【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ်ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာတတ်ပါတယ်။ကံတရားက ကိုယ့်ဘက်မှာရှိနေတဲ့အတွက် ဒီအချိန်မှာ ကိုယ်ရည်ရွယ်ထားတဲ့လုပ်ငန်းတွေ ကိစ္စတွေကို စတင်တိုးချဲ့ဆောင်ရွက်လုပ်ကိုင်သင့်တဲ့ အချိန်ပါ။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ကိုယ့်အောင်မြင်မှုကြောင့် မနာလိုကာ အပြိုင်အဆိုင်များတတ်တဲ့ အချိန်ကာလဖြစ်လို့ ပြောမှားဆိုမှား အထင်လွဲစရာတွေကြောင့် မိတ်ရင်းဆွေရင်းတွေနဲ့ စိတ်ဝမ်းကွဲတတ်ပါတယ်။ဒီကာလမှာ အိမ်ခြံမြေနဲ့ စပ်တူအလုပ်တွေ ကောင်းပါတယ်။အထူးသဖြင့် အိမ်ခြံမြေသမားတွေ၊ ခရီးသွားလုပ်ငန်းသမားတွေ၊ ကားအရောင်းအဝယ်သမားတွေ အခြေအနေကောင်းပါတယ်။ကျန်းမာရေးကတော့ ဆီးနဲ့ပတ်သက်တဲ့ရောဂါနဲ့ မျက်စိရောဂါတွေ ဖြစ်တတ်ပါတယ်။ပြည်တွင်း ပြည်ပခရီး စိတ်အကြံပေါက်သလောက် ရောက်မယ့်အချိန်အခါပါ။ပညာရေးကံကောင်းနေပြီး ကြိုးစားလေ ပိုခရီးရောက်မယ့် အချိန်အခါဖြစ်ပေမယ့် အပေါင်းအသင်းမက်တာကြောင့် မျှော်မှန်းထားသလိုမဖြစ်ဘဲ နေတတ်ပါတယ်။အိမ်ထောင်သည်တွေ၊ ချစ်သူတွေအတွက် ဒီရက်ပိုင်း သတင်းကောင်းကြားရဖို့ရှိနေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ခုနှစ်ရက်တိတိ ဗုဒ္ဓဟူးနံ ပန်း၊ အညွှန့်၊ သစ်သီးတို့ဖြင့် ပူဇော်ဆက်ကပ်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ယခုတစ်ပတ် နေ့စဉ် နံနက်စောစောထကာ သံဃာများကို တန်းဆွမ်းလောင်းလှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အနီးရှိ စေတီတွင် ကံကော်ပန်းကိုးပွင့်တိတိဖြင့် နံနက်ကိုးနာရီတိတိ ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင်းရှိ သင့်အိမ်ထောင်ဘက်၏ နေ့နံအသုံးအဆောင်ပစ္စည်း အဟောင်းအပျက်များကို အိမ်ခြံဝင်းအပြင်ဘက်ရောက်အောင် ရှာကြံကာ လွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ သမ္ဗုဒ္ဓေဂါထာကို သင်သတိရတိုင်း ရွတ်ဆိုပေးပါ။သင့်ကို အကာကွယ်ပေးပါလိမ့်မယ်။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းသွားရင်း ခွေး၊ ကျီး စသည့် တနင်္လာနံသတ္တဝါများကို အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။     ။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၂/၄ ဂဏန်းများများပါသည့် ထီလက်မှတ်ကိုရှာထိုးပါ။

( Zawgyi )

ဒီရက္ပိုင္း အဖက္ဖက္က အခြင့္အလမ္းေကာင္းေတြ ေပၚထြက္လာတတ္ပါတယ္။ကံတရားက ကိုယ့္ဘက္မွာရွိေနတဲ့အတြက္ ဒီအခ်ိန္မွာ ကိုယ္ရည္႐ြယ္ထားတဲ့လုပ္ငန္းေတြ ကိစၥေတြကို စတင္တိုးခ်ဲ႕ေဆာင္႐ြက္လုပ္ကိုင္သင့္တဲ့ အခ်ိန္ပါ။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ကိုယ့္ေအာင္ျမင္မႈေၾကာင့္ မနာလိုကာ အၿပိဳင္အဆိုင္မ်ားတတ္တဲ့ အခ်ိန္ကာလျဖစ္လို႔ ေျပာမွားဆိုမွား အထင္လြဲစရာေတြေၾကာင့္ မိတ္ရင္းေဆြရင္းေတြနဲ႔ စိတ္ဝမ္းကြဲတတ္ပါတယ္။ဒီကာလမွာ အိမ္ၿခံေျမနဲ႔ စပ္တူအလုပ္ေတြ ေကာင္းပါတယ္။အထူးသျဖင့္ အိမ္ၿခံေျမသမားေတြ၊ ခရီးသြားလုပ္ငန္းသမားေတြ၊ ကားအေရာင္းအဝယ္သမားေတြ အေျခအေနေကာင္းပါတယ္။က်န္းမာေရးကေတာ့ ဆီးနဲ႔ပတ္သက္တဲ့ေရာဂါနဲ႔ မ်က္စိေရာဂါေတြ ျဖစ္တတ္ပါတယ္။ျပည္တြင္း ျပည္ပခရီး စိတ္အႀကံေပါက္သေလာက္ ေရာက္မယ့္အခ်ိန္အခါပါ။ပညာေရးကံေကာင္းေနၿပီး ႀကိဳးစားေလ ပိုခရီးေရာက္မယ့္ အခ်ိန္အခါျဖစ္ေပမယ့္ အေပါင္းအသင္းမက္တာေၾကာင့္ ေမွ်ာ္မွန္းထားသလိုမျဖစ္ဘဲ ေနတတ္ပါတယ္။အိမ္ေထာင္သည္ေတြ၊ ခ်စ္သူေတြအတြက္ ဒီရက္ပိုင္း သတင္းေကာင္းၾကားရဖို႔ရွိေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ခုႏွစ္ရက္တိတိ ဗုဒၶဟူးနံ ပန္း၊ အၫႊန႔္၊ သစ္သီးတို႔ျဖင့္ ပူေဇာ္ဆက္ကပ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ယခုတစ္ပတ္ ေန႔စဥ္ နံနက္ေစာေစာထကာ သံဃာမ်ားကို တန္းဆြမ္းေလာင္းလႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အနီးရွိ ေစတီတြင္ ကံေကာ္ပန္းကိုးပြင့္တိတိျဖင့္ နံနက္ကိုးနာရီတိတိ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္းရွိ သင့္အိမ္ေထာင္ဘက္၏ ေန႔နံအသုံးအေဆာင္ပစၥည္း အေဟာင္းအပ်က္မ်ားကို အိမ္ၿခံဝင္းအျပင္ဘက္ေရာက္ေအာင္ ရွာႀကံကာ လႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ သမၺဳေဒၶဂါထာကို သင္သတိရတိုင္း ႐ြတ္ဆိုေပးပါ။သင့္ကို အကာကြယ္ေပးပါလိမ့္မယ္။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းသြားရင္း ေခြး၊ က်ီး စသည့္ တနလၤာနံသတၱဝါမ်ားကို အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ၾကာသပေတးနာမည္ပါ ထီဆိုင္တြင္ ၂/၄ ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကိုရွာထိုးပါ။