【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

သင့်အတွက် ငွေရွှင်တဲ့အချိန်ကာလကိုရောက်နေပါပြီ။ယခုတစ်ပတ်မှာငွေရပေါက်ရလမ်းမှန်သမျှ လက်ရှောင်ရမယ့်အချိန်အခါ မဟုတ်တော့ပါဘူး။ငွေကံကတော့ အထူးပြောစရာမလိုတော့ပါဘူး။ဒီတစ်ပတ်မှာ သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တိုင်ပင်မယ်ဆိုရင် အင်္ဂါ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုကာလအတွင်း လူမျိုးခြားနဲ့တွဲလုပ်ရတဲ့အလုပ်တွေ အောင်မြင်တတ်တဲ့ကာလပါ။ဘာသာရေးနဲ့ တွဲပြီးလုပ်ရင် သင့်အတွက် အောင်မြင်မှုကတည်မြဲကြာရှည်ပါလိမ့်မယ်။ခရီးကံရှိနေလို့ ပြည်တွင်း ပြည်ပ ခရီးစဉ်ကောင်းတွေ သွားရတတ်ပါတယ်။ယခုကာလမှာ မိတ်ရင်းဆွေရင်းတွေက အထင်လွဲတတ်ပါတယ်။သတိထားပါ။လျှပ်စစ်လုပ်ငန်း၊ ကားအရောင်းအဝယ်လုပ်ငန်း အောင်မြင်တတ်တဲ့ အချိန်အခါပါ။စပ်တူအလုပ်တွေ၊ စာချုပ်စာတမ်းကိစ္စတွေကတော့ သတိထားရမယ့်ကာလပါ။ကျန်းမာရေးကတော့ ဒီရက်ပိုင်း ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။ပညာရေးကံကတော့ ထင်သလောက် ခရီးမရောက်သေးပါဘူး။အိမ်ထောင်ရှင်များ မကြာခဏစကားများတတ်ပေမယ့် ငယ်ရွယ်သူများကတော့ ဒီကာလအတွင်း စိတ်ကြည်နူးစရာတွေနဲ့ ပျော်ဖို့ကောင်းနေပါလိမ့်မယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ နံနက်အိပ်ယာထလျှင် ဘုရားအား သောက်တော်ရေနှင့်ဆွမ်းကပ်ပြီးနောက် အိမ်ရှေ့ရေဖြန်းရင်း ဒိဝါတပတိဂါထာ ၉ ခေါက်ရအောင် ရွတ်ဆိုပေးပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ နံနက်စောစော အာရုံဆွမ်းခံကြွသည့် သံဃာတော်များကို သောက်ရေကပ်လှူပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ မိမိလိုချင်သည့် အလုပ်ကို စာရွက်အလွတ်တစ်ခုပေါ် ချရေးပြီး ခေါင်းအုံးအောက် ထည့်အိပ်ပေးပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ ယခုတစ်ပတ်လုံး နှစ်ဦးနေ့နံသင့်ပန်းကို အိုးတစ်အိုးဖြင့် သပ်သပ်ထိုးကာ ဘုရားသို့ကပ်လှူပါ။ပန်းမနွမ်းပါစေနှင့်။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ သရဏဂုံဆောက်တည်ပြီးမှ အိပ်ယာဝင်ပါ။အိပ်ယာထပါ။ 
 
ကျန်းမာရေးမကောင်းသူများ ။ ။ ရပ်ထဲရွာထဲတွင် နာမကျန်းသည့် သက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ အိမ်နားတွင်ရှိသည့် ထီဆိုင်မှ ၃/၇/၉ ဂဏန်းများပါသည့် ထီလက်မှတ်ကိုရွေးထိုးပါ။
 
( Zawgyi )
 
သင့္အတြက္ ေငြ႐ႊင္တဲ့အခ်ိန္ကာလကိုေရာက္ေနပါၿပီ။ယခုတစ္ပတ္မွာေငြရေပါက္ရလမ္းမွန္သမွ် လက္ေရွာင္ရမယ့္အခ်ိန္အခါ မဟုတ္ေတာ့ပါဘူး။ေငြကံကေတာ့ အထူးေျပာစရာမလိုေတာ့ပါဘူး။ဒီတစ္ပတ္မွာ သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တိုင္ပင္မယ္ဆိုရင္ အဂၤါ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုကာလအတြင္း လူမ်ိဳးျခားနဲ႔တြဲလုပ္ရတဲ့အလုပ္ေတြ ေအာင္ျမင္တတ္တဲ့ကာလပါ။ဘာသာေရးနဲ႔ တြဲၿပီးလုပ္ရင္ သင့္အတြက္ ေအာင္ျမင္မႈကတည္ၿမဲၾကာရွည္ပါလိမ့္မယ္။ခရီးကံရွိေနလို႔ ျပည္တြင္း ျပည္ပ ခရီးစဥ္ေကာင္းေတြ သြားရတတ္ပါတယ္။ယခုကာလမွာ မိတ္ရင္းေဆြရင္းေတြက အထင္လြဲတတ္ပါတယ္။သတိထားပါ။လွ်ပ္စစ္လုပ္ငန္း၊ ကားအေရာင္းအဝယ္လုပ္ငန္း ေအာင္ျမင္တတ္တဲ့ အခ်ိန္အခါပါ။စပ္တူအလုပ္ေတြ၊ စာခ်ဳပ္စာတမ္းကိစၥေတြကေတာ့ သတိထားရမယ့္ကာလပါ။က်န္းမာေရးကေတာ့ ဒီရက္ပိုင္း ဝမ္းနဲ႔ပတ္သက္တဲ့ေရာဂါေတြ ျဖစ္တတ္ပါတယ္။ပညာေရးကံကေတာ့ ထင္သေလာက္ ခရီးမေရာက္ေသးပါဘူး။အိမ္ေထာင္ရွင္မ်ား မၾကာခဏစကားမ်ားတတ္ေပမယ့္ ငယ္႐ြယ္သူမ်ားကေတာ့ ဒီကာလအတြင္း စိတ္ၾကည္ႏူးစရာေတြနဲ႔ ေပ်ာ္ဖို႔ေကာင္းေနပါလိမ့္မယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ နံနက္အိပ္ယာထလွ်င္ ဘုရားအား ေသာက္ေတာ္ေရႏွင့္ဆြမ္းကပ္ၿပီးေနာက္ အိမ္ေရွ႕ေရျဖန္းရင္း ဒိဝါတပတိဂါထာ ၉ ေခါက္ရေအာင္ ႐ြတ္ဆိုေပးပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ နံနက္ေစာေစာ အာ႐ုံဆြမ္းခံႂကြသည့္ သံဃာေတာ္မ်ားကို ေသာက္ေရကပ္လႉပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ မိမိလိုခ်င္သည့္ အလုပ္ကို စာ႐ြက္အလြတ္တစ္ခုေပၚ ခ်ေရးၿပီး ေခါင္းအုံးေအာက္ ထည့္အိပ္ေပးပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ယခုတစ္ပတ္လုံး ႏွစ္ဦးေန႔နံသင့္ပန္းကို အိုးတစ္အိုးျဖင့္ သပ္သပ္ထိုးကာ ဘုရားသို႔ကပ္လႉပါ။ပန္းမႏြမ္းပါေစႏွင့္။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ သရဏဂုံေဆာက္တည္ၿပီးမွ အိပ္ယာဝင္ပါ။အိပ္ယာထပါ။ 
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ရပ္ထဲ႐ြာထဲတြင္ နာမက်န္းသည့္ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ အိမ္နားတြင္ရွိသည့္ ထီဆိုင္မွ ၃/၇/၉ ဂဏန္းမ်ားပါသည့္ ထီလက္မွတ္ကိုေ႐ြးထိုးပါ။