【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ငွေကိစ္စ အရောင်းအဝယ်ကိစ္စတွေမှာ အထစ်အငေါ့လေးတွေ ဒီရက်ပိုင်းမှာရှိနေတတ်ပါတယ်။ဒီရက် အတွင်းလူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။အရောင်းအဝယ်သမားတွေ အဆင်မချောဖြစ်တတ်လို့ အလောတကြီး 
မလုပ်ဘဲ အေးအေးဆေးဆေး ခေါင်းသုံးလုပ်သင့်ပါတယ်။စပ်တူလုပ်တဲ့ကိစ္စတွေ ဒီအချိန်စလုပ်တာအကောင်းဆုံးပါ။ရပ်ခြားက လူမျိုးခြားအကူအညီ မထင်မှတ်ထားဘဲ ရတတ်ပါတယ်။လက်အောက်ငယ်သားကြောင့် စိတ်ရှုပ်တတ်ရတတ်သလို လူရင်းက သစ္စာဖောက်တတ်ပါတယ်။ပညာရေးကတော့ ကံကောင်းနေတတ်ပြီး လိုရာရောက်စေပါလိမ့်မယ်။ကျန်းမာရေးကတော့ ခြေထောက်၊ ဗိုက်မကောင်းတာတွေ၊ လေအောင့်တာတွေ၊ ခါးနာတာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်များ ပျော်ရွှင်စရာတွေ ဆိုက်ရောက်လာပေမယ့် ချစ်သူများအကြား ကြားလူဝင်ကိန်းရှိပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်       ဘုရားအား ပန်းအိုးတွင် အောင်သပြေထိုးကာ ရှင်သီဝလိဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပါ။ 
ပြည်ပထွက်ခွာလိုသူများ       အလုပ်ကိစ္စသွားတိုင်းတဟိ့  တဟိ့  ဂါထာကို သက်စေ့ရွတ်ဖတ်ပူဇော်ပေးပါ။ 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ       အိမ်အနီးရှိ ဘုရားစေတီသို့ နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့်ရွတ်ဖတ်ပူဇော်ပါ။ 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ       ဒီရက်ပိုင်း စိတ်ချင်းအဆင်မပြေဖြစ်နေသည့်အိမ်ထောင်ဘက်များ မိုးလင်းတိုင်း မှန်ကြည့်ပြီးမှ စကားပြောပါ။ 
လူမှုရေးအတိုက်အခံများသူများ       ဘုန်းကြီးကျောင်းသို့သွားကာ ကုဋီဆေးကြောပေးပါ။ရေဖြည့်ပေးပါ။ 
ကျန်းမာရေးမကောင်းသူများ       ရေသတ္တဝါများထားသည့်ကန်သို့ ရေဖြည့်ပေးပါ။ 
ထီကံကောင်းလိုသူများ       စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် // ဂဏန်းကို များများပါအောင်ထိုးပါ။
( Zawgyi )