【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် ဗုဒ္ဓဟူး သား သမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ဒီကာလ အတိုက်အခိုက်တွေ ပေါများနေသလို ရန်စနှောင့်ယှက်တာတွေကို ခံရကိန်းရှိပါတယ်။စပ်တူအလုပ်တွေ၊ စာချုပ်စာတမ်းအလုပ်တွေ မလုပ်သင်တဲ့ကာလဖြစ်သလို မိသားစုထဲ ငွေကြေးကိစ္စကြောင့် အခြေအတင်စကားများရကိန်းရှိပါတယ်။
အိမ်ခြံမြေ လုပ်ငန်းတွေကောင်းသလို အင်္ဂါနံစက်ပစ္စည်းတွေ ဝင်ကိန်းရှိပါတယ်။အလှူမင်္ဂလာပွဲ တွေ လုပ်ရကိန်းရှိသလို ဘာသာရေးအလုပ်တွေ မထင်မှတ်ဘဲ လုပ်ရတဲ့ကိန်းရှိပါတယ်။တတ်နိုင်ရင် လိုအပ်နေတဲ့ စာသင်တိုက်တွေကို ပဋိကတ်သုံးပုံ စာအုပ်အပြည့်အစုံ လှူပေးရင် သိသိသာသာအကျိုးထူးပါလိမ့်မယ်။ပညာရေးကံကောင်းနေတတ်ပြီး လိုရာရောက်ပါလိမ့်မယ်။အိမ်ထောင်ရှင်များ သမီးရည်းစားများ ချစ်သူရဲ့ အလုပ်အကိုင်နဲ့ ပညာရေးကြောင့် ခေတ္တခွဲခွာနေထိုင်ရကိန်းရှိပါတယ်။ကျန်းမာရေးကတော့ ဝမ်းနဲ့ နှလုံးအားနည်းတာ၊ လေရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး ယာဂုဆွမ်း ကပ်လှူကာ ရှင်သီဝလိဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပေးပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ နံနက်စောစော စာကလေးများကို အစာကျွေးရင်း လိုသောဆုကိုတောင်းပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ စနေနံထောင့်အရပ်ရှိ စေတီ၊ ပုထိုး ဘုရားများတွင် နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့် ပူဇော်ပေးပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထောင်ဘက်အား ရည်စူးကာ ဆွမ်းခံကြွလာသည့် သံဃာတော်များကို ကောက်ညှင်းပြန်ပေါင်း ကပ်လှူပါ။ 
 
လူမှုရေးအတိုက်အခံများသူများ ။ ။ အိပ်ယာဝင် အိပ်ယာထ မေတ္တာသုတ်ကို နေ့စဉ်ရွတ်ဆိုပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ လမ်းကူး၊ ချောင်းကူးများတွင် တံတားထိုးပါ။စေတီ၊ ပုထိုးဘုရားများရှိ ဗောဓိညောင်ပင်ကို ညောင်ထောက်ပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ အိမ်ရှေ့ရောက်လာသည့် ထီလှည်းမှ ၁/၇/၉ ဂဏန်းအပူးပါအောင် ရှာထိုးပါ။
 
( Zawgyi )
 
ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ဗုဒၶဟူး သား သမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ဒီကာလ အတိုက္အခိုက္ေတြ ေပါမ်ားေနသလို ရန္စေႏွာင့္ယွက္တာေတြကို ခံရကိန္းရွိပါတယ္။စပ္တူအလုပ္ေတြ၊ စာခ်ဳပ္စာတမ္းအလုပ္ေတြ မလုပ္သင္တဲ့ကာလျဖစ္သလို မိသားစုထဲ ေငြေၾကးကိစၥေၾကာင့္ အေျခအတင္စကားမ်ားရကိန္းရွိပါတယ္။
အိမ္ၿခံေျမ လုပ္ငန္းေတြေကာင္းသလို အဂၤါနံစက္ပစၥည္းေတြ ဝင္ကိန္းရွိပါတယ္။အလႉမဂၤလာပြဲ ေတြ လုပ္ရကိန္းရွိသလို ဘာသာေရးအလုပ္ေတြ မထင္မွတ္ဘဲ လုပ္ရတဲ့ကိန္းရွိပါတယ္။တတ္ႏိုင္ရင္ လိုအပ္ေနတဲ့ စာသင္တိုက္ေတြကို ပဋိကတ္သုံးပုံ စာအုပ္အျပည့္အစုံ လႉေပးရင္ သိသိသာသာအက်ိဳးထူးပါလိမ့္မယ္။ပညာေရးကံေကာင္းေနတတ္ၿပီး လိုရာေရာက္ပါလိမ့္မယ္။အိမ္ေထာင္ရွင္မ်ား သမီးရည္းစားမ်ား ခ်စ္သူရဲ႕ အလုပ္အကိုင္နဲ႔ ပညာေရးေၾကာင့္ ေခတၱခြဲခြာေနထိုင္ရကိန္းရွိပါတယ္။က်န္းမာေရးကေတာ့ ဝမ္းနဲ႔ ႏွလုံးအားနည္းတာ၊ ေလေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အား ယခုတစ္ပတ္လုံး ယာဂုဆြမ္း ကပ္လႉကာ ရွင္သီဝလိဂါထာျဖင့္ ႐ြတ္ဖတ္ပူေဇာ္ေပးပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ နံနက္ေစာေစာ စာကေလးမ်ားကို အစာေကြၽးရင္း လိုေသာဆုကိုေတာင္းပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ စေနနံေထာင့္အရပ္ရွိ ေစတီ၊ ပုထိုး ဘုရားမ်ားတြင္ နံနက္ေစာေစာ ပ႒ာန္းေဒသနာျဖင့္ ပူေဇာ္ေပးပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ေထာင္ဘက္အား ရည္စူးကာ ဆြမ္းခံႂကြလာသည့္ သံဃာေတာ္မ်ားကို ေကာက္ညႇင္းျပန္ေပါင္း ကပ္လႉပါ။ 
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ အိပ္ယာဝင္ အိပ္ယာထ ေမတၱာသုတ္ကို ေန႔စဥ္႐ြတ္ဆိုေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ လမ္းကူး၊ ေခ်ာင္းကူးမ်ားတြင္ တံတားထိုးပါ။ေစတီ၊ ပုထိုးဘုရားမ်ားရွိ ေဗာဓိေညာင္ပင္ကို ေညာင္ေထာက္ေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ အိမ္ေရွ႕ေရာက္လာသည့္ ထီလွည္းမွ ၁/၇/၉ ဂဏန္းအပူးပါေအာင္ ရွာထိုးပါ။