【 ဗေဒင် 】အင်္ဂါသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်းမိတ်ဆွေကောင်းများရဲ့ အကူအညီများရတတ်ပါတယ်။ ကွဲကွာနေသူ များပြန်ဆုံခြင်း၊ ရပ်ဝေးကမိတ်ဆွေများနဲ့ ပြန်ဆုံရတတ်ပါတယ်။ ယခုရက်ပိုင်း အတွင်း သင်ဘာလုပ်လုပ် စနေသားသမီးတွေနဲ့ တိုင်ပင်တာကအောင်မြင်နိုင်ပါတယ်။ ပြည်တွင်း ပြည်ပခရီးသွားဖို့ စီစဉ်ထားတာတွေ အောင်မြင်တတ်ပါတယ်။ ဒီကာလမှာ ငွေရေး ကြေးရေး ကိစ္စတွေ ၊နေရာသစ်၊လုပ်ငန်းသစ်၊အိမ်သစ်ကိစ္စတွေ စလုပ်လို့ ကောင်းတဲ့ ကာ လပါ။ လူမျိုးခြားနဲ့ စပ်တူလုပ်ရတဲ့ အလုပ်တွေ ၊စာချုပ်စာတမ်းအလုပ်တွေ အိမ်၊ခြံမြေ ကိစ္စတွေ ကောင်းပါတယ်။ အနုပညာရှင်တွေ သတိထားပါ။ အပြောမတတ်လို့ ပြဿနာ တတ်တတ်ပါ တယ်။ ယခုရက်ပိုင်းခရီးသွား လုပ်ငန်းတွေ အခက်အခဲ ရှိတတ် ပါတယ်။ လုပ်ငန်းခွင်အတွင်း နာမည်ဂုဏ်သတင်းတက်စရာရှိသလို မိသားစု အတွင်း၊ လုပ်ငန်းခွင် အတွင်းသာယာနေပါလိမ့်မယ်။စက်ပစ္စည်းအရောင်းအဝယ်သမားတွေ၊ ဆောက်လုပ်ရေး သမားတွေ လုပ်ငန်းကောင်းတဲ့ ကာလပါ။ ဒီကာလမှာ ငွေကံကောင်းနေသလို ဘာသာ ရေး အလှူအတန်းတွေ လုပ်ရတတ်တဲ့ အချိန်ကာလပါ။ ပညာရေးကံ ကောင်းနေသလို မတတ်ရတော့ဘူးလို့ ထင်ထားတဲ့ သင်တန်းတွေ ထင်မှတ်မထားဘဲ တတ်ရတတ် ပါတယ်။ လုပ်ငန်းခွင်ရာထူးဖြေသူတို့ လိုအင်ဆန္ဒပြည့်မယ့် ကာလပါ။ ကျန်းမာရေးမှာ ကြီးကြီးမားမားမရှိပေမယ့် ဒူးနာခါးနာ အပရိကရောဂါတွေလောက် ဖြစ်တတ်ပါတယ်။ အိမ်ထောင်ရှင်များ ခဏတာခွဲခွာရကိန်းရှိပြီး ငယ်ရွယ်သူချစ်သူများကတော့ ရန်ဖြစ် လိုက် ပြန်ချစ်လိုက်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။    ။ ဘုရားရှင်အား နှင်းဆီပန်း  ၃ ပွင့်ကို ငွေပန်းနှင့် ရောလှူကာ ရှင်သီဝလိဂါထာကိုနံနက် ၉ နာရီမထိုးမီ ၉ ခေါက်တိတိ ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။     ။မွေးနေ့မွေးရက်တွင် သင့်အိမ်နှင့်အနီးဆုံးစေတီရှိ စနေထောင့် အရပ်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပြီးလိုရာဆုတောင်းပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။    ။လျှောက်ထားသည့် အလုပ်ကို စာရွက် တစ်ရွက်ဖြင့် ရေးပြီး ခေါင်းအုံးအောက်ထားအိပ်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။    ။ ဓာတ်ဘူးသစ်ထဲ အိမ်ထောင် ဘက်၊ချစ်သူနှစ်ဦးဓာတ်ပုံကို ထည့်ကာ ဘုရားစင်အောက်တစ်ပတ်တိတိ ထားပါ။

လူမှုရေးအတိုက်အခံများသူများ။      ။ ဘုရားအား ရေသပ္ပါယ်ခြင်း၊စေတီရင်ပြင်များတွင် နှမ်းဆီဖြင့် ဆီမီးပူ ဇော်ခြင်းများ ဆောင်ရွက်ပေးပါ။

ကျန်းမာရေးမကောင်းသူများ။     ။ စေတီများရှိ ဗောဓိညောင်ပင်တွင် ညောင်ထောက် ပေးခြင်း၊ ပန်းခြောက်များ ရှင်းပေးခြင်း ပြုလုပ်ပေးပါ။

 
ထီကံကောင်းလိုသူများ။     ။ ထီဆိုင်တွင် စနေနံအက္ခရာဖြင့် ၃/၇/၈ ဂဏန်းများများ ပါသော ထီကိုထိုးပါ။

 

(  Zawgyi  )

 

 ဒီရက္ပိုင္းအတြင္းမိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ပါတယ္။ ကြဲကြာေနသူ မ်ားျပန္ဆုံျခင္း၊ ရပ္ေဝးကမိတ္ေဆြမ်ားနဲ႔ ျပန္ဆုံရတတ္ပါတယ္။ ယခုရက္ပိုင္း အတြင္း သင္ဘာလုပ္လုပ္ စေနသားသမီးေတြနဲ႔ တိုင္ပင္တာကေအာင္ျမင္ႏိုင္ပါတယ္။ ျပည္တြင္း ျပည္ပခရီးသြားဖို႔ စီစဥ္ထားတာေတြ ေအာင္ျမင္တတ္ပါတယ္။ ဒီကာလမွာ ေငြေရး ေၾကးေရး ကိစၥေတြ ၊ေနရာသစ္၊လုပ္ငန္းသစ္၊အိမ္သစ္ကိစၥေတြ စလုပ္လို႔ ေကာင္းတဲ့ ကာ လပါ။ လူမ်ိဳးျခားနဲ႔ စပ္တူလုပ္ရတဲ့ အလုပ္ေတြ ၊စာခ်ဳပ္စာတမ္းအလုပ္ေတြ အိမ္၊ၿခံေျမ ကိစၥေတြ ေကာင္းပါတယ္။ အႏုပညာရွင္ေတြ သတိထားပါ။ အေျပာမတတ္လို႔ ျပႆနာ တတ္တတ္ပါ တယ္။ ယခုရက္ပိုင္းခရီးသြား လုပ္ငန္းေတြ အခက္အခဲ ရွိတတ္ ပါတယ္။ လုပ္ငန္းခြင္အတြင္း နာမည္ဂုဏ္သတင္းတက္စရာရွိသလို မိသားစု အတြင္း၊ လုပ္ငန္းခြင္ အတြင္းသာယာေနပါလိမ့္မယ္။စက္ပစၥည္းအေရာင္းအဝယ္သမားေတြ၊ ေဆာက္လုပ္ေရး သမားေတြ လုပ္ငန္းေကာင္းတဲ့ ကာလပါ။ ဒီကာလမွာ ေငြကံေကာင္းေနသလို ဘာသာ ေရး အလႉအတန္းေတြ လုပ္ရတတ္တဲ့ အခ်ိန္ကာလပါ။ ပညာေရးကံ ေကာင္းေနသလို မတတ္ရေတာ့ဘူးလို႔ ထင္ထားတဲ့ သင္တန္းေတြ ထင္မွတ္မထားဘဲ တတ္ရတတ္ ပါတယ္။ လုပ္ငန္းခြင္ရာထူးေျဖသူတို႔ လိုအင္ဆႏၵျပည့္မယ့္ ကာလပါ။ က်န္းမာေရးမွာ ႀကီးႀကီးမားမားမရွိေပမယ့္ ဒူးနာခါးနာ အပရိကေရာဂါေတြေလာက္ ျဖစ္တတ္ပါတယ္။ အိမ္ေထာင္ရွင္မ်ား ခဏတာခြဲခြာရကိန္းရွိၿပီး ငယ္႐ြယ္သူခ်စ္သူမ်ားကေတာ့ ရန္ျဖစ္ လိုက္ ျပန္ခ်စ္လိုက္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။    ။ ဘုရားရွင္အား ႏွင္းဆီပန္း  ၃ ပြင့္ကို ေငြပန္းႏွင့္ ေရာလႉကာ ရွင္သီဝလိဂါထာကိုနံနက္ ၉ နာရီမထိုးမီ ၉ ေခါက္တိတိ ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။     ။ေမြးေန႔ေမြးရက္တြင္ သင့္အိမ္ႏွင့္အနီးဆုံးေစတီရွိ စေနေထာင့္ အရပ္တြင္ အဓိ႒ာန္ပုတီးစိပ္ၿပီးလိုရာဆုေတာင္းပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။    ။ေလွ်ာက္ထားသည့္ အလုပ္ကို စာ႐ြက္ တစ္႐ြက္ျဖင့္ ေရးၿပီး ေခါင္းအုံးေအာက္ထားအိပ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။    ။ ဓာတ္ဘူးသစ္ထဲ အိမ္ေထာင္ ဘက္၊ခ်စ္သူႏွစ္ဦးဓာတ္ပုံကို ထည့္ကာ ဘုရားစင္ေအာက္တစ္ပတ္တိတိ ထားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။      ။ ဘုရားအား ေရသပၸါယ္ျခင္း၊ေစတီရင္ျပင္မ်ားတြင္ ႏွမ္းဆီျဖင့္ ဆီမီးပူ ေဇာ္ျခင္းမ်ား ေဆာင္႐ြက္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား။     ။ ေစတီမ်ားရွိ ေဗာဓိေညာင္ပင္တြင္ ေညာင္ေထာက္ ေပးျခင္း၊ ပန္းေျခာက္မ်ား ရွင္းေပးျခင္း ျပဳလုပ္ေပးပါ။

 
ထီကံေကာင္းလိုသူမ်ား။     ။ ထီဆိုင္တြင္ စေနနံအကၡရာျဖင့္ ၃/၇/၈ ဂဏန္းမ်ားမ်ား ပါေသာ ထီကိုထိုးပါ။