【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တနင်္ဂနွေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ယခုရက်ပိုင်းအတွင်း ဘာပဲလုပ်လုပ် စိတ်ထဲဘဝင်မကျတာတွေ ဖြစ်တတ်သလို အရောင်းအဝယ်ကိစ္စတွေမှာလည်း လွဲချော်မှုလေးတွေရှိတတ်ပါတယ်။ဘာကိစ္စမဆို အလောတကြီးမဆုံးဖြတ်သင့်တဲ့ အချိန်ကာလပါ။လုပ်ငန်းခွင်မှာ အနီးကပ်လူရင်းတွေ တပည့်ရင်းတွေကြောင့် ဆုံးရှုံးရမှုရှိတတ်ပါတယ်။ယခုရက်ပိုင်း ဆိုင်သစ်၊ နေရာသစ်တွေ ပြောင်းရတာ ကောင်းသလို အလုပ်အကိုင်ပြောင်းတာလည်း ကောင်းပါတယ်။ပြည်တွင်းခရီးကောင်းတွေ သွားရတတ်ပါတယ်။စပ်တူကိစ္စတွေ စာချုပ်စာတမ်း ကိစ္စတွေ ကောင်းတဲ့အချိန်အခါဖြစ်သလို လူမျိုးခြားအကျိုးပေးတဲ့ အချိန်အခါပါ။ပညာရေးက မထင်မှတ်ထားတဲ့ သင်တန်းတွေ တက်ရခွင့် ကြုံတတ်ပါတယ်။ကျန်းမာရေးကတော့ ဆီး၊ မျက်စိ၊ အစာအိမ် စတဲ့နေရာတွေမှာ ဖြစ်တတ်ပါတယ်။ချစ်သူရည်းစားတွေ အတိတ်ဟောင်းက အချစ်ဟောင်းကြောင့် ပြဿနာရှင်းရတတ်ပါတယ်။အိမ်ထောင်ရှင်တွေအတွက် ဒီကာလက တကျော့ပြန် ဟန်းနီးမွန်းကာလ ဖြစ်နေတတ်ပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ယခုတစ်ပတ်အတွင်း ဘုရားအား ပန်းပေါင်းစုံဖြင့်ပူဇော်ပြီး ဒိဝါတပတိဂါထာကို မနက်တိုင်း ၉ ခေါက်ရအောင် ပုတီးစိပ်ပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ တစ်ရက်တည်း စေတီသုံးဆူအားဖူးမြှော်ကာ စေတီ၏ တနင်္ဂနွေထောင့်တွင် အောင်သပြေ ၉ ညွှန့်ဖြင့် ဘုရားပူဇော်ပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ နံနက်စောစော ခွေးအား ထန်းညက်သုံးခဲကိုကျွေးကာ လိုရာဆုတောင်းပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ မိမိအိမ်ထဲ ကွဲနေသည့် ဖန်ပုလင်း၊ မှန်ကွဲ စသည်တို့ကို ရှာဖွေရှင်းလင်းပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ မွေးနေ့တိုင်း ဘုရားကျောင်းကန်များသို့သွားကာ သန့်ရှင်းရေးလုပ်ပေးပါ။ကုဋီများ ဆေးကြောပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ဈေးထဲသွားရင်း ငါးအရှင်တွေ့ပါက ဈေးမဆစ်ဘဲ ရေပြင်ကျယ်သည့်နေရာသို့ ကာယကံရှင်ကိုယ်တိုင် သွားလွှတ်ပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ အင်္ဂါသားသမီး ကလေးငယ်ကိုချီကာ ၁/၃/၅ အစ ၂ အဆုံး ထီလက်မှတ်ကိုရှာထိုးပေးပါ။
 
( Zawgyi )
 
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနဂၤေႏြ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ယခုရက္ပိုင္းအတြင္း ဘာပဲလုပ္လုပ္ စိတ္ထဲဘဝင္မက်တာေတြ ျဖစ္တတ္သလို အေရာင္းအဝယ္ကိစၥေတြမွာလည္း လြဲေခ်ာ္မႈေလးေတြရွိတတ္ပါတယ္။ဘာကိစၥမဆို အေလာတႀကီးမဆုံးျဖတ္သင့္တဲ့ အခ်ိန္ကာလပါ။လုပ္ငန္းခြင္မွာ အနီးကပ္လူရင္းေတြ တပည့္ရင္းေတြေၾကာင့္ ဆုံးရႈံးရမႈရွိတတ္ပါတယ္။ယခုရက္ပိုင္း ဆိုင္သစ္၊ ေနရာသစ္ေတြ ေျပာင္းရတာ ေကာင္းသလို အလုပ္အကိုင္ေျပာင္းတာလည္း ေကာင္းပါတယ္။ျပည္တြင္းခရီးေကာင္းေတြ သြားရတတ္ပါတယ္။စပ္တူကိစၥေတြ စာခ်ဳပ္စာတမ္း ကိစၥေတြ ေကာင္းတဲ့အခ်ိန္အခါျဖစ္သလို လူမ်ိဳးျခားအက်ိဳးေပးတဲ့ အခ်ိန္အခါပါ။ပညာေရးက မထင္မွတ္ထားတဲ့ သင္တန္းေတြ တက္ရခြင့္ ႀကဳံတတ္ပါတယ္။က်န္းမာေရးကေတာ့ ဆီး၊ မ်က္စိ၊ အစာအိမ္ စတဲ့ေနရာေတြမွာ ျဖစ္တတ္ပါတယ္။ခ်စ္သူရည္းစားေတြ အတိတ္ေဟာင္းက အခ်စ္ေဟာင္းေၾကာင့္ ျပႆနာရွင္းရတတ္ပါတယ္။အိမ္ေထာင္ရွင္ေတြအတြက္ ဒီကာလက တေက်ာ့ျပန္ ဟန္းနီးမြန္းကာလ ျဖစ္ေနတတ္ပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ယခုတစ္ပတ္အတြင္း ဘုရားအား ပန္းေပါင္းစုံျဖင့္ပူေဇာ္ၿပီး ဒိဝါတပတိဂါထာကို မနက္တိုင္း ၉ ေခါက္ရေအာင္ ပုတီးစိပ္ပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ တစ္ရက္တည္း ေစတီသုံးဆူအားဖူးေျမႇာ္ကာ ေစတီ၏ တနဂၤေႏြေထာင့္တြင္ ေအာင္သေျပ ၉ ၫႊန္႔ျဖင့္ ဘုရားပူေဇာ္ပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ နံနက္ေစာေစာ ေခြးအား ထန္းညက္သုံးခဲကိုေကြၽးကာ လိုရာဆုေတာင္းပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ မိမိအိမ္ထဲ ကြဲေနသည့္ ဖန္ပုလင္း၊ မွန္ကြဲ စသည္တို႔ကို ရွာေဖြရွင္းလင္းပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ေမြးေန႔တိုင္း ဘုရားေက်ာင္းကန္မ်ားသို႔သြားကာ သန႔္ရွင္းေရးလုပ္ေပးပါ။ကုဋီမ်ား ေဆးေၾကာေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေဈးထဲသြားရင္း ငါးအရွင္ေတြ႕ပါက ေဈးမဆစ္ဘဲ ေရျပင္က်ယ္သည့္ေနရာသို႔ ကာယကံရွင္ကိုယ္တိုင္ သြားလႊတ္ေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ အဂၤါသားသမီး ကေလးငယ္ကိုခ်ီကာ ၁/၃/၅ အစ ၂ အဆုံး ထီလက္မွတ္ကိုရွာထိုးေပးပါ။