【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်တာ အကောင်းဆုံးပါ။ဒီရက်ပိုင်း လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာတတ်သလို ဆုံးပြီထင်တဲ့ ငွေတွေ၊ ထွက်သွားတဲ့ ရွှေငွေတွေ ပြန်ဝင်လာတတ်တဲ့အချိန်အခါပါ။လူမျိုးခြား၊ ဘာသာခြားနဲ့ လုပ်ကိုင်သူတွေ ယခုရက်ပိုင်း အကျိုးမြတ်ကြီးကြီးရကိန်းရှိနေသလို နေရာထိုင်ခင်း အပြောင်း အရွှေ့ရှိနိုင်ပါတယ်။အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေ မကောင်းပေမယ့် ကားနဲ့ပတ်သက်တဲ့အလုပ် လုပ်ကိုင်သူတွေ လုပ်ငန်းကောင်းမယ့် အချိန်အခါပါ။ပြည်တွင်း ပြည်ပခရီးတွေ ပျက်တတ်ပါတယ်။စပ်တူကိစ္စတွေ၊ လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ အလုပ်တွေ ကောင်းပါတယ်။ပညာရေးကံကောင်းပေမယ့် အပေါင်းအသင်းမက်တာကြောင့် မျှော်မှန်းထားသလိုမဖြစ်ဘဲ နေတတ်ပါတယ်။ကျန်းမာရေးကတော့ အဆစ်အမြစ်ကိုက်တာတွေ၊အာရုံကြောအားနည်းလို့ ခြေလက်မမြဲတာတွေ ဖြစ်တတ်ပါတယ်။သတိထားပါ။အိမ်ထောင်သည်တွေ ခဏတာခွဲရတာရှိသလို ချစ်သူတွေ လိုအင်ဆန္ဒပြည့်၀မယ့်အချိန်ပါ။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ယခုတစ်ပတ်လုံး သကြားယာဂု ဆွမ်းကပ်ကာ ဘုရာပန်းအိုးတွင် ငွေပန်းကပ်လှူပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ လမ်းထဲကြွလာသည့် သီလရှင်ငယ်များအား ထီး၊ ဖိနပ် လှူဒါန်းပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။နေအိမ်၏ တနင်္လာထောင့်အရပ်ရှိ ဘုရားတွင် အရဟံဂုဏ်တော်ကို သက်စေ့အဓိဋ္ဌာန်ပုတီးစိပ်ပေးပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ ဆွမ်းခံကြွလာသည့် သံဃာတော်အား ကောက်ညှင်းပေါင်း ကပ်လှူပေးပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ နံနက်အိပ်ယာထနှင့် အိပ်ယာဝင် မေတ္တာသုတ်ရွတ်ဆိုပူဇော်ပါ။ 
 
ကျန်းမာရေးမကောင်းသူများ ။ ။ မွေးနေ့တွင် လမ်းထဲရှိ ခွေးများအား ညဘက်အစာကျွေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ သင့်ရှေ့ရောက်လာသည့် ထီကားမှ ၂/၅ ဆက်နေသည့် ဂဏန်းအတွဲပါသည့် ထီတစ်စောင်ကို ရှာထိုးလိုက်ပါ။
 
( Zawgyi )
 
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္တာ အေကာင္းဆုံးပါ။ဒီရက္ပိုင္း လက္လြန္ထားတဲ့ ေငြေၾကးေတြ ျပန္ရလာတတ္သလို ဆုံးၿပီထင္တဲ့ ေငြေတြ၊ ထြက္သြားတဲ့ ေ႐ႊေငြေတြ ျပန္ဝင္လာတတ္တဲ့အခ်ိန္အခါပါ။လူမ်ိဳးျခား၊ ဘာသာျခားနဲ႔ လုပ္ကိုင္သူေတြ ယခုရက္ပိုင္း အက်ိဳးျမတ္ႀကီးႀကီးရကိန္းရွိေနသလို ေနရာထိုင္ခင္း အေျပာင္း အေ႐ႊ႕ရွိႏိုင္ပါတယ္။အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းေတြ မေကာင္းေပမယ့္ ကားနဲ႔ပတ္သက္တဲ့အလုပ္ လုပ္ကိုင္သူေတြ လုပ္ငန္းေကာင္းမယ့္ အခ်ိန္အခါပါ။ျပည္တြင္း ျပည္ပခရီးေတြ ပ်က္တတ္ပါတယ္။စပ္တူကိစၥေတြ၊ လူမ်ိဳးျခားနဲ႔လုပ္ကိုင္တဲ့ အလုပ္ေတြ ေကာင္းပါတယ္။ပညာေရးကံေကာင္းေပမယ့္ အေပါင္းအသင္းမက္တာေၾကာင့္ ေမွ်ာ္မွန္းထားသလိုမျဖစ္ဘဲ ေနတတ္ပါတယ္။က်န္းမာေရးကေတာ့ အဆစ္အျမစ္ကိုက္တာေတြ၊အာ႐ုံေၾကာအားနည္းလို႔ ေျခလက္မၿမဲတာေတြ ျဖစ္တတ္ပါတယ္။သတိထားပါ။အိမ္ေထာင္သည္ေတြ ခဏတာခြဲရတာရွိသလို ခ်စ္သူေတြ လိုအင္ဆႏၵျပည့္၀မယ့္အခ်ိန္ပါ။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ယခုတစ္ပတ္လုံး သၾကားယာဂု ဆြမ္းကပ္ကာ ဘုရာပန္းအိုးတြင္ ေငြပန္းကပ္လႉပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ လမ္းထဲႂကြလာသည့္ သီလရွင္ငယ္မ်ားအား ထီး၊ ဖိနပ္ လႉဒါန္းေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ေနအိမ္၏ တနလၤာေထာင့္အရပ္ရွိ ဘုရားတြင္ အရဟံဂုဏ္ေတာ္ကို သက္ေစ့အဓိ႒ာန္ပုတီးစိပ္ေပးပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ဆြမ္းခံႂကြလာသည့္ သံဃာေတာ္အား ေကာက္ညႇင္းေပါင္း ကပ္လႉေပးပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ နံနက္အိပ္ယာထႏွင့္ အိပ္ယာဝင္ ေမတၱာသုတ္႐ြတ္ဆိုပူေဇာ္ပါ။ 
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေမြးေန႔တြင္ လမ္းထဲရွိ ေခြးမ်ားအား ညဘက္အစာေကြၽးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ သင့္ေရွ႕ေရာက္လာသည့္ ထီကားမွ ၂/၅ ဆက္ေနသည့္ ဂဏန္းအတြဲပါသည့္ ထီတစ္ေစာင္ကို ရွာထိုးလိုက္ပါ။