【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် ဗုဒ္ဓဟူးသားသမီးများနှင့် တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ 
ယခုရက်ပိုင်းအတွင်း အဘက်ဘက်က ကံပွင့်လန်းမှုတွေရှိနေတတ်သလို စက်ပစ္စည်းတွေ၊ အိမ်ခြံတိုက်ခန်း စတာတွေ ဝင်လာတတ်ပါတယ်။ဒီကာလမှာ လူမျိုးခြားနဲ့ စပ်တူရှယ်ယာလုပ်တာတွေ၊ အိမ်ခြံမြေလုပ်ငန်းတွေ၊ စာချုပ်စာတမ်းနဲ့လုပ်ရတဲ့ အလုပ်အကိုင်တွေကောင်းပါတယ်။ပြည်တွင်း ပြည်ပ ခရီးကောင်းတွေ သွားရတတ်သလို အလှူအတန်းလုပ်ရတတ်ပါတယ်။ငွေကံကောင်း နေတဲ့ကာလဖြစ်သလို အဝေးမှာရှိနေတဲ့ သားချင်းတွေက ငွေ၊ အဆက်အသွယ်၊ အကူအညီရတတ်ပါတယ်။ရွှေရောင်းဝယ်သူတွေ၊ ရေလုပ်ငန်းလုပ်ကိုင်သူတွေ၊ လျှပ်စစ်လုပ်ငန်းလုပ်ကိုင်သူတွေ အလုပ်ကောင်းနေပြီး ကားနဲ့ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူတွေ သတိထားရောင်းဝယ်သင့်ပါတယ်။ ဒီရက်ပိုင်း ဝမ်း၊ ဆီး၊ အာရုံကြောရောဂါတွေဖြစ် တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာသင်ရေးကတော့ လုပ်ငန်းခွင်စာမေးပွဲ၊ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များကြား စိတ်ကသိကအောင့်ဖြစ်စရာ တွေ့တတ်ပါတယ်။ငယ်ရွယ်သူများ ကြားလူစကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ နံနက်နေမတက်မီ နေအိမ်ရှေ့တွင် ငှက်များကို အစာကျွေးကာ ဒိဝါတပတိဂါထာအား ကိုးခေါက်တိတိ ယုံယုံကြည်ကြည် ယခုတစ်ပတ်လုံးရွတ်ဆိုပူဇော်ပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ နံနက်စောစော တန်းဆွမ်းကြွလာသည့် သံဃာတော်များကို ဆွမ်းလောင်းကာ သောက်ရေကပ်ပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ရွှေတိဂုံဘုရား အောင်မြေတွင် အောင်သပြေ ၉ ညွှန့် နှင့် ကံ့ကော်ညွှန့် ၉ ညွှန့် ကပ်လှူကာ အဓိဋ္ဌာန်ပြု ဆုတောင်းပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ နေအိမ်၏ အိပ်ခန်းအတွင်း စက်ပစ္စည်းအပျက်အစီးများရှိနေပါက ဖယ်ရှားပေးပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ စေတီပုထိုးရင်ပြင်တွင် သန့်ရှင်းရေးလုပ်ပြီး ဆီမီးပူဇော်ပေးပါ။ 
 
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရားသို့သွားကာ ငှက်လွှတ်ပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ ထီဆိုင်တွင် ကြာသပတေးအက္ခရာဖြင့်စသည့် ထီလက်မှတ်တွင် ၃/၅ ဂဏန်းများများပါသည့် ထီလက်မှတ်ကိုရွေးထိုးပါ။
 
( Zawgyi )
 
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ဗုဒၶဟူးသားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ 
ယခုရက္ပိုင္းအတြင္း အဘက္ဘက္က ကံပြင့္လန္းမႈေတြရွိေနတတ္သလို စက္ပစၥည္းေတြ၊ အိမ္ၿခံတိုက္ခန္း စတာေတြ ဝင္လာတတ္ပါတယ္။ဒီကာလမွာ လူမ်ိဳးျခားနဲ႔ စပ္တူရွယ္ယာလုပ္တာေတြ၊ အိမ္ၿခံေျမလုပ္ငန္းေတြ၊ စာခ်ဳပ္စာတမ္းနဲ႔လုပ္ရတဲ့ အလုပ္အကိုင္ေတြေကာင္းပါတယ္။ျပည္တြင္း ျပည္ပ ခရီးေကာင္းေတြ သြားရတတ္သလို အလႉအတန္းလုပ္ရတတ္ပါတယ္။ေငြကံေကာင္း ေနတဲ့ကာလျဖစ္သလို အေဝးမွာရွိေနတဲ့ သားခ်င္းေတြက ေငြ၊ အဆက္အသြယ္၊ အကူအညီရတတ္ပါတယ္။ေ႐ႊေရာင္းဝယ္သူေတြ၊ ေရလုပ္ငန္းလုပ္ကိုင္သူေတြ၊ လွ်ပ္စစ္လုပ္ငန္းလုပ္ကိုင္သူေတြ အလုပ္ေကာင္းေနၿပီး ကားနဲ႔ ေက်ာက္မ်က္လုပ္ငန္းလုပ္ကိုင္သူေတြ သတိထားေရာင္းဝယ္သင့္ပါတယ္။ ဒီရက္ပိုင္း ဝမ္း၊ ဆီး၊ အာ႐ုံေၾကာေရာဂါေတြျဖစ္ တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာသင္ေရးကေတာ့ လုပ္ငန္းခြင္စာေမးပြဲ၊ ရာထူးစာေမးပြဲ ေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ားၾကား စိတ္ကသိကေအာင့္ျဖစ္စရာ ေတြ႕တတ္ပါတယ္။ငယ္႐ြယ္သူမ်ား ၾကားလူစကားေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ရတတ္ပါတယ္။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ နံနက္ေနမတက္မီ ေနအိမ္ေရွ႕တြင္ ငွက္မ်ားကို အစာေကြၽးကာ ဒိဝါတပတိဂါထာအား ကိုးေခါက္တိတိ ယုံယုံၾကည္ၾကည္ ယခုတစ္ပတ္လုံး႐ြတ္ဆိုပူေဇာ္ပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ နံနက္ေစာေစာ တန္းဆြမ္းႂကြလာသည့္ သံဃာေတာ္မ်ားကို ဆြမ္းေလာင္းကာ ေသာက္ေရကပ္ပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ေ႐ႊတိဂုံဘုရား ေအာင္ေျမတြင္ ေအာင္သေျပ ၉ ၫႊန႔္ ႏွင့္ ကံ့ေကာ္ၫႊန႔္ ၉ ၫႊန္႔ ကပ္လႉကာ အဓိ႒ာန္ျပဳ ဆုေတာင္းပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ေနအိမ္၏ အိပ္ခန္းအတြင္း စက္ပစၥည္းအပ်က္အစီးမ်ားရွိေနပါက ဖယ္ရွားေပးပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ေစတီပုထိုးရင္ျပင္တြင္ သန႔္ရွင္းေရးလုပ္ၿပီး ဆီမီးပူေဇာ္ေပးပါ။ 
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုရားသို႔သြားကာ ငွက္လႊတ္ေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ ထီဆိုင္တြင္ ၾကာသပေတးအကၡရာျဖင့္စသည့္ ထီလက္မွတ္တြင္ ၃/၅ ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကိုေ႐ြးထိုးပါ။