္ ဘယ္ေလာက္မ်ား ျပင္းသလဲဆို ရဲကဝရမ္းနဲ႔  ဖမ္းဖို႔လိုက္ရွာမွ မယားေတြမ်ားေနလို႔ ဘယ္မယားအိမ္လိုက္ဖမ္းရမွန္းမသိ ဘဲ..။
မ်ိဳးခ်စ္စိတ္ျပင္းလိုက္ပုံမ်ားေျပာပါတယ္..။

ဒါေပမယ့္ ကိုယ္ေတြက ဒီလူေတြကို ေႂကြတယ္ေလ..။ သူ႔ဘာသာ တျခားဟာ ေဖာင္းရင္ေဖာင္းမယ္ က်ားက႑မွာေတာါ ကလီးယားဘဲ…။  သူတို႔လည္းစားတယ္…အဲေလ..။ သူလည္းယူတယ္..။ သူမ်ားယူလည္း မေႏွာင့္ယွက္ဘူး။ဘယ္ေလာက္အထာရွိလဲ..။
အခုဆို ေမ့ေမ့ေခတ္မွာ ဒီထက္ပိုေဂၚသြားၿပီ…။
 မယားခိုးတာ ၊ၾကာကူရီ႐ိုက္တာ ..မုဒိမ္းမႈက်ဴးလြန္တာေလာက္ေတာ့ ေျပာမေနနဲ႔…။
စင္ေပၚတက္ၿပီး မုဒိမ္း ပါေဖာင့္မန္ေတာင္တက္ျပလို႔ ရၿပီ… ။

ဒါေၾကာင့္ေျပာပါတယ္… ဘိ႐ိုမာတိုင္းျပည္မွာ လူလာျဖစ္ရတာ နတ္ဆိုးက အေသေပ်ာ္ပါတယ္ဆို…။
ကာမတစ္ခုတည္းဘဲလား ဆို ..ဘယ္ဟုတ္ပါ့မလဲ…. ။ဒီေမေမေခတ္မွာ သုရာကလည္း ဂြဒ္ၿပီးသား..။
အရင္ကဆို ေမ့ေမ့သားေလး နတ္ဆိုးတို႔ဘ၀ ေတာနဲ႔ ညားရ.. ၊ေဇနဲ႔ ညားရ..။ေဖာ္ေရွာနဲ႔ ညားရနဲ႔ မအိုမနာဘဲ နတ္ျပည္ကို ဝွစ္ကနဲ႔ ဝွစ္ကနဲ႔ တက္ေနရတာ…။

အခုဒါေတြကို သနားၿပီး ဟိုေန႔က လႊတ္ေတာ္မွာ ေမေမသားတစ္ေယာက္က အဆိုတင္တယ္ဆိုဘဲ..။
ဘာတဲ့ … အဆိုတင္တာ ကဗ်ာေတာင္ဆန္ေသး..။အရက္ေကာင္းေသာက္မွ မနက္အိပ္ယာထ ေခါင္းႏွစ္ဆပိုၾကည္လို႔ အရက္ခြန္ေတြ ေလ်ာ့ခိုင္းတယ္ဆိုပဲ…။
ဒါဘဲေလ နတ္ဆိုးတို႔က ေနာက္ ၂၀၂၀ မွာလည္း လက္သန္းေလးခြၽန္ၿပီး မွင္မကလို႔ ဘာပဲစြန္း..စြန္း..။ ေမေမကိုပဲ မဲထပ္ေပးမွာ။

ကိုယ္ေတြမ်ားေသာက္လာတာ ႏွစ္ကိုေပါက္လို႔ တစ္ခါမွ အရက္ေသာက္လို႔ မနက္ ေခါင္းၾကည္ တာတစ္ခါမွ မႀကဳံဖူးဘူး။ေမ့ေမ့သားအဆိုတင္မွ ေခါင္းၾကည့္မယ့္အရက္ကို ေသာက္ရမွာ..။
ဘာပဲေျပာေျပာေလ… ဒီေမ့ေမ့သားေက်းဇူးေၾကာင့္ အရက္ေကာင္းေသာက္ရေတာ့မွာ..။ အရက္သမားဆိုတာ အရက္သမားခ်င္း သစၥာရွိတာ..။
ကိုယ္ေပၚ ဒီလိုစဥ္းစားေပးတဲ့ လႊတ္ေတာ္အမတ္ေတြရွိဘူးလား..။ေျပာ…။ဘယ္ေခတ္မွာ ေပၚဘူးလဲ ေျပာ…။

ဒါေၾကာင့္ေျပာတာ ဒိဘိ႐ုမာတိုင္းျပည္မွာ နတ္ဆိုးေနရတာ ေပ်ာ္ပါတယ္ဆို…။
ေနာက္ဆိုရင္  ႏွစ္ဆေခါင္းၾကည့္တဲ့ အရည္နဲ႔ စင္ေပၚတက္ၿပီး ဒိန္းခြင့္မရဘူးလို႔ ဘယ္သူေျပာႏိုင္မလဲ..။
ဘယ္သူအာမခံႏိုင္မလဲ..။
                                                                      နတ္ဆိုး