【 သရော်စာ 】 “ ဘဘတွေ…. ပြန်လာပါ”

【 သရော်စာ 】  “ ဘဘတွေ…. ပြန်လာပါ”

ခေတ်ကိုက မကောင်းတာ။ သိတယ်မဟုတ်လား။ခေတ်က ဘာဖြစ်နေလဲ ..။ နှစ်ခြမ်းကို ကွဲနေ တာ။ ကမ္ဘာကြီးနှစ်ခြမ်းကွဲရင် ဘယ်ဘက်နေမလဲ ဆိုတာတောင် ထွက်လာ သေးတယ် မဟုတ်လား..။
 ဒါကြောင့် နတ်ဆိုးကပြောချင်တာ။
ခေတ်ကိုက မကောင်းတဲ့ ခေတ်။

    ဒါဆို ခေတ်ကောင်းရှိလားလို့ …။ရှိတာပေါ့…။ နတ်ဆိုးတို့က ခေတ်ကောင်းကိုမီပြီသား။ဒါကြောင့်  ဒီလိုမေးရင် ရင်ကော့ပြီး ဖြေပြီးသား … .။
    အဲ့ဒါ ဘဘတို့ခေတ်..။
ကဲ..စဉ်းစား ကြည့် ဘဘတို့ ခေတ်လောက်ကောင်းတဲ့ ခေတ် ကြုံဘူးလား။
    ခုခေတ် ဒိပ်ဒိပ်ကြဲသူခိုးကြီး၊အဲလေ ဒိပ်ဒိပ်ကြဲသူဌေးကြီးတွေဆိုတာ ဘယ်ခေတ်က ဖြစ်လာတာလည်း…။
မသိရင်မှတ်ထား…။
ဘဘတွေ ခေတ်မှာ စီးပွားဖြစ်လာတာ။ ဘဘတို့ ခေတ်မှာ ဝေတူမျှတူခိုးရင်းအဲလေ ယူရင်း သူဌေးကြီးတွေ ဖြစ်လာတာ..။

တချို့ကတော့ မရှိ ရှိတာလေးခုတ်ခပ်ရောင်းဝယ်ရင်း  သူဌေးဖြစ်လာတာလည်း ရှိတာ ပေါ့..။ သစ်တောလေး  ဧကထောင်ချီလေးခုတ်ရင်း … ကျောက်လုပ်ကွက်ထောင်ချီလေး လုပ်မိရင်းနဲ့ ဟုတ်ခနဲ့ အတိတ်ကံပေး အားချင်းချမ်းသာလာတာမျိုးလည်းှရှိတာပေါ့..။
တချို့ကတော့ ဒီဘဝမှာ မလုပ်ချင်ဘဲ ရာထူးကြီးတွေရပြီး အိမ်ထဲ ငွေထုပ်တွေ ဘွားကနဲ့ ရောက်ရောက်လာလို့ အလိုလိုချမ်းသာလာတာလည်း ရှိသဗျ..။
ဒါကို မသိတဲ့ သူတွေက ခိုးတယ်ဆိုလား..အလွဲသုံးစားလုပ်တယ်ဆိုလား…။
တစ်ကယ်က စဉ်းစာကြည့်ရင် ဒီလိုဗျ..။ ဘဘတို့က အရမ်းကိုယ်ချင်းစာစိတ်ကြီးတာ…။
ဒီလောက် အလုပ်တွေ လုပ်ထား ခိုင်းထားရ ဝေတူမျှစားလုပ်ထားရတော့ ဒီအလုပ်က နားရင် ဘယ်လိုလုပ်နေတတ်တော့မလဲ … ဟုတ်တယ်မဟုတ်လား..။

ဒါကြောင့် နားရင် အဆင့်တန်းမြင့်မြင့်နဲ့ နေလို့ရအောင် အထိုင်လေးမပျက်အောင် ငွေလေး တစ်ဘီလျံ လုပ်ကွက်လောက် ပေးစားတာ။တခါတစ်လေလည်း တစ်သက်စာ လုပ်ကွက်လေးဘာလေးပေါ့..။
ဘဘတွေလား..။ ဘဘတွေက ဒါမျိုးလုပ်ကိုလုပ်ဘူး။ ဘာလုပ်ရမှာလည်း ဂုဏ်သိက္ခာနဲ့ နေတာ..။ ဒီတော့ ဘဘတို့ကို ကြည်ညိုပြီး လူတွေကပေါပါ့။ သူတို့လယ်တွေယူပါ ယာတွေယူပါ..ပေါ့။
ကျောက်စိမ်းတွေ ရေနံတွေ သဘာဝဓာတ်ငွေ့တွေကလည်း ဘဘကို ကြည်ညိုတော့ ဘဘတွေ သူတို့ကိုသုံးပါ ရောင်းပါဆိုပြီး  အတင်းထိုးပေးတာ ..။သက်မဲ့တွေတောင် ကြည်ညိုတာ..။
သက်မဲ့တောင်ကြည်ညိုတယ်ဆို သက်ရှိကတော့ ပြောမနေနဲ့..။

ဘဘရော့ ဘဘရော့ ဆိုပြီး သိန်းတစ်ရာနှစ်ရာ  သိန်းတစ်ထောင်နှစ်ထောင် လာလာ ပေးကြ တာ..။မယူဘူူးဆိုလည်း ဇွတ်..။လူတွေထောင်သောင်းချီပြီး ပေးကြတော့ ဘဘတွေ ခမျာ ဘယ်လိုလုပ် ရိုးရိုးကုပ် ဆင်းဆင်းရဲရဲနေပြလို့ ရတော့မလဲ..။ ဟိုပေးတဲ့သူတွေကို အားနာစရာ..။
ဒီတော့
ချမ်းသာရတာပေါ့..။

ဘဘတွေကလည်း ကြည်ညိုစရာလေ..။ လူတွေ လယ်လုပ်ရင် တစ်မိုးလုံးပင်ပမ်းမယ်လေ။ဒါကြောင့် လယ်တွေမလုပ်နဲ့ ။နိူင်ငံခြားသွားပြီး လုပ်ကြဟိုမှာ အဆင့်တန်းမြင့်မြင်လုပ်ကြဆိုပြီး လယ်တွေ သိမ်းပေးတာ။
ဒီလိုစေတနာထားတာ..။

ဘဘတို့ခေတ်မှာ လူတိုင်းကို နေရာကုန်ရောက်ဖူးချင်တာ..။ထောင်ထဲတို့ တောထဲတို့ နိုင်ငံခြားတို့ ..။အခုဆို ဘဘတို့ စေတနာကြောင့် အိမ်တိုင်းနီးပါး ထောင်ကျတဲ့ သူရှိရင် ရှိ၊မရှိရင် နိုင်ငံခြားရောက်ဘူးတဲ့ သူရှိရင်ရှိ ၊မရှိရင် တောထဲတောင်ထဲ မြို့ထဲရွာထဲ ကျူးကျော်နဲ့ နေဘူးတဲ့ သူတွေချည်းဘဲ..။

ဘဘတို့ခေတ်မှာ လုပ်ရကိုင်ရ ရှာစားရလွယ်တယ်လေ..။ဘိန်းရောင်းမလား၊နှစ်လုံးရောင်းမလား၊ ဖာခန်းဖွင့်မလား..။ဖဲဝိုင်းထောင်မလား၊လူကုန်ကူးမလား..။အားလုံးအိုကေ..။
ဝေစားမျှစားလုပ်လိုက်ရင် အားလုံးပြီးပြီ။ဒါကြောင့် နတ်ဆိုးတို့က ဘဘမကောင်းပြောရင် ကြိုက်ကို ကြိုက်ဘူး။ဘဘကိုထိနဲ့..။
ဘဘမှ ဘဘဘဲ..၊

ဘဘတို့ခေတ်မှာ ဘဘတို့က မလုပ်ရင် အရှင်း၊လုပ်ရင် အရှင်း။
ဘာလဲဆို  ပိုက်ဆံရဖို့လား..။ ထိချင်တာ ထိ … ခုတ်ချင်ရာခုတ်.. တူးချင်ရာတူးကြ။ ငါ့မိသားစု ငါ့နေရာကို မလုရင် ပြီး ရော..။
ဒီလို ပြတ်တာ..။

    အဘတွေ ခေတ်မှာလောက် လုပ်ရတာလွယ်တယ်ရှိမလား..။ဒီခေတ် စီးပွားရေးမကောင်းဘူး မကောင်းဘူးမကောင်းဘူး ငြီေးနကြတာ…။
ဘယ်ကောင်းမလဲ.. အခုအမတို့က အဘတို့လောက်မှ စီးပွားရေးအမြင်မှ မရှိတာ..။
အဘတို့ခေတ်ကဆို ဝန်ထမ်းတိုင်း စီးပွားရေးအမြင်ကိုရှိတာ…။ အနည်းဆုံး ဈေးအခေါ်အပြောတော့ကျွမ်းကျင်ပြီးသား..။
ထူးတော့ ထူးဆန်းတယ်နော်..။အခုအမခေတ်မှာ ဒါမျိုးကြားဖူးလား..။

    ဟုတ်တယ်လေ..။မင်းတို့ အမခေတ်ကဘယ်လောက်ကောင်းနေလို့လဲ..။ ခိုးလို့မရတဲ့ အပြင် ရှိတာလေးပါ ဖွက်နေရပြီ။ အခွန်လားပါလား ..။ ဒီကြားထဲ ပိုင်ဆိုင်တာ စစ်ဦးမယ်ဆိုဘဲ..။
    တစ်ကယ်ဆို စဉ်းစားကြည့် …။ ခိုးတယ်ဆိုတာ လုပ်စားတယ်ဆိုတာ လာဘ်စားတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။တောင်းလည်းတောင်းတတ်မှ..။

    ညစ်လည်း ညစ်တတ်မှ၊ လုပ်ရဲကိုင်ရဲမှ ရတာ။ဒီလို သိက္ခာရင်းပြီး ရိက္ခာအတွက် ဗျင်းထားရ တာကို လာစစ်မယ်ဆိုတော့ ငါ့တို့ အဘတွေသာဆို ဒီလိုလုပ်မှာ မဟုတ်ဘူး။ နည်းနည်းပေးလိုက်ရင်ရပြီ ဆိုပြီး ရင်ထုမနာတွေ ဖြစ်နေရတာ..။    
အခု ၂၀၂၀ နီးပြီ။ သိတယ် မဟုတ်လား…။ ၂၀၂၀ မှာ ရွေးကောက်ပွဲဆိုတာ ရှိတယ်။ ရွေးကောက်ပွဲ ဆိုတာ သိတယ်မဟုတ်လား ။ ပါတီတွေ မဲဆွယ်ကြမှာ။
အခုကတည်းက မဲဆွယ်ကြပြီ။ နတ်ဆိုးတို့ ကတော့  ပြတ်ပြတ်ဘဲ  အနီတွေ အဖြူတွေ အဝါတွေ အစိမ်းတွေ မလုပ်နဲ့ ..။
ဘဘမှ ဘဘပဲ…။

ဘာလဲ ဆို ဘဘတွေ လာမှ နတ်ဆိုးတို့ လက်ကျန်လေး သမလို့ ရမယ်…ခိုးလို့ရမယ်..။
ဘဘတွေ ပြန်လာဖို့ မဲဆွယ်ရမယ်။ အရေးကြီးတယ်။
၂၀၂၀မှာ ဘဘတွေ နိုင်မှ ဖြစ်မယ်။မနိုင်လို့ မဖြစ်ဘူး.. ဒီငါးနှစ် ခိုးလို့မရလို့ ရှိတာလေး ထုတ်စား နေရတာ ကုန်တော့မယ်..။ ကြာရင် နတ်ဆိုးဘ၀ သူတောင်းစားဖြစ်တော့မယ်။
လာမယ်ရွေးကောက်ပွဲ ဘဘတွေ နိုင်မှ ဖြစ်မယ်။ဘဘတွေနိုင်မှ နတ်ဆိုးလို သူခိုးတွေ အခြေအနေကောင်းမှာလေ..။
ဒါအရေးကြီးတယ်..။
အခု ဆောင်ပုဒ်တောင်ရေးပြီပြီ။
ဘာတဲ့ --------
“ သူခိုးတစ်ခေတ် ပြန်ဖြစ်ဖို့  ဘဘတွေ ပြန်လာစို့ “ ဆိုလား..။
 

    နတ်ဆိုး 

(  Zawgyi  )

 ေခတ္ကိုက မေကာင္းတာ။ သိတယ္မဟုတ္လား။ေခတ္က ဘာျဖစ္ေနလဲ ..။ ႏွစ္ျခမ္းကို ကြဲေန တာ။ ကမာၻႀကီးႏွစ္ျခမ္းကြဲရင္ ဘယ္ဘက္ေနမလဲ ဆိုတာေတာင္ ထြက္လာ ေသးတယ္ မဟုတ္လား..။
 ဒါေၾကာင့္ နတ္ဆိုးကေျပာခ်င္တာ။
ေခတ္ကိုက မေကာင္းတဲ့ ေခတ္။

    ဒါဆို ေခတ္ေကာင္းရွိလားလို႔ …။ရွိတာေပါ့…။ နတ္ဆိုးတို႔က ေခတ္ေကာင္းကိုမီၿပီသား။ဒါေၾကာင့္  ဒီလိုေမးရင္ ရင္ေကာ့ၿပီး ေျဖၿပီးသား … .။
    အဲ့ဒါ ဘဘတို႔ေခတ္..။
ကဲ..စဥ္းစား ၾကည့္ ဘဘတို႔ ေခတ္ေလာက္ေကာင္းတဲ့ ေခတ္ ႀကဳံဘူးလား။
    ခုေခတ္ ဒိပ္ဒိပ္ႀကဲသူခိုးႀကီး၊အဲေလ ဒိပ္ဒိပ္ႀကဲသူေဌးႀကီးေတြဆိုတာ ဘယ္ေခတ္က ျဖစ္လာတာလည္း…။
မသိရင္မွတ္ထား…။
ဘဘေတြ ေခတ္မွာ စီးပြားျဖစ္လာတာ။ ဘဘတို႔ ေခတ္မွာ ေဝတူမွ်တူခိုးရင္းအဲေလ ယူရင္း သူေဌးႀကီးေတြ ျဖစ္လာတာ..။

တခ်ိဳ႕ကေတာ့ မရွိ ရွိတာေလးခုတ္ခပ္ေရာင္းဝယ္ရင္း  သူေဌးျဖစ္လာတာလည္း ရွိတာ ေပါ့..။ သစ္ေတာေလး  ဧကေထာင္ခ်ီေလးခုတ္ရင္း … ေက်ာက္လုပ္ကြက္ေထာင္ခ်ီေလး လုပ္မိရင္းနဲ႔ ဟုတ္ခနဲ႔ အတိတ္ကံေပး အားခ်င္းခ်မ္းသာလာတာမ်ိဳးလည္းွရွိတာေပါ့..။
တခ်ိဳ႕ကေတာ့ ဒီဘဝမွာ မလုပ္ခ်င္ဘဲ ရာထူးႀကီးေတြရၿပီး အိမ္ထဲ ေငြထုပ္ေတြ ဘြားကနဲ႔ ေရာက္ေရာက္လာလို႔ အလိုလိုခ်မ္းသာလာတာလည္း ရွိသဗ်..။
ဒါကို မသိတဲ့ သူေတြက ခိုးတယ္ဆိုလား..အလြဲသုံးစားလုပ္တယ္ဆိုလား…။
တစ္ကယ္က စဥ္းစာၾကည့္ရင္ ဒီလိုဗ်..။ ဘဘတို႔က အရမ္းကိုယ္ခ်င္းစာစိတ္ႀကီးတာ…။
ဒီေလာက္ အလုပ္ေတြ လုပ္ထား ခိုင္းထားရ ေဝတူမွ်စားလုပ္ထားရေတာ့ ဒီအလုပ္က နားရင္ ဘယ္လိုလုပ္ေနတတ္ေတာ့မလဲ … ဟုတ္တယ္မဟုတ္လား..။

ဒါေၾကာင့္ နားရင္ အဆင့္တန္းျမင့္ျမင့္နဲ႔ ေနလို႔ရေအာင္ အထိုင္ေလးမပ်က္ေအာင္ ေငြေလး တစ္ဘီလ်ံ လုပ္ကြက္ေလာက္ ေပးစားတာ။တခါတစ္ေလလည္း တစ္သက္စာ လုပ္ကြက္ေလးဘာေလးေပါ့..။
ဘဘေတြလား..။ ဘဘေတြက ဒါမ်ိဳးလုပ္ကိုလုပ္ဘူး။ ဘာလုပ္ရမွာလည္း ဂုဏ္သိကၡာနဲ႔ ေနတာ..။ ဒီေတာ့ ဘဘတို႔ကို ၾကည္ညိဳၿပီး လူေတြကေပါပါ့။ သူတို႔လယ္ေတြယူပါ ယာေတြယူပါ..ေပါ့။
ေက်ာက္စိမ္းေတြ ေရနံေတြ သဘာဝဓာတ္ေငြ႕ေတြကလည္း ဘဘကို ၾကည္ညိဳေတာ့ ဘဘေတြ သူတို႔ကိုသုံးပါ ေရာင္းပါဆိုၿပီး  အတင္းထိုးေပးတာ ..။သက္မဲ့ေတြေတာင္ ၾကည္ညိဳတာ..။
သက္မဲ့ေတာင္ၾကည္ညိဳတယ္ဆို သက္ရွိကေတာ့ ေျပာမေနနဲ႔..။

ဘဘေရာ့ ဘဘေရာ့ ဆိုၿပီး သိန္းတစ္ရာႏွစ္ရာ  သိန္းတစ္ေထာင္ႏွစ္ေထာင္ လာလာ ေပးၾက တာ..။မယူဘူူးဆိုလည္း ဇြတ္..။လူေတြေထာင္ေသာင္းခ်ီၿပီး ေပးၾကေတာ့ ဘဘေတြ ခမ်ာ ဘယ္လိုလုပ္ ႐ိုး႐ိုးကုပ္ ဆင္းဆင္းရဲရဲေနျပလို႔ ရေတာ့မလဲ..။ ဟိုေပးတဲ့သူေတြကို အားနာစရာ..။
ဒီေတာ့
ခ်မ္းသာရတာေပါ့..။

ဘဘေတြကလည္း ၾကည္ညိဳစရာေလ..။ လူေတြ လယ္လုပ္ရင္ တစ္မိုးလုံးပင္ပမ္းမယ္ေလ။ဒါေၾကာင့္ လယ္ေတြမလုပ္နဲ႔ ။ႏိူင္ငံျခားသြားၿပီး လုပ္ၾကဟိုမွာ အဆင့္တန္းျမင့္ျမင္လုပ္ၾကဆိုၿပီး လယ္ေတြ သိမ္းေပးတာ။
ဒီလိုေစတနာထားတာ..။

ဘဘတို႔ေခတ္မွာ လူတိုင္းကို ေနရာကုန္ေရာက္ဖူးခ်င္တာ..။ေထာင္ထဲတို႔ ေတာထဲတို႔ ႏိုင္ငံျခားတို႔ ..။အခုဆို ဘဘတို႔ ေစတနာေၾကာင့္ အိမ္တိုင္းနီးပါး ေထာင္က်တဲ့ သူရွိရင္ ရွိ၊မရွိရင္ ႏိုင္ငံျခားေရာက္ဘူးတဲ့ သူရွိရင္ရွိ ၊မရွိရင္ ေတာထဲေတာင္ထဲ ၿမိဳ႕ထဲ႐ြာထဲ က်ဴးေက်ာ္နဲ႔ ေနဘူးတဲ့ သူေတြခ်ည္းဘဲ..။

ဘဘတို႔ေခတ္မွာ လုပ္ရကိုင္ရ ရွာစားရလြယ္တယ္ေလ..။ဘိန္းေရာင္းမလား၊ႏွစ္လုံးေရာင္းမလား၊ ဖာခန္းဖြင့္မလား..။ဖဲဝိုင္းေထာင္မလား၊လူကုန္ကူးမလား..။အားလုံးအိုေက..။
ေဝစားမွ်စားလုပ္လိုက္ရင္ အားလုံးၿပီးၿပီ။ဒါေၾကာင့္ နတ္ဆိုးတို႔က ဘဘမေကာင္းေျပာရင္ ႀကိဳက္ကို ႀကိဳက္ဘူး။ဘဘကိုထိနဲ႔..။
ဘဘမွ ဘဘဘဲ..၊

ဘဘတို႔ေခတ္မွာ ဘဘတို႔က မလုပ္ရင္ အရွင္း၊လုပ္ရင္ အရွင္း။
ဘာလဲဆို  ပိုက္ဆံရဖို႔လား..။ ထိခ်င္တာ ထိ … ခုတ္ခ်င္ရာခုတ္.. တူးခ်င္ရာတူးၾက။ ငါ့မိသားစု ငါ့ေနရာကို မလုရင္ ၿပီး ေရာ..။
ဒီလို ျပတ္တာ..။

    အဘေတြ ေခတ္မွာေလာက္ လုပ္ရတာလြယ္တယ္ရွိမလား..။ဒီေခတ္ စီးပြားေရးမေကာင္းဘူး မေကာင္းဘူးမေကာင္းဘူး ၿငီေးနၾကတာ…။
ဘယ္ေကာင္းမလဲ.. အခုအမတို႔က အဘတို႔ေလာက္မွ စီးပြားေရးအျမင္မွ မရွိတာ..။
အဘတို႔ေခတ္ကဆို ဝန္ထမ္းတိုင္း စီးပြားေရးအျမင္ကိုရွိတာ…။ အနည္းဆုံး ေဈးအေခၚအေျပာေတာ့ကြၽမ္းက်င္ၿပီးသား..။
ထူးေတာ့ ထူးဆန္းတယ္ေနာ္..။အခုအမေခတ္မွာ ဒါမ်ိဳးၾကားဖူးလား..။

    ဟုတ္တယ္ေလ..။မင္းတို႔ အမေခတ္ကဘယ္ေလာက္ေကာင္းေနလို႔လဲ..။ ခိုးလို႔မရတဲ့ အျပင္ ရွိတာေလးပါ ဖြက္ေနရၿပီ။ အခြန္လားပါလား ..။ ဒီၾကားထဲ ပိုင္ဆိုင္တာ စစ္ဦးမယ္ဆိုဘဲ..။
    တစ္ကယ္ဆို စဥ္းစားၾကည့္ …။ ခိုးတယ္ဆိုတာ လုပ္စားတယ္ဆိုတာ လာဘ္စားတယ္ဆိုတာ လြယ္တာမဟုတ္ဘူး။ေတာင္းလည္းေတာင္းတတ္မွ..။

    ညစ္လည္း ညစ္တတ္မွ၊ လုပ္ရဲကိုင္ရဲမွ ရတာ။ဒီလို သိကၡာရင္းၿပီး ရိကၡာအတြက္ ဗ်င္းထားရ တာကို လာစစ္မယ္ဆိုေတာ့ ငါ့တို႔ အဘေတြသာဆို ဒီလိုလုပ္မွာ မဟုတ္ဘူး။ နည္းနည္းေပးလိုက္ရင္ရၿပီ ဆိုၿပီး ရင္ထုမနာေတြ ျဖစ္ေနရတာ..။    
အခု ၂၀၂၀ နီးၿပီ။ သိတယ္ မဟုတ္လား…။ ၂၀၂၀ မွာ ေ႐ြးေကာက္ပြဲဆိုတာ ရွိတယ္။ ေ႐ြးေကာက္ပြဲ ဆိုတာ သိတယ္မဟုတ္လား ။ ပါတီေတြ မဲဆြယ္ၾကမွာ။
အခုကတည္းက မဲဆြယ္ၾကၿပီ။ နတ္ဆိုးတို႔ ကေတာ့  ျပတ္ျပတ္ဘဲ  အနီေတြ အျဖဴေတြ အဝါေတြ အစိမ္းေတြ မလုပ္နဲ႔ ..။
ဘဘမွ ဘဘပဲ…။

ဘာလဲ ဆို ဘဘေတြ လာမွ နတ္ဆိုးတို႔ လက္က်န္ေလး သမလို႔ ရမယ္…ခိုးလို႔ရမယ္..။
ဘဘေတြ ျပန္လာဖို႔ မဲဆြယ္ရမယ္။ အေရးႀကီးတယ္။
၂၀၂၀မွာ ဘဘေတြ ႏိုင္မွ ျဖစ္မယ္။မႏိုင္လို႔ မျဖစ္ဘူး.. ဒီငါးႏွစ္ ခိုးလို႔မရလို႔ ရွိတာေလး ထုတ္စား ေနရတာ ကုန္ေတာ့မယ္..။ ၾကာရင္ နတ္ဆိုးဘ၀ သူေတာင္းစားျဖစ္ေတာ့မယ္။
လာမယ္ေ႐ြးေကာက္ပြဲ ဘဘေတြ ႏိုင္မွ ျဖစ္မယ္။ဘဘေတြႏိုင္မွ နတ္ဆိုးလို သူခိုးေတြ အေျခအေနေကာင္းမွာေလ..။
ဒါအေရးႀကီးတယ္..။
အခု ေဆာင္ပုဒ္ေတာင္ေရးၿပီၿပီ။
ဘာတဲ့ --------
“ သူခိုးတစ္ေခတ္ ျပန္ျဖစ္ဖို႔  ဘဘေတြ ျပန္လာစို႔ “ ဆိုလား..။

    နတ္ဆိုး