【 ဗေဒင် 】တနင်္လာ သားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် သင့်ကံကြမ္မာက ဆိုးမလိုလိုနဲ့ ကောင်းနေတဲ့ ကာလပါ။ ဘာအလုပ်မဆို ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူ ဖြစ်နေရင်တောင် ကျနေတဲ့ လုပ်ငန်းတွေ မရတော့ဘူးထင်မှ ပြန်အဆင်ပြေလာတဲ့ အထိ ကံပြန်ထတဲ့ ကာလထဲ ရောက်နေပါတယ်။ ဒီကာလမှာ အဆင်ပြေတာနဲ့ တက်စုံရွက်စုံလွှင့်ရမယ့် အချိန်ကာလပါ။ ယခု တစ်ပတ် လူမှုရေး ၊ စီးပွားရေး ၊ပညာရေးအောင်မြင်လိုသော ကိစ္စများအတွက် အင်္ဂါသားသမီးများ နှင့် တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ နေရာထိုင်ခင်း အပြောင်းအလဲရှိနေပြီး လက်ရှိလုပ်ကိုင် နေတဲ့ အလုပ်မှာ လုပ်ဖော်ကိုင်ဖက် တွေကြောင့် စိတ်ညစ်စရာပေါ်တတ်ပါတယ်။ လူမှုရေးလုပ်ငန်းတွေ သာရေးနာရေးတွေနဲ့ အချိန်ကုန်နေတတ်သလို ဝင်ငွေများ သလောက် ထွက်ငွေများနေမယ့် ကာလလည်း ဖြစ်နေပါတယ်။ ဒီကာလမှာ အနုပညာ အလုပ်တွေ၊ ကား၊ကျောက်လုပ်ငန်းတွေ၊ အလုကုန် လုပ်ငန်းတွေ အထူးကောင်းပါ တယ်။ ပြည်ပခရီးစဉ် ပျက်တတ်ပေမယ့် ဘုရားဖူးခရီးတွေတော့ မမျှော်လင့်ဘဲ သွားရ တတ်ပါတယ်။ မိတ်ဟောင်းဆွေဟောင်းတွေ တိုးမယ့် ကာလပါ။ အိမ်ဝယ်မြေဝယ် လုပ်ငန်းတွေ စပ်တူ လုပ်ငန်းတွေ အောင်မြင်မှုမရနိုင်သေးပါဘူး။ ကျန်းမာရေး ကောင်းပေ မယ့် အပူအစပ်အ စာတွေကြောင့် ဒုက္ခများ တတ်ပါတယ်။ ပညာရေးပိုင်း အထူး ကောင်းမွန်နေပြီး နိုင်ငံခြားကို ပညာတော်သင် သွားရကိန်းရှိတတ်ပါတယ်။ အိမ်ထောင်ရှင်များ စကားများတတ်ပြီး အိမ်ပေါ်က ဆင်းသွားတတ်သလို ချစ်သူတွေ ကတော့ သတင်းကောင်းကြား ရမယ့်အချိန်ကာလပါ။
 
 
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအား နံနက်စောစော ဆီထမင်း ကပ်လှူကာ လိုရာ ဆုတောင်းပါ။
 
 
ပြည်ပထွက်ခွာလိုသူများ။ ။ မွေးနေ့တိုင်း ပဋ္ဌာန်း၊ဂုဏ်တော်ကွန်ချာကို ရွတ်ဆိုပြီး လိုရာအာရုံပြုကာ အမျှ ဝေပါ။
 
 
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ဘုရားစေတီများရှိ အင်္ဂါထောင့်တွင် သန့်ရှင်း ရေးလုပ်ပြီး ဆီမီးပူဇော်ပါ ။
 
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။အိမ်ထဲတွင် စက်ပစ္စည်း အဟောင်း အပျက်များ၊ ကုတင်အောက် တွင် စက်ပစ္စည်းများထားမိပါက အပြင်သို့ ဖယ်ထုတ်ပါ။
 
 
လူမှုရေးအတိုက်အခံများသူများ။ ။အိမ်နှင့်အနီးဆုံးစေတီတွင် နံနက်စောစောသွားကာ အမှိုက်များ ရှင်းလင်း ပေးခြင်း၊ ပန်းဆီမီးကပ်လှူပေးခြင်း ပြုလုပ်ပေးပါက အကောင်းဆုံး ဖြစ်သည်။
 
 
ကျန်းမာရေးမကောင်းသူများ ။ ။ လမ်းထဲမှ နေထိုင်မကောင်းသူ တစ်ယောက်အား ဆေးဝါးဓာတ်စာလှူဒါန်း ကူညီပေးလိုက်ပါ။
 
 
ထီကံကောင်းလိုသူများ ။ ။ ယခုတစ်ပတ် သင့်အတွက် ၃ ဂဏန်းများများပါသည့် ထီလက်မှတ်ကိုသာ ရှာထိုးသင့်ပါသည်။
 
(  Zawgyi  )
 
 ယခုတစ္ပတ္ သင့္ကံၾကမၼာက ဆိုးမလိုလိုနဲ႔ ေကာင္းေနတဲ့ ကာလပါ။ ဘာအလုပ္မဆို ကိုယ္ပိုင္လုပ္ငန္းလုပ္ေနသူ ျဖစ္ေနရင္ေတာင္ က်ေနတဲ့ လုပ္ငန္းေတြ မရေတာ့ဘူးထင္မွ ျပန္အဆင္ေျပလာတဲ့ အထိ ကံျပန္ထတဲ့ ကာလထဲ ေရာက္ေနပါတယ္။ ဒီကာလမွာ အဆင္ေျပတာနဲ႔ တက္စုံ႐ြက္စုံလႊင့္ရမယ့္ အခ်ိန္ကာလပါ။ ယခု တစ္ပတ္ လူမႈေရး ၊ စီးပြားေရး ၊ပညာေရးေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ အဂၤါသားသမီးမ်ား ႏွင့္ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ ေနရာထိုင္ခင္း အေျပာင္းအလဲရွိေနၿပီး လက္ရွိလုပ္ကိုင္ ေနတဲ့ အလုပ္မွာ လုပ္ေဖာ္ကိုင္ဖက္ ေတြေၾကာင့္ စိတ္ညစ္စရာေပၚတတ္ပါတယ္။ လူမႈေရးလုပ္ငန္းေတြ သာေရးနာေရးေတြနဲ႔ အခ်ိန္ကုန္ေနတတ္သလို ဝင္ေငြမ်ား သေလာက္ ထြက္ေငြမ်ားေနမယ့္ ကာလလည္း ျဖစ္ေနပါတယ္။ ဒီကာလမွာ အႏုပညာ အလုပ္ေတြ၊ ကား၊ေက်ာက္လုပ္ငန္းေတြ၊ အလုကုန္ လုပ္ငန္းေတြ အထူးေကာင္းပါ တယ္။ ျပည္ပခရီးစဥ္ ပ်က္တတ္ေပမယ့္ ဘုရားဖူးခရီးေတြေတာ့ မေမွ်ာ္လင့္ဘဲ သြားရ တတ္ပါတယ္။ မိတ္ေဟာင္းေဆြေဟာင္းေတြ တိုးမယ့္ ကာလပါ။ အိမ္ဝယ္ေျမဝယ္ လုပ္ငန္းေတြ စပ္တူ လုပ္ငန္းေတြ ေအာင္ျမင္မႈမရႏိုင္ေသးပါဘူး။ က်န္းမာေရး ေကာင္းေပ မယ့္ အပူအစပ္အ စာေတြေၾကာင့္ ဒုကၡမ်ား တတ္ပါတယ္။ ပညာေရးပိုင္း အထူး ေကာင္းမြန္ေနၿပီး ႏိုင္ငံျခားကို ပညာေတာ္သင္ သြားရကိန္းရွိတတ္ပါတယ္။ အိမ္ေထာင္ရွင္မ်ား စကားမ်ားတတ္ၿပီး အိမ္ေပၚက ဆင္းသြားတတ္သလို ခ်စ္သူေတြ ကေတာ့ သတင္းေကာင္းၾကား ရမယ့္အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ဘုရားအား နံနက္ေစာေစာ ဆီထမင္း ကပ္လႉကာ လိုရာ ဆုေတာင္းပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ ေမြးေန႔တိုင္း ပ႒ာန္း၊ဂုဏ္ေတာ္ကြန္ခ်ာကို ႐ြတ္ဆိုၿပီး လိုရာအာ႐ုံျပဳကာ အမွ် ေဝပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ဘုရားေစတီမ်ားရွိ အဂၤါေထာင့္တြင္ သန႔္ရွင္း ေရးလုပ္ၿပီး ဆီမီးပူေဇာ္ပါ ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။အိမ္ထဲတြင္ စက္ပစၥည္း အေဟာင္း အပ်က္မ်ား၊ ကုတင္ေအာက္ တြင္ စက္ပစၥည္းမ်ားထားမိပါက အျပင္သို႔ ဖယ္ထုတ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။အိမ္ႏွင့္အနီးဆုံးေစတီတြင္ နံနက္ေစာေစာသြားကာ အမႈိက္မ်ား ရွင္းလင္း ေပးျခင္း၊ ပန္းဆီမီးကပ္လႉေပးျခင္း ျပဳလုပ္ေပးပါက အေကာင္းဆုံး ျဖစ္သည္။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ လမ္းထဲမွ ေနထိုင္မေကာင္းသူ တစ္ေယာက္အား ေဆးဝါးဓာတ္စာလႉဒါန္း ကူညီေပးလိုက္ပါ။

ထီကံေကာင္းလိုသူမ်ား ။ ။ ယခုတစ္ပတ္ သင့္အတြက္ ၃ ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကိုသာ ရွာထိုးသင့္ပါသည္။