【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း မိတ်ဆွေကောင်းများရဲ့ အကူအညီများရတတ်ပါတယ်။ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးကမိတ်ဆွေများနဲ့ ပြန်ဆုံရတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း သင်ဘာလုပ်လုပ် စနေ သားသမီးတွေနဲ့တိုင်ပင်တာက အောင်မြင်နိုင်ပါတယ်။ငွေရေးကြေးရေးကိစ္စတွေ၊ နေရာသစ်၊ လုပ်ငန်းသစ်၊ အိမ်သစ်ကိစ္စတွေ စလုပ်လို့ကောင်းပါတယ်။လူမျိုးခြားနဲ့ စပ်တူလုပ်ရတဲ့အလုပ်တွေ၊ စာချုပ်စာတမ်းအလုပ်တွေ အိမ်၊ခြံမြေကိစ္စတွေလည်း ကောင်းပါတယ်။အနုပညာရှင်တွေ သတိထားပါ။အပြောမတတ်လို့ ပြဿနာတက်တတ်ပါတယ်။ယခုရက်ပိုင်းဘခရီးသွားလုပ်ငန်းတွေ အခက်အခဲရှိတတ်ပါတယ်။လုပ်ငန်းခွင်အတွင်း နာမည်ဂုဏ်သတင်းတက်စရာရှိသလို မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။ငွေကတော့ ဝင်နေသလို ထွက်နေတတ်လို့ စုဖို့တော့ခက်ပါလိမ့်မယ်။ပညာရေးက ကောင်းပါတယ်။လုပ်ငန်းခွင်မှာ ရာထူးတိုးဖြေသူတို့ ယခုရက်ပိုင်းဘအောင်စာရင်းထွက်ရင် လိုအင်ဆန္ဒပြည့်ပြီလို့ မှတ်လိုက်ပါ။ကျန်းမာရေးမှာ အိပ်ရေးပျက်တာတွေကြောင့် အာရုံကြောထိခိုက်နိုင်ပါတယ်။ခရီးထွက်တာတွေ၊ ဘုရားဖူးသွားရတာတွေက သင့်အတွက်ကောင်းပါတယ်။အိမ်ထောင်ရှင်များနဲ့ သမီးရည်းစားများကတော့ တကျက်ကျက် ရန်ဖြစ်တတ်နေပေမယ့် ဆိုးဆိုးဝါးဝါးမဖြစ်ပါဘူး။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား စနေနံပန်းများလှူကာ ဒိဝါတပတိဂါထာကို နံနက် ၉ နာရီမထိုးမီ ၉ ခေါက်ရွတ်ဆိုပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ မွေးနေ့ မွေးရက်တွင် သင့်အိမ်နှင့်အနီးဆုံးစေတီရှိ စနေထောင့် အရပ်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပြီး လိုရာဆုတောင်းပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။လျှောက်ထားသည့်အလုပ်ကိုဘစာရွက်တစ်ရွက်ဖြင့်ရေးပြီး ခေါင်းအုံးအောက်ထားအိပ်ပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်တွင် အိမ်ထောင်ဘက်နှစ်ဦး၏ နေ့သင့်နံသင့်ပန်းကို ပန်းအိုးတစ်အိုးဖြင့် သက်သက်ထိုးကာ ဘုရားပူဇော်ပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ ယခုတစ်ပတ်လုံး ဘုရားအားရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်ကောက်ခြင်းများ ပြုလုပ်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ စေတီများတွင် ညောင်ထောက်ပေးခြင်း၊ ပန်းခြောက်များရှင်းပေးခြင်း ပြုလုပ်ပေးပါ။ 
 
ထီကံကောင်းလိုသူများ ။ ။ ထီဆိုင်တွင် စနေနံအက္ခရာဖြင့် ၂/၇ ဂဏန်းများများပါသော ထီကိုထိုးပါ။
 
( Zawgyi )
 
 
ဒီရက္ပိုင္းအတြင္း မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ပါတယ္။ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ ရပ္ေဝးကမိတ္ေဆြမ်ားနဲ႔ ျပန္ဆုံရတတ္ပါတယ္။ယခုရက္ပိုင္းအတြင္း သင္ဘာလုပ္လုပ္ စေန သားသမီးေတြနဲ႔တိုင္ပင္တာက ေအာင္ျမင္ႏိုင္ပါတယ္။ေငြေရးေၾကးေရးကိစၥေတြ၊ ေနရာသစ္၊ လုပ္ငန္းသစ္၊ အိမ္သစ္ကိစၥေတြ စလုပ္လို႔ေကာင္းပါတယ္။လူမ်ိဳးျခားနဲ႔ စပ္တူလုပ္ရတဲ့အလုပ္ေတြ၊ စာခ်ဳပ္စာတမ္းအလုပ္ေတြ အိမ္၊ၿခံေျမကိစၥေတြလည္း ေကာင္းပါတယ္။အႏုပညာရွင္ေတြ သတိထားပါ။အေျပာမတတ္လို႔ ျပႆနာတက္တတ္ပါတယ္။ယခုရက္ပိုင္းဘခရီးသြားလုပ္ငန္းေတြ အခက္အခဲရွိတတ္ပါတယ္။လုပ္ငန္းခြင္အတြင္း နာမည္ဂုဏ္သတင္းတက္စရာရွိသလို မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။ေငြကေတာ့ ဝင္ေနသလို ထြက္ေနတတ္လို႔ စုဖို႔ေတာ့ခက္ပါလိမ့္မယ္။ပညာေရးက ေကာင္းပါတယ္။လုပ္ငန္းခြင္မွာ ရာထူးတိုးေျဖသူတို႔ ယခုရက္ပိုင္းဘေအာင္စာရင္းထြက္ရင္ လိုအင္ဆႏၵျပည့္ၿပီလို႔ မွတ္လိုက္ပါ။က်န္းမာေရးမွာ အိပ္ေရးပ်က္တာေတြေၾကာင့္ အာ႐ုံေၾကာထိခိုက္ႏိုင္ပါတယ္။ခရီးထြက္တာေတြ၊ ဘုရားဖူးသြားရတာေတြက သင့္အတြက္ေကာင္းပါတယ္။အိမ္ေထာင္ရွင္မ်ားနဲ႔ သမီးရည္းစားမ်ားကေတာ့ တက်က္က်က္ ရန္ျဖစ္တတ္ေနေပမယ့္ ဆိုးဆိုးဝါးဝါးမျဖစ္ပါဘူး။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား စေနနံပန္းမ်ားလႉကာ ဒိဝါတပတိဂါထာကို နံနက္ ၉ နာရီမထိုးမီ ၉ ေခါက္႐ြတ္ဆိုပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ေမြးေန႔ ေမြးရက္တြင္ သင့္အိမ္ႏွင့္အနီးဆုံးေစတီရွိ စေနေထာင့္ အရပ္တြင္ အဓိ႒ာန္ပုတီးစိပ္ၿပီး လိုရာဆုေတာင္းပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ေလွ်ာက္ထားသည့္အလုပ္ကိုဘစာ႐ြက္တစ္႐ြက္ျဖင့္ေရးၿပီး ေခါင္းအုံးေအာက္ထားအိပ္ပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္တြင္ အိမ္ေထာင္ဘက္ႏွစ္ဦး၏ ေန႔သင့္နံသင့္ပန္းကို ပန္းအိုးတစ္အိုးျဖင့္ သက္သက္ထိုးကာ ဘုရားပူေဇာ္ပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ယခုတစ္ပတ္လုံး ဘုရားအားေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္ေကာက္ျခင္းမ်ား ျပဳလုပ္ေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေစတီမ်ားတြင္ ေညာင္ေထာက္ေပးျခင္း၊ ပန္းေျခာက္မ်ားရွင္းေပးျခင္း ျပဳလုပ္ေပးပါ။ 
 
ထီကံေကာင္းလိုသူမ်ား ။ ။ ထီဆိုင္တြင္ စေနနံအကၡရာျဖင့္ ၂/၇ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။