【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း အလုပ်များနေသလို စိတ်မောလူမောဖြစ်နေရသလို အပင်ပန်းခံမှ အဆင်ပြေမယ့်ကာလတစ်ခုပါ။ဟိုစပ်စပ် ဒီစပ်စပ်လုပ်တာမျိုးတွေကိုတော့ လုပ်မိနေပြီး ဘာကိစ္စမဆို မပြီးပြတ်ဘဲ တန်းလန်းဖြစ်နေလို့ သင့်မှာစိတ်ပျက်မှုတွေ ဖြစ်နေရတာပါ။ခေါင်းကို အေးအေးထားပြီး အလုပ်ကိုဂရုတစိုက်လုပ်ရမယ့် အချိန်ကာလပါ။လုပ်ငန်းခွင်မှာ အလုပ်အကြွေးတွေများနေသလို အောက်လက်ငယ်သားတွေ ပြန်တော်လှန်တာမျိုးတွေ ကြုံရတတ်ပါတယ်။ဒီကာလမှာ အလုပ်ကထွက်ချင်တဲ့စိတ်တွေဖြစ်နေသလို အေးအေးချမ်းချမ်းနေရတဲ့အရပ်ကို ပြေးထွက်သွားချင်တဲ့စိတ်တွေ ပေါက်နေတတ်ပါတယ်။ငွေကြေးကံ နည်းနည်းညံ့နေပေမယ့် ကူညီဆောင်မမယ့်သူကတော့ ရှိနေပါတယ်။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် စနေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။အခုချိန်မှာ လူမျိုးခြားနဲ့ တွဲလုပ်တဲ့ အလုပ်တွေ အောင်မြင်မှုရရှိတတ်တဲ့အခါဖြစ်နေလို့ စပ်တူလုပ်ရတဲ့အလုပ်လည်းအောင်မြင်တဲ့ကာလပါ။ပညာရေးကိစ္စမှာအတတ်ပညာသင်သူတွေ အောင်မြင်မှုရှိနေတဲ့ အချိန်အခါပါ။ကျန်းမာရေးကတော့ အာရုံကြော၊လေထိုးလေအောင့်နဲ့ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်သည်တွေ အဆင်မပြေသလိုလိုနဲ့ ပြေလည်မှာဖြစ်သလိုချစ်သူရှာမယ့် ငယ်ရွယ်သူတွေကတော့ အဆင်ပြေပြီးမှ လွဲတတ်ပါတယ်။

 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အား ကြက်ဥကြော် ကပ်လှူပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ ကိုယ်သွားမည့်နိုင်ငံအမည်ပါ နေ့နံပန်းကို ဘုရားတွင်ပန်းထိုးကာလိုရာဆုတောင်းပါလေ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။အိမ်ထောင်ရှင်နှစ်ဦး၏ ဓာတ်ပုံကို ဓာတ်ဘူးအသစ်ထဲထည့်ကာ ဘုရားစင်အောက်တွင် ထားပါ။ 
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ ရွှေရောင်ပစ္စည်းများ၊ လက်ဝတ်ရတနာများ ဒီတစ်ပတ်မဝတ်ပါနှင့်။တခြားသူအိမ်သို့ ယူလာပါက လက်မခံပါနှင့်။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုရား၊ကျောင်း၊ စေတီများတွင် မေတ္တာသုတ်ရွတ်ဆိုကာသန့်ရှင်းရေးလုပ်ပေးပါ။ 
 
ကျန်းမာရေးမကောင်းသူများ ။ ။ ရပ်ထဲရွာထဲမှ သက်ကြီးရွယ်အိုများကို ဆေးဝါးအာဟာရ လှူဒါန်းပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ ထီဆိုင်တွင် ၄/၇ ဂဏန်းများပါသော ထီလက်မှတ်ကို ထိုးပေးပါ။
 
( Zawgyi )
 
ဒီရက္ပိုင္းအတြင္း အလုပ္မ်ားေနသလို စိတ္ေမာလူေမာျဖစ္ေနရသလို အပင္ပန္းခံမွ အဆင္ေျပမယ့္ကာလတစ္ခုပါ။ဟိုစပ္စပ္ ဒီစပ္စပ္လုပ္တာမ်ိဳးေတြကိုေတာ့ လုပ္မိေနၿပီး ဘာကိစၥမဆို မၿပီးျပတ္ဘဲ တန္းလန္းျဖစ္ေနလို႔ သင့္မွာစိတ္ပ်က္မႈေတြ ျဖစ္ေနရတာပါ။ေခါင္းကို ေအးေအးထားၿပီး အလုပ္ကိုဂ႐ုတစိုက္လုပ္ရမယ့္ အခ်ိန္ကာလပါ။လုပ္ငန္းခြင္မွာ အလုပ္အေႂကြးေတြမ်ားေနသလို ေအာက္လက္ငယ္သားေတြ ျပန္ေတာ္လွန္တာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ဒီကာလမွာ အလုပ္ကထြက္ခ်င္တဲ့စိတ္ေတြျဖစ္ေနသလို ေအးေအးခ်မ္းခ်မ္းေနရတဲ့အရပ္ကို ေျပးထြက္သြားခ်င္တဲ့စိတ္ေတြ ေပါက္ေနတတ္ပါတယ္။ေငြေၾကးကံ နည္းနည္းညံ့ေနေပမယ့္ ကူညီေဆာင္မမယ့္သူကေတာ့ ရွိေနပါတယ္။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ စေန သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။အခုခ်ိန္မွာ လူမ်ိဳးျခားနဲ႔ တြဲလုပ္တဲ့ အလုပ္ေတြ ေအာင္ျမင္မႈရရွိတတ္တဲ့အခါျဖစ္ေနလို႔ စပ္တူလုပ္ရတဲ့အလုပ္လည္းေအာင္ျမင္တဲ့ကာလပါ။ပညာေရးကိစၥမွာအတတ္ပညာသင္သူေတြ ေအာင္ျမင္မႈရွိေနတဲ့ အခ်ိန္အခါပါ။က်န္းမာေရးကေတာ့ အာ႐ုံေၾကာ၊ေလထိုးေလေအာင့္နဲ႔ ႏွလုံးနဲ႔ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္သည္ေတြ အဆင္မေျပသလိုလိုနဲ႔ ေျပလည္မွာျဖစ္သလိုခ်စ္သူရွာမယ့္ ငယ္႐ြယ္သူေတြကေတာ့ အဆင္ေျပၿပီးမွ လြဲတတ္ပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အား ၾကက္ဥေၾကာ္ ကပ္လႉပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ကိုယ္သြားမည့္ႏိုင္ငံအမည္ပါ ေန႔နံပန္းကို ဘုရားတြင္ပန္းထိုးကာလိုရာဆုေတာင္းပါေလ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။အိမ္ေထာင္ရွင္ႏွစ္ဦး၏ ဓာတ္ပုံကို ဓာတ္ဘူးအသစ္ထဲထည့္ကာ ဘုရားစင္ေအာက္တြင္ ထားပါ။ 
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ေ႐ႊေရာင္ပစၥည္းမ်ား၊ လက္ဝတ္ရတနာမ်ား ဒီတစ္ပတ္မဝတ္ပါႏွင့္။တျခားသူအိမ္သို႔ ယူလာပါက လက္မခံပါႏွင့္။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုရား၊ေက်ာင္း၊ ေစတီမ်ားတြင္ ေမတၱာသုတ္႐ြတ္ဆိုကာသန႔္ရွင္းေရးလုပ္ေပးပါ။ 
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ရပ္ထဲ႐ြာထဲမွ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးအာဟာရ လႉဒါန္းေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ ထီဆိုင္တြင္ ၄/၇ ဂဏန္းမ်ားပါေသာ ထီလက္မွတ္ကို ထိုးေပးပါ။