【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်လိုပါက တနင်္ဂနွေ သားသမီး းများနှင့် တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ယခုရက်ပိုင်းအတွင်းအဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေါ်တတ်ပါ တယ်။ငွေကြေးကံကောင်းနေသလို ရပေါက်ရလမ်းတွေ ပေါ်လာရှိနေပါတယ်။ဒီကာလမှာ စာချုပ်စာတမ်းကိစ္စ တွေ၊ စပ်တူရှယ်ယာအလုပ်တွေ အခက်အခဲရှိတတ်သလို အလိမ်ခံရကိန်းရှိနေပါတယ်။အိမ်ခြံမြေလုပ်ငန်းသမားတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အလုပ်အကိုင်ကောင်းတဲ့ကာလဖြစ်ပြီး ခရီးသွားလုပ်ငန်းတွေ သတိထားလုပ်ကိုင်ရမယ့်ကာလပါ။ဘာကိစ္စမဆို အထစ်အငေါ့ အနှောက်အယှက်များနေရင် မနက်စောစော ဘုရားကို သောက်တော်ရေချမ်းကပ်လှူပေးပါ။ရေလမ်းခရီးရှောင်ပါ။လက်ရှိအလုပ်အကိုင်ကနေ မပြောင်းသင့်သေးပါဘူး။ဝန်ထမ်းတွေ အထက်လူကြီးက နှစ်ခြိုက်နေတတ်ပါတယ်။ကျန်းမာရေးကတော့ ခြေလက်ကိုယ်အင်္ဂါတွေမှာ အသေးစားထိခိုက်ရှနာတွေ ဖြစ်တတ်ပါတယ်။ပညာသင်နေတဲ့သူတွေ ပညာရည်မှန်းချက် ပြည့်စုံပါမယ်။နိုင်ငံခြားပညာတော်သင် သွားရကိန်းရှိပါတယ်။အိမ်ထောင်ရှင်များ ဒီရက်ပိုင်းပူပန်ရကိန်းမြင်ပြီး၊ ချစ်သူတွေကြား သတင်းကောင်းစကား ကြားရတတ်ပါတယ်။

 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ယခုတစ်ပတ်အတွင်း အုန်းထမင်းကပ်လှူပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ သံဃာတော်များကို နံနက်စောစော အာရုံဆွမ်းကပ်လှူပူဇော်ပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ အောင်ဘွဲ့အမည်ပါ ဘုရားစေတီတွင် ဒိဝါတပတိဂါထာအား ရွတ်ဆိုပူဇော်ကာ အဓိဋ္ဌာန်ပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထောင်ရှင်နှစ်ဦး နေ့နံပါသည့်ပန်းကို အိုးတစ်လုံးဖြင့် သပ်သပ်ထိုးကာ ယခုတစ်ပတ်လုံး ဘုရားပူဇော်ပေးပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ စေတီ၊ ပုထိုးများသို့ မကြာခဏ နံနက်စောစောသွားကာ သန့်ရှင်းရေး နိုင်သလောက် လုပ်ဆောင်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ရပ်ထဲရွာထဲ နွမ်းပါးသူ ကိုယ်ဝန်ဆောင်များကို ငွေကြေးထောက်ပံ့ပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ လက်ပွေ့ရောင်းသူ၊ ထီဆိုင်မှ ပထမဆုံးထုတ်ပေးသည့် ထီလက်မှတ်ကိုထိုးပါ။
 
( Zawgyi )
 
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေအာင္ျမင္လိုပါက တနဂၤေႏြ သားသမီး းမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ယခုရက္ပိုင္းအတြင္းအဖက္ဖက္က အခြင့္အလမ္းေကာင္းေတြ ေပၚတတ္ပါ တယ္။ေငြေၾကးကံေကာင္းေနသလို ရေပါက္ရလမ္းေတြ ေပၚလာရွိေနပါတယ္။ဒီကာလမွာ စာခ်ဳပ္စာတမ္းကိစၥ ေတြ၊ စပ္တူရွယ္ယာအလုပ္ေတြ အခက္အခဲရွိတတ္သလို အလိမ္ခံရကိန္းရွိေနပါတယ္။အိမ္ၿခံေျမလုပ္ငန္းသမားေတြ၊ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြ အလုပ္အကိုင္ေကာင္းတဲ့ကာလျဖစ္ၿပီး ခရီးသြားလုပ္ငန္းေတြ သတိထားလုပ္ကိုင္ရမယ့္ကာလပါ။ဘာကိစၥမဆို အထစ္အေငါ့ အေႏွာက္အယွက္မ်ားေနရင္ မနက္ေစာေစာ ဘုရားကို ေသာက္ေတာ္ေရခ်မ္းကပ္လႉေပးပါ။ေရလမ္းခရီးေရွာင္ပါ။လက္ရွိအလုပ္အကိုင္ကေန မေျပာင္းသင့္ေသးပါဘူး။ဝန္ထမ္းေတြ အထက္လူႀကီးက ႏွစ္ၿခိဳက္ေနတတ္ပါတယ္။က်န္းမာေရးကေတာ့ ေျခလက္ကိုယ္အဂၤါေတြမွာ အေသးစားထိခိုက္ရွနာေတြ ျဖစ္တတ္ပါတယ္။ပညာသင္ေနတဲ့သူေတြ ပညာရည္မွန္းခ်က္ ျပည့္စုံပါမယ္။ႏိုင္ငံျခားပညာေတာ္သင္ သြားရကိန္းရွိပါတယ္။အိမ္ေထာင္ရွင္မ်ား ဒီရက္ပိုင္းပူပန္ရကိန္းျမင္ၿပီး၊ ခ်စ္သူေတြၾကား သတင္းေကာင္းစကား ၾကားရတတ္ပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ယခုတစ္ပတ္အတြင္း အုန္းထမင္းကပ္လႉပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ သံဃာေတာ္မ်ားကို နံနက္ေစာေစာ အာ႐ုံဆြမ္းကပ္လႉပူေဇာ္ပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ေအာင္ဘြဲ႕အမည္ပါ ဘုရားေစတီတြင္ ဒိဝါတပတိဂါထာအား ႐ြတ္ဆိုပူေဇာ္ကာ အဓိ႒ာန္ပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ေထာင္ရွင္ႏွစ္ဦး ေန႔နံပါသည့္ပန္းကို အိုးတစ္လုံးျဖင့္ သပ္သပ္ထိုးကာ ယခုတစ္ပတ္လုံး ဘုရားပူေဇာ္ေပးပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ေစတီ၊ ပုထိုးမ်ားသို႔ မၾကာခဏ နံနက္ေစာေစာသြားကာ သန္႔ရွင္းေရး ႏိုင္သေလာက္ လုပ္ေဆာင္ေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ရပ္ထဲ႐ြာထဲ ႏြမ္းပါးသူ ကိုယ္ဝန္ေဆာင္မ်ားကို ေငြေၾကးေထာက္ပံ့ေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ လက္ေပြ႕ေရာင္းသူ၊ ထီဆိုင္မွ ပထမဆုံးထုတ္ေပးသည့္ ထီလက္မွတ္ကိုထိုးပါ။