【 ဗေဒင်】တနင်္လာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ဒီတစ်ပတ် သင့်အတွက် ပညာရေး၊လူမှုရေး၊စီးပွားရေးအတွက် အကောင်းဆုံး အကြံပေး နိုင်တာက အင်္ဂါသားသမီး တွေပါ။ ယခုရက်ပိုင်းအတွင်း ဒွိဟဖြစ်စရာတွေ ဆုးဖြတ်ရ ခက်တဲ့ ကိစ္စတွေ ကြုံလာစရာရှိ တတ်ပါတယ်။ အမှားကြုံတတ်ပါတယ်။ အလုပ်များ များရတတ်သလို ငွေကံလည်းကောင်းနေတတ်ပါတယ်။ ခရီးကောင်းတွေ ထွက်ရတတ် သလို မမျှော်လင့်ဘဲ ဘုရားဖူးခရီးတွေ ထွက်ရတတ်ပါတယ်။ အထည်အလိပ် လုပ်ငန်း၊ ကုန်ခြောက်နဲ့ အလှကုန်လုပ်ငန်းတွေ လုပ်ကိုင်သူတွေ ဒီကာလ မကောင်းပါဘူး။ ဒီကာလမှာ မိတ်ကောင်းဆွေကောင်းတွေက သင်အခက်အခဲရှိနေရင် လာကူညီ ပါလိမ့် မယ်။ အိမ်တွင်းရေးက သာယာနေတတ်သလို မိသားစုဆွေမျိုးများအတွင်း ပျော်ရွှင်ရမယ့် အချိန်ကာလပါ။ ဒီရက်ပိုင်း စပ်တူကိစ္စတွေ အကျိုးမပေးပေမယ့် စာချုပ်စာတမ်းနဲ့ လုပ်ရ တဲ့ အလုပ်တွေ ကောင်းပါတယ်။ ကျန်းမာရေးက ကောင်းနေပေမယ့် ခါး၊အစာအိမ်၊ ခြေထောက်တွေ ဂရုစိုက်ပါ။ပညာရေးကတော့ အာရုံစိုက်သလောက် အကျိုးများတဲ့ အချိန်ပါ။ အိမ်ထောင်ရှင် ချစ်သူအချင်းချင်း အဆင်မပြေမှုတွေ ရှိနေတတ်ပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အား ကြာဇံကျော် ကပ်လှူ ပူဇော်ပါ။
ပြည်ပထွက်ခွာလိုသူများ။ ။ လမ်းထဲ ဆွမ်းဆန်ကြွသည့် သီလရှင်ဆရာများကို ထီးတစ် ချောင်း လှူဒါန်းပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။နေအိမ်အရပ်မှ အင်္ဂါထောင့် အရပ်ရှိ ဘုရား စေတီတွင် သန့်ရှင်းရေးလုပ်ပြီးပဋ္ဌာန်းနှင့် ဓမ္မစကြာကိုရွတ်ဖတ်ပူဇော်ပေးပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။သင့်အိမ်ထောင်ဘက်၏ ပုံမှန်အသုံးအဆောင်တစ်ခု ကို ခေါင်းအုံးအောက်ထားအိပ်ကာ စိတ်ထဲက မေတ္တာသုတ် ရွတ်ဆိုပူဇော်ပြီးမှ အိပ်ပါ။
လူမှုရေးအတိုက်အခံများသူများ။ ။ဘုရားစေတီများတွင် အရဟံ၊သံမ္ဗုဒ္ဓေဂါထာ နှစ်မျိုး လုံး သက်စေ့ရွတ်ဆို ပူဇော်ပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ ယခုရက်အတွင်း ရေသတ္တဝါများကို အစာကျွေးပါ။ သတိရတိုင်း ဗောဇ္ဇင်သုတ်ကို ရွတ်ဆိုပူဇော်ပါ။
ထီကံကောင်းလိုသူများ။ ။ အင်္ဂါနံထီဆိုင်တွင် ၂ အစ ၃ အဆုံး ထီလက်မှတ်ကိုရှာထိုးပါ။
(  Zawgyi  )