【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ငွေအထူးရွှင်နေတတ်သူက သင်ဖြစ်နေပါတယ်။လူမျိုးခြားနဲ့ တွဲလုပ်တဲ့အလုပ်တွေ သင့်အတွက် အောင်မြင်မှုရရှိမယ့် အချိန်ကာလပါ။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် သောကြာ သားသမီးများနှင့် တိုင်ပင် ဆောင်ရွက်ပါ။ယခုရက်ပိုင်း မိသားစုထဲ ခရီးစဉ်ကောင်းတွေ၊ အလှူမင်္ဂလာတွေ သွားရလုပ်ရကိန်းရှိပါတယ်။အထည်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ ကားအ ရောင်းအဝယ်၊ ခရီးသွား စတဲ့လုပ်ငန်းသမားတွေ အခြေအနေကောင်းပါတယ်။လုပ်ငန်းချဲ့သင့်ပါတယ်။ဒါပေမယ့် လုပ်ငန်းထဲမှာ လူရင်းတပည့်ရင်းတွေက သင့်ကိုအခက်တွေ့အောင် လုပ်ကိန်းတော့ရှိနေပါတယ်။သတိထားပါ။ပညာရေးကိစ္စမှာလည်း ဒီရက်ပိုင်းမှာ ထင်သမျှမဖြစ်တာတွေ ကြုံရတတ်ပါတယ်။ပညာရေးအတွက် ဘုရားစင်မှာ အုန်း ၉ ညွှန့်ကို ဖန်ခွက်သန့်သန့်ဖြင့် ထိုးပေးပါ။ကျန်းမာရေးကတော့ မျက်စိ၊ သွား စတဲ့ နေရာတွေမှာ ဖြစ်တတ်ပါတယ်။အိမ်ထောင်သည်တွေ စကားအချေအတင်များစရာရှိပေမယ့် ချစ်သူတွေ ကတော့ ကြည်နူးစရာတွေ ပြည့်နေတတ်ပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အား ခုနှစ်ရက်လုံး သောက်တော်ရေနှင့် သစ်သီးဆွမ်းမပြတ်အောင် ကပ်လှူပူဇော်ပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ သင်လျှောက်ထားသည့် ပြည်ပအလုပ်ကိစ္စဖြင့် အပြင်သွားခါနီးတိုင်း မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ သင့်အိမ်အနီးတစ်ဝိုက်တွင်ရှိသော ဘုရားစေတီသို့သွားကာ သန့်ရှင်းရေးပြုလုပ်ပေးပြီး ဆီမီးပူဇော်ကုသိုလ်ပြုပေးပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထဲတွင် ဓာတ်ပုံအဟောင်းများ၊ ဓာတ်ဘူးအပျက် များ ရှိနေပါက လွှင့်ပစ်လိုက်ပါ။ဓာတ်ပျက်သည့် ဆေးများရှိနေပါကလည်း လွှင့်ပစ်ပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ ရပ်ကွက်ထဲရှိ ခွေးများအား ယခုတစ်ပတ်လုံး ညဘက်အစာကျွေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ရပ်ထဲရွာထဲရှိ သက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာလှူပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ ကားနှင့်ရောင်းသော ထီဆိုင်တွင် ၆ အပူးဂဏန်းပါအောင် ထီထိုးပေးပါ။
 
( Zawgyi )
 
ေငြအထူး႐ႊင္ေနတတ္သူက သင္ျဖစ္ေနပါတယ္။လူမ်ိဳးျခားနဲ႔ တြဲလုပ္တဲ့အလုပ္ေတြ သင့္အတြက္ ေအာင္ျမင္မႈရရွိမယ့္ အခ်ိန္ကာလပါ။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ေသာၾကာ သားသမီးမ်ားႏွင့္ တိုင္ပင္ ေဆာင္႐ြက္ပါ။ယခုရက္ပိုင္း မိသားစုထဲ ခရီးစဥ္ေကာင္းေတြ၊ အလႉမဂၤလာေတြ သြားရလုပ္ရကိန္းရွိပါတယ္။အထည္လုပ္ငန္း၊ လွ်ပ္စစ္ပစၥည္းလုပ္ငန္း၊ ကားအ ေရာင္းအဝယ္၊ ခရီးသြား စတဲ့လုပ္ငန္းသမားေတြ အေျခအေနေကာင္းပါတယ္။လုပ္ငန္းခ်ဲ႕သင့္ပါတယ္။ဒါေပမယ့္ လုပ္ငန္းထဲမွာ လူရင္းတပည့္ရင္းေတြက သင့္ကိုအခက္ေတြ႕ေအာင္ လုပ္ကိန္းေတာ့ရွိေနပါတယ္။သတိထားပါ။ပညာေရးကိစၥမွာလည္း ဒီရက္ပိုင္းမွာ ထင္သမွ်မျဖစ္တာေတြ ႀကဳံရတတ္ပါတယ္။ပညာေရးအတြက္ ဘုရားစင္မွာ အုန္း ၉ ၫႊန္႔ကို ဖန္ခြက္သန႔္သန႔္ျဖင့္ ထိုးေပးပါ။က်န္းမာေရးကေတာ့ မ်က္စိ၊ သြား စတဲ့ ေနရာေတြမွာ ျဖစ္တတ္ပါတယ္။အိမ္ေထာင္သည္ေတြ စကားအေခ်အတင္မ်ားစရာရွိေပမယ့္ ခ်စ္သူေတြ ကေတာ့ ၾကည္ႏူးစရာေတြ ျပည့္ေနတတ္ပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အား ခုႏွစ္ရက္လုံး ေသာက္ေတာ္ေရႏွင့္ သစ္သီးဆြမ္းမျပတ္ေအာင္ ကပ္လႉပူေဇာ္ပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ သင္ေလွ်ာက္ထားသည့္ ျပည္ပအလုပ္ကိစၥျဖင့္ အျပင္သြားခါနီးတိုင္း ေမတၱာသုတ္ ႐ြတ္ဖတ္ပူေဇာ္ေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ သင့္အိမ္အနီးတစ္ဝိုက္တြင္ရွိေသာ ဘုရားေစတီသို႔သြားကာ သန္႔ရွင္းေရးျပဳလုပ္ေပးၿပီး ဆီမီးပူေဇာ္ကုသိုလ္ျပဳေပးပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ထဲတြင္ ဓာတ္ပုံအေဟာင္းမ်ား၊ ဓာတ္ဘူးအပ်က္ မ်ား ရွိေနပါက လႊင့္ပစ္လိုက္ပါ။ဓာတ္ပ်က္သည့္ ေဆးမ်ားရွိေနပါကလည္း လႊင့္ပစ္ပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ရပ္ကြက္ထဲရွိ ေခြးမ်ားအား ယခုတစ္ပတ္လုံး ညဘက္အစာေကြၽးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ရပ္ထဲ႐ြာထဲရွိ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးဓာတ္စာလႉေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ ကားႏွင့္ေရာင္းေသာ ထီဆိုင္တြင္ ၆ အပူးဂဏန္းပါေအာင္ ထီထိုးေပးပါ။