【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်း လုပ်စရာကိစ္စတွေ၊ လုပ်စရာအလုပ်တွေများနေလို့ လူပမ်းစိတ်ပမ်းရမယ့် အချိန်ကာလပါဘဲ။ရပ်ဝေးက မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့ကြုံခင်မင်ရကိန်းရှိသလို ငွေကုန်ကြေးကျများတဲ့ အချိန်အခါပါ။အိမ်တွင်း စက်ပစ္စည်းတွေအပျက်များနေသလို လက်အောက်ငယ်သားတွေအပေါ်ယုံကြည်လို့ ဒုက္ခတွေ့တတ်ပါတယ်။သင့်အတွက် ဒီတစ်ပတ်မှာပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံးအကြံပေးနိုင်တာက ဗုဒ္ဓဟူး သားသမီးတွေပါ။ဒီကာလမှာ ကံက အကောင်းအဆိုးရောနေတဲ့အတွက် မထင်မှတ်ဘဲ အလှူအတန်းတွေ၊ ဘာသာရေးအလုပ်တွေ ဘုရားဖူးခရီးတွေ သွားရကိန်းရှိပါတယ်။ဒီကာလအတွင်း စပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါဘူး။လူမျိုးခြားနဲ့လုပ်ကိုင်ရတဲ့အလုပ်တွေ သတိထားလုပ်ကိုင်ပါ။ကျန်းမာရေးကကောင်းနေပေမယ့် အိပ်ရေးမဝခြင်း၊ ခေါင်းကိုက်ခေါင်းမူးဖြစ်ခြင်းမျိုး ဖြစ်တတ်ပါတယ်။ပညာရေးကတော့ကောင်းပါတယ်။အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက်အပေါ် စကားအသာရအောင်ပြောရင်း မာနပြိုင်တတ်ပါတယ်။ချစ်သူများ မတင်မကျကိစ္စတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် သံသယရှိနေပါလိမ့်မယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး ပန်းပေါင်းစုံဖြင့် ကပ်လှူပူဇော်ကာ နံနက်တိုင်း ပဋ္ဌာန်းရွတ်ဆိုပေးပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ နေအိမ်သို့ ဆွမ်းခံကြွသည့် သံဃာတော်များကို ထီး/ဖိနပ် ကပ်လှူပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ စေတီပုထိုးများ၏ ဗုဒ္ဓဟူးထောင့်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထောင်ဘက်/ချစ်သူနှစ်ဦး၏ နေ့သင့်နံသင့်ပန်းကို ဘုရားပန်းအိုးတစ်အိုး သပ်သပ်ထိုးကာ ဘုရားအား ယခုတစ်ပတ်လုံးပူဇော်ပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ ယခုတစ်ပတ်လုံးသရဏဂုံ ၃ ပါးကို နံနက်မျက်နှာသစ်တိုင်း ရွတ်ဖတ်ပူဇော်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ အနီးအနားရှိ သက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ ဗုဒ္ဓဟူးနံဖြင့်စသည့် ထီဆိုင်တွင် ၂ အစ ၄ အဆုံး ထီလက်မှတ်ကို ထိုးပေးပါ။
 
( Zawgyi )
 
ဒီတစ္ပတ္အတြင္း လုပ္စရာကိစၥေတြ၊ လုပ္စရာအလုပ္ေတြမ်ားေနလို႔ လူပမ္းစိတ္ပမ္းရမယ့္ အခ်ိန္ကာလပါဘဲ။ရပ္ေဝးက မိတ္ေကာင္းေဆြေကာင္းေတြနဲ႔ ေတြ႕ႀကဳံခင္မင္ရကိန္းရွိသလို ေငြကုန္ေၾကးက်မ်ားတဲ့ အခ်ိန္အခါပါ။အိမ္တြင္း စက္ပစၥည္းေတြအပ်က္မ်ားေနသလို လက္ေအာက္ငယ္သားေတြအေပၚယုံၾကည္လို႔ ဒုကၡေတြ႕တတ္ပါတယ္။သင့္အတြက္ ဒီတစ္ပတ္မွာပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက ဗုဒၶဟူး သားသမီးေတြပါ။ဒီကာလမွာ ကံက အေကာင္းအဆိုးေရာေနတဲ့အတြက္ မထင္မွတ္ဘဲ အလႉအတန္းေတြ၊ ဘာသာေရးအလုပ္ေတြ ဘုရားဖူးခရီးေတြ သြားရကိန္းရွိပါတယ္။ဒီကာလအတြင္း စပ္တူကိစၥေတြ အက်ိဳးမေပးတတ္ပါဘူး။လူမ်ိဳးျခားနဲ႔လုပ္ကိုင္ရတဲ့အလုပ္ေတြ သတိထားလုပ္ကိုင္ပါ။က်န္းမာေရးကေကာင္းေနေပမယ့္ အိပ္ေရးမဝျခင္း၊ ေခါင္းကိုက္ေခါင္းမူးျဖစ္ျခင္းမ်ိဳး ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ေကာင္းပါတယ္။အိမ္ေထာင္ရွင္ေတြ အိမ္ေထာင္ဘက္အေပၚ စကားအသာရေအာင္ေျပာရင္း မာနၿပိဳင္တတ္ပါတယ္။ခ်စ္သူမ်ား မတင္မက်ကိစၥေတြေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ သံသယရွိေနပါလိမ့္မယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အား ယခုတစ္ပတ္လုံး ပန္းေပါင္းစုံျဖင့္ ကပ္လႉပူေဇာ္ကာ နံနက္တိုင္း ပ႒ာန္း႐ြတ္ဆိုေပးပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ေနအိမ္သို႔ ဆြမ္းခံႂကြသည့္ သံဃာေတာ္မ်ားကို ထီး/ဖိနပ္ ကပ္လႉေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ေစတီပုထိုးမ်ား၏ ဗုဒၶဟူးေထာင့္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ေထာင္ဘက္/ခ်စ္သူႏွစ္ဦး၏ ေန႔သင့္နံသင့္ပန္းကို ဘုရားပန္းအိုးတစ္အိုး သပ္သပ္ထိုးကာ ဘုရားအား ယခုတစ္ပတ္လုံးပူေဇာ္ပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ယခုတစ္ပတ္လုံးသရဏဂုံ ၃ ပါးကို နံနက္မ်က္ႏွာသစ္တိုင္း ႐ြတ္ဖတ္ပူေဇာ္ေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ အနီးအနားရွိ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ ဗုဒၶဟူးနံျဖင့္စသည့္ ထီဆိုင္တြင္ ၂ အစ ၄ အဆုံး ထီလက္မွတ္ကို ထိုးေပးပါ။