【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း မထင်မှတ်ဘဲ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာ တတ်ပါတယ်။ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးက မိတ်ဆွေကောင်းများရဲ့ အကူအညီများရတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း သောကြာ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေးကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။နေရာသစ် လုပ်ငန်းသစ် အိမ်ရာသစ်ကိစ္စတွေ ကောင်းပါ တယ်။စပ်တူလုပ်ရတဲ့အလုပ်တွေ သတိထားပါ။မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။ကုန်ခြောက်လုပ်ငန်းတွေ အကျိုးပေးပါလိမ့်မယ်။ငွေကတော့ တအားဝင်နေသလို တအားထွက်နေတတ်ပါတယ်။ပညာရေးကံကောင်းနေတတ်ပါတယ်။မြင့်မားတဲ့ ပညာသင်ခွင့်ရမဲ့အခွင့်အရေး ရှိနေပါတယ်။အိမ်ထောင်ရှင်များ၊ သမီးရည်းစားများ စကားကတောက်ကဆများကိန်းရှိပါတယ်။ကျန်းမာရေးကတော့ အအိပ်အစားပျက်တာတွေကြောင့် သင်နေထိုင်မကောင်း ခဏခဏဖြစ်တတ်ပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ယခုတစ်ပတ်လုံး နံနက်စောစောထကာ ရှင်သီဝလိဂါထာ ၉ ခေါက် ရွတ်ဆိုပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ မိမိသွားလိုသောအရပ်ထောင့်ရှိ သက်ကြီးရွယ်အိုအား နေရာထိုင်ခင်းတစ်ခုခုလှူပါ။ 
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ လျှောက်ထားသည့် အလုပ်နာမည်အား ခေါင်းအုံးအောက်ထားအိပ်ပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်အတွင်း အင်းပျက်၊ အဆောင်ပျက်တွေရှိရင် စွန့် ပစ်ပါ။ 
 
လူမှုရေးအတိုက်အခံများသူများ ။ ။ စေတီရင်ပြင်ရှိ ပန်းခြောက်များ၊ သစ်ရွက်ခြောက်များကောက်ကာ ရှင်းလင်းပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ငါး၊ လိပ်စသည့် ရေသတ္တဝါများကို အစာကျွေးကာ ဆုတောင်းပါ။
 
ထီကံကောင်းလိုသူများ ။ ။ စနေနံထီဆိုင်တွင် ၆/၇ ဂဏန်းများများပါသော ထီကိုထိုးပါ။
 
( Zawgyi )
 
ဒီရက္ပိုင္းအတြင္း မထင္မွတ္ဘဲ ဘာသာေရး၊ ပညာေရး၊ အခြင့္အလမ္းေကာင္းေတြ ေပၚထြက္လာ တတ္ပါတယ္။ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ ရပ္ေဝးက မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ပါတယ္။ယခုရက္ပိုင္းအတြင္း ေသာၾကာ သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ေနရာသစ္ လုပ္ငန္းသစ္ အိမ္ရာသစ္ကိစၥေတြ ေကာင္းပါ တယ္။စပ္တူလုပ္ရတဲ့အလုပ္ေတြ သတိထားပါ။မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။ကုန္ေျခာက္လုပ္ငန္းေတြ အက်ိဳးေပးပါလိမ့္မယ္။ေငြကေတာ့ တအားဝင္ေနသလို တအားထြက္ေနတတ္ပါတယ္။ပညာေရးကံေကာင္းေနတတ္ပါတယ္။ျမင့္မားတဲ့ ပညာသင္ခြင့္ရမဲ့အခြင့္အေရး ရွိေနပါတယ္။အိမ္ေထာင္ရွင္မ်ား၊ သမီးရည္းစားမ်ား စကားကေတာက္ကဆမ်ားကိန္းရွိပါတယ္။က်န္းမာေရးကေတာ့ အအိပ္အစားပ်က္တာေတြေၾကာင့္ သင္ေနထိုင္မေကာင္း ခဏခဏျဖစ္တတ္ပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ယခုတစ္ပတ္လုံး နံနက္ေစာေစာထကာ ရွင္သီဝလိဂါထာ ၉ ေခါက္ ႐ြတ္ဆိုပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ မိမိသြားလိုေသာအရပ္ေထာင့္ရွိ သက္ႀကီး႐ြယ္အိုအား ေနရာထိုင္ခင္းတစ္ခုခုလႉပါ။ 
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ေလွ်ာက္ထားသည့္ အလုပ္နာမည္အား ေခါင္းအုံးေအာက္ထားအိပ္ပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္အတြင္း အင္းပ်က္၊ အေဆာင္ပ်က္ေတြရွိရင္ စြန႔္ ပစ္ပါ။ 
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ေစတီရင္ျပင္ရွိ ပန္းေျခာက္မ်ား၊ သစ္႐ြက္ေျခာက္မ်ားေကာက္ကာ ရွင္းလင္းေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ငါး၊ လိပ္စသည့္ ေရသတၱဝါမ်ားကို အစာေကြၽးကာ ဆုေတာင္းပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ စေနနံထီဆိုင္တြင္ ၆/၇ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။