【ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်း အဖိုးတန်စက်ပစ္စည်းတွေ၊ ပရိဘောဂပစ္စည်းတွေ ဝင်တတ်ပါတယ်။ယခုရက်ပိုင်းအတွင်း ဗုဒ္ဓဟူး သားသမီးတွေနဲ့တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေးကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။စပ်တူကိစ္စတွေ၊ စာချုပ်စာတမ်းကိစ္စတွေ အထစ်အငေါ့ရှိတတ်လို့ သတိထားသင့်ပါတယ်။မထင်မှတ်ဘဲ နိုင်ငံရပ်ခြား၊ လူမျိုးခြား အဆက်အသွယ် အကူအညီကောင်းတွေ ရတတ်ပါတယ်။တပည့်တွေ သူငယ်ချင်းအရင်းတွေ သစ္စာဖောက်တတ်လို့ သတိထားသင့်ပါတယ်။ဒီကာလမှာ ဆိုင်သစ်၊ အိမ်သစ်၊ အလုပ်အကိုင်သစ်ကိစ္စတွေ အောင်မြင်တတ်ပါတယ်။ဒီရက်ပိုင်း စိတ်မတင်မကျကိစ္စတွေ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ ဖြစ်တတ်ပါတယ်။ပညာရေးကံက ကောင်းနေပါတယ်။အိမ်ထောင်ရှင်များနဲ့ ငယ်ရွယ်သူများကတော့ ဘာမဟုတ်တာနဲ့ ခဏခဏစိတ်ဆိုးစိတ်ကောက် ရန်ဖြစ်တတ်ပါတယ်။ကျန်းမာရေးမှာ ဆေးမှားကိန်းရှိလို့ ဆရာဝန်မညွှန်ဘဲ ကိုယ်သဘောနဲ့ကိုယ် မသောက်ပါနဲ့။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး ပန်းကိုးမျိုး၊ သစ်သီးကိုးမျိုးဖြင့် ဘုရားရှင်အား ကပ်လှူပူဇော်ပါ။
 
ပြည်ပထွက်ခွာလိုသူများ ။     ။ နီးစပ်ရာ ဘုန်ကြီးကျောင်းမှ စာသင်သံဃာတော်အား လွယ်အိတ်လှူပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဗုဒ္ဓဟူးထောင့်အရပ်ရှိ ဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ယခုတစ်ပတ်လုံး မနက်ဘက်သွားကာ ရွတ်ဖတ်ပူဇော်ပေးပါ။ 
 
အိမ်ထောင်ရေး၊ နှလုံးသားရေ းအဆင်မပြေသူများ ။     ။ အိမ်ထောက်ဘက် ရည်ရွယ်သူကို တတ်နိုင်သလောက် အချိန်ပေးကာ မေတ္တာပို့ပါ။ဓာတ်ဗူးအသစ်ထဲ နှစ်ဦးစလုံးပုံထည့်ကာ တစ်ပတ်တိတိထားပေးပါ။ 
 
လူမှုရေးအတိုက်အခံများသူများ ။     ။ မနက်နှင့် ညအိပ်ရာဝင်တိုင်း သက်စေ့မေတ္တာသုတ် ရွတ်ဆိုပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားအောင်မြေတွင် ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားဖြင့် သက်စေ့ ဗောဇ္ဇင်သုတ် ရွတ်ဖတ်ပေးပါ။ 
 
ထီကံကောင်းလိုသူများ ။     ။ ကြုံရာထီဆိုင်တွင် ၄ အပူးဂဏန်းပါအောင် ထိုးပါ။
 
( Zawgyi )
 
ယခုရက္ပိုင္း အဖိုးတန္စက္ပစၥည္းေတြ၊ ပရိေဘာဂပစၥည္းေတြ ဝင္တတ္ပါတယ္။ယခုရက္ပိုင္းအတြင္း ဗုဒၶဟူး သားသမီးေတြနဲ႔တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။စပ္တူကိစၥေတြ၊ စာခ်ဳပ္စာတမ္းကိစၥေတြ အထစ္အေငါ့ရွိတတ္လို႔ သတိထားသင့္ပါတယ္။မထင္မွတ္ဘဲ ႏိုင္ငံရပ္ျခား၊ လူမ်ိဳးျခား အဆက္အသြယ္ အကူအညီေကာင္းေတြ ရတတ္ပါတယ္။တပည့္ေတြ သူငယ္ခ်င္းအရင္းေတြ သစၥာေဖာက္တတ္လို႔ သတိထားသင့္ပါတယ္။ဒီကာလမွာ ဆိုင္သစ္၊ အိမ္သစ္၊ အလုပ္အကိုင္သစ္ကိစၥေတြ ေအာင္ျမင္တတ္ပါတယ္။ဒီရက္ပိုင္း စိတ္မတင္မက်ကိစၥေတြ ဆုံးျဖတ္ရခက္တဲ့ကိစၥေတြ ျဖစ္တတ္ပါတယ္။ပညာေရးကံက ေကာင္းေနပါတယ္။အိမ္ေထာင္ရွင္မ်ားနဲ႔ ငယ္႐ြယ္သူမ်ားကေတာ့ ဘာမဟုတ္တာနဲ႔ ခဏခဏစိတ္ဆိုးစိတ္ေကာက္ ရန္ျဖစ္တတ္ပါတယ္။က်န္းမာေရးမွာ ေဆးမွားကိန္းရွိလို႔ ဆရာဝန္မၫႊန္ဘဲ ကိုယ္သေဘာနဲ႔ကိုယ္ မေသာက္ပါနဲ႔။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး ပန္းကိုးမ်ိဳး၊ သစ္သီးကိုးမ်ိဳးျဖင့္ ဘုရားရွင္အား ကပ္လႉပူေဇာ္ပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နီးစပ္ရာ ဘုန္ႀကီးေက်ာင္းမွ စာသင္သံဃာေတာ္အား လြယ္အိတ္လႉေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဗုဒၶဟူးေထာင့္အရပ္ရွိ ဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ယခုတစ္ပတ္လုံး မနက္ဘက္သြားကာ ႐ြတ္ဖတ္ပူေဇာ္ေပးပါ။ 
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရ းအဆင္မေျပသူမ်ား ။     ။ အိမ္ေထာက္ဘက္ ရည္႐ြယ္သူကို တတ္ႏိုင္သေလာက္ အခ်ိန္ေပးကာ ေမတၱာပို႔ပါ။ဓာတ္ဗူးအသစ္ထဲ ႏွစ္ဦးစလုံးပုံထည့္ကာ တစ္ပတ္တိတိထားေပးပါ။ 
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ မနက္ႏွင့္ ညအိပ္ရာဝင္တိုင္း သက္ေစ့ေမတၱာသုတ္ ႐ြတ္ဆိုေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားေအာင္ေျမတြင္ ကိုယ္တိုင္ (သို႔မဟုတ္) ကိုယ္စားျဖင့္ သက္ေစ့ ေဗာဇၨင္သုတ္ ႐ြတ္ဖတ္ေပးပါ။ 
 
ထီကံေကာင္းလိုသူမ်ား ။     ။ ႀကဳံရာထီဆိုင္တြင္ ၄ အပူးဂဏန္းပါေအာင္ ထိုးပါ။