【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် အင်္ဂါ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်းနာမည်ဂုဏ်သတင်းတက်စရာတွေ ရှိပါတယ်။စီစဉ်ထားတဲ့ခရီးတွေ ထမြောက်တတ်သလို မမျှော်လင့်ဘဲပေါ်လာတဲ့ ခရီးတွေကြောင့် သင်အဆက်အသွယ်ကောင်းတွေ ရလာဖွယ်ရှိနေပါတယ်။လူမျိုးခြားနဲ့လုပ်ကိုင်ရတဲ့အလုပ်တွေ၊ စာချုပ်စာတမ်းကိစ္စတွေ အောင်မြင်နိုင်တဲ့ကာလပါ။လူမှုရေးအတိုက်အခိုက်တွေပေါ်တတ်လို့ နှုတ်ချိုဖို့ လိုပါတယ်။မိသားစုထဲ အလှူမင်္ဂလာလုပ်ရတာတွေ ကြုံရတတ်ပြီး အိုးသစ်အိမ်သစ်ရကိန်းလည်း ရှိတတ်ပါတယ်။လုပ်ငန်းကိုင်ငန်းသမား ကား၊ ကျောက်မျက်ရတနာ၊ အနုပညာသမားတွေ အဆင်ပြေမယ့်ကာလရောက်နေပြီး အိမ်ဝယ်မြေဝယ်လုပ်ငန်းတွေ၊ စပ်တူလုပ်ကိုင်သူတွေ အောင်မြင်မှုမရနိုင်သေးပါဘူး။ကျန်းမာရေးက အာရုံကြောနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တတ်လို့ အိပ်ရေးပျက်တာတွေ၊ ခါးနာတာတွေ ဖြစ်တတ်ပါတယ်။ပညာသင်နေတဲ့သူတွေအတွက် သတင်းကောင်းကြားရဖို့ရှိနေပါတယ်။အိမ်ထောင်ရှင်များကတော့ စိတ်ချမ်းသာရမယ့်အချိန်အခါဖြစ်ပြီး ချစ်သူတွေကတော့ နီးတစ်ကျက်ကျက် ဝေးတစ်သက်သက်ကာလပါ။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား စံပယ်ပန်းကပ်လှူကာ ဇီးယိုဖြင့် ဆွမ်းကပ်ပေးပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ အချိန်ရတိုင်းနှင့် အလုပ်ကိစ္စတွေ့စရာရှိတိုင်း ပဋ္ဌာန်း၊ ဂုဏ်တော်ကွန်ချာကို ရွတ်ဆိုပြီးမှသွားပါ။ 
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားစေတီများရှိ တနင်္လာထောင့်တွင် ပန်းအိုးတွင် ဇီးညွှန့် ၉ ညွှန့်ဖြင့် ထိုးပေးပါ။ 
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ ပရိတ်အိုးသာသာ မြေအိုးတစ်လုံးကိုဝယ်၍ နှစ်ဦးနေ့နံပန်းကိုထိုးကာ တစ်ပတ်လုံး အိမ်တွင်းစင်အောက်ထားပေးပါ။ 
 
လူမှုရေးအတိုက်အခံများသူများ ။ ။ နံနက်စောစော ခို၊ ကျီး စသည့် သတ္တဝါများကို တစ်ပတ်ကျွေးပေးပါ။ 
 
ကျန်းမာရေးမကောင်းသူများ ။ ။ ဈေးတွင် ငါးအရှင်တွေ့ပါက ဈေးမဆစ်ဘဲဝယ်ကာ လွှတ်ပါလေ။လွှတ်ကာနီး အဆိုပါရေသတ္တဝါအပေါ် စိတ်ညွှတ်ကာ ဘေးဘယာကင်းပါစေဟု ဆုတောင်းပြီးမှလွှတ်ပါ။
 
ထီကံကောင်းလိုသူများ ။ ။ ယခုတစ်ပတ် သင့်အတွက် ၃/၇/၉ ဂဏန်းများများပါသည့် ထီကိုထိုးပေးပါ။
 
( Zawgyi )
 
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ အဂၤါ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္းနာမည္ဂုဏ္သတင္းတက္စရာေတြ ရွိပါတယ္။စီစဥ္ထားတဲ့ခရီးေတြ ထေျမာက္တတ္သလို မေမွ်ာ္လင့္ဘဲေပၚလာတဲ့ ခရီးေတြေၾကာင့္ သင္အဆက္အသြယ္ေကာင္းေတြ ရလာဖြယ္ရွိေနပါတယ္။လူမ်ိဳးျခားနဲ႔လုပ္ကိုင္ရတဲ့အလုပ္ေတြ၊ စာခ်ဳပ္စာတမ္းကိစၥေတြ ေအာင္ျမင္ႏိုင္တဲ့ကာလပါ။လူမႈေရးအတိုက္အခိုက္ေတြေပၚတတ္လို႔ ႏႈတ္ခ်ိဳဖို႔ လိုပါတယ္။မိသားစုထဲ အလႉမဂၤလာလုပ္ရတာေတြ ႀကဳံရတတ္ၿပီး အိုးသစ္အိမ္သစ္ရကိန္းလည္း ရွိတတ္ပါတယ္။လုပ္ငန္းကိုင္ငန္းသမား ကား၊ ေက်ာက္မ်က္ရတနာ၊ အႏုပညာသမားေတြ အဆင္ေျပမယ့္ကာလေရာက္ေနၿပီး အိမ္ဝယ္ေျမဝယ္လုပ္ငန္းေတြ၊ စပ္တူလုပ္ကိုင္သူေတြ ေအာင္ျမင္မႈမရႏိုင္ေသးပါဘူး။က်န္းမာေရးက အာ႐ုံေၾကာနဲ႔ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္တတ္လို႔ အိပ္ေရးပ်က္တာေတြ၊ ခါးနာတာေတြ ျဖစ္တတ္ပါတယ္။ပညာသင္ေနတဲ့သူေတြအတြက္ သတင္းေကာင္းၾကားရဖို႔ရွိေနပါတယ္။အိမ္ေထာင္ရွင္မ်ားကေတာ့ စိတ္ခ်မ္းသာရမယ့္အခ်ိန္အခါျဖစ္ၿပီး ခ်စ္သူေတြကေတာ့ နီးတစ္က်က္က်က္ ေဝးတစ္သက္သက္ကာလပါ။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား စံပယ္ပန္းကပ္လႉကာ ဇီးယိုျဖင့္ ဆြမ္းကပ္ေပးပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ အခ်ိန္ရတိုင္းႏွင့္ အလုပ္ကိစၥေတြ႕စရာရွိတိုင္း ပ႒ာန္း၊ ဂုဏ္ေတာ္ကြန္ခ်ာကို ႐ြတ္ဆိုၿပီးမွသြားပါ။ 
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားေစတီမ်ားရွိ တနလၤာေထာင့္တြင္ ပန္းအိုးတြင္ ဇီးၫႊန္႔ ၉ ၫႊန္႔ျဖင့္ ထိုးေပးပါ။ 
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ပရိတ္အိုးသာသာ ေျမအိုးတစ္လုံးကိုဝယ္၍ ႏွစ္ဦးေန႔နံပန္းကိုထိုးကာ တစ္ပတ္လုံး အိမ္တြင္းစင္ေအာက္ထားေပးပါ။ 
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ နံနက္ေစာေစာ ခို၊ က်ီး စသည့္ သတၱဝါမ်ားကို တစ္ပတ္ေကြၽးေပးပါ။ 
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေဈးတြင္ ငါးအရွင္ေတြ႕ပါက ေဈးမဆစ္ဘဲဝယ္ကာ လႊတ္ပါေလ။လႊတ္ကာနီး အဆိုပါေရသတၱဝါအေပၚ စိတ္ၫႊတ္ကာ ေဘးဘယာကင္းပါေစဟု ဆုေတာင္းၿပီးမွလႊတ္ပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ ယခုတစ္ပတ္ သင့္အတြက္ ၃/၇/၉ ဂဏန္းမ်ားမ်ားပါသည့္ ထီကိုထိုးေပးပါ။