【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် သင့်မှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ အောင်မြင်လိုသောကိစ္စများအတွက် တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင် တနင်္ဂနွေ သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်တာ အကောင်းဆုံးပါဘဲ။ငွေရွှင်တဲ့ကာလဖြစ်သလို အပြိုင်အဆိုင်လည်း ပေါများတဲ့ကာလ ဖြစ်နေပါတယ်။ထီ၊ အမွေ စတာတွေ မျှော်လင့်လို့ရပါတယ်။စက်ပစ္စည်းတွေ၊ ဇိမ်ခံပစ္စည်းအသစ်တွေ ဝင်လာတတ်သလို ရှိပြီးသားအသုံးအဆောင်တွေ ပျက်တတ်ပါတယ်။အလုပ်အကိုင်လည်း အောင်မြင်မှုရရှိတတ်တဲ့အခါပါ။ခရီးထွက်တာတွေ၊ ဘုရားဖူးသွားရတာတွေ ပေါ်တတ်ပါတယ်။လူမျိုးကွဲတွေနဲ့ စပ်တူလုပ်ရတဲ့အလုပ်တွေ အကျိုးပေးပါတယ်။လုပ်ငန်းသစ်အတွက် လမ်းစသစ်၊ အခွင့်အရေးသစ်များ ပေါ်ပေါက်လာတတ်ပါသည်။ဝန်ထမ်းများ ပင်ပန်းသလောက် အကျိုးခံစားရမယ့် အချိန်ကာလပါ။ပညာရေးကိစ္စမှာ အတတ်ပညာသင်သူတွေ အောင်မြင်မှုရှိနေတဲ့ အချိန်အခါပါ။မိသားစုအတွင်း နားလည်မှုလွဲတတ်တာတွေ စိတ်ရှုပ်စရာတွေ ရှိနေတတ်ပါတယ်။ကျန်းမာရေးကတော့ နှလုံးနှင့်ပတ်သက်တဲ့ရောဂါ ဖြစ်တတ်ပါတယ်။အိမ်ထောင်သည်တွေ အိမ်ထောင်ဖက်က နားလည်မှုလွဲတတ်သလို ငယ်ရွယ်သူတွေ အဆင်မပြေတတ်လို့ အရဲမကိုးသင့်ပါဘူး။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ယခုရက်သတ္တပတ် ခုနှစ်ရက်လုံး အောင်သပြေပန်းကိုကို မညှိုးအောင် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ကိုယ်သွားမည့်နိုင်ငံ၏ နေ့နံပန်းကို ဘုရားတွင် ပန်းထိုးကာ ယုံယုံကြည်ကြည်ဖြင့် လိုရာဆုတောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အိမ်ထောင်ရှင်နှစ်ဦး၏ နေ့နံကိုက်သည့်ပန်းကို ပန်းအိုးတစ်လုံးဖြင့် သပ်သပ်ထိုးကာ ယခုတစ်ပတ်လုံး ဘုရားရှင်အားပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ရွှေရောင်ပစ္စည်းများ ယခုတစ်ပတ်မဝတ်ပါနှင့်။တခြားသူ အိမ်သို့ယူလာပါကလည်း လက်မခံပါနှင့်။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရား၊ ကျောင်း၊ စေတီများတွင် မေတ္တာသုတ်ရွတ်ဆိုကာ သန့်ရှင်းရေးလုပ်ပေးပါ။  

ကျန်းမာရေးမကောင်းသူများ ။     ။ ကိုယ်အောက်ပိုင်းမသန်သည့် သက်ကြီးရွယ်အိုတွေ့ပါက ဆေးဝါးလှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ ။     ။ အိမ်နှင့်အနီးဆုံး ထီဆိုင်တွင် ၁/၄ ဂဏန်းပါသော ထီလက်မှတ်ကိုရှာထိုးပေးပါ။

( Zawgyi )

ယခုတစ္ပတ္ သင့္မွာ လူမႈေရး၊ စီးပြားေရး၊ ပညာေရး စတဲ့ ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တိုင္ပင္ေဆြးေႏြးခ်င္တယ္ဆိုရင္ တနဂၤေႏြ သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္တာ အေကာင္းဆုံးပါဘဲ။ေငြ႐ႊင္တဲ့ကာလျဖစ္သလို အၿပိဳင္အဆိုင္လည္း ေပါမ်ားတဲ့ကာလ ျဖစ္ေနပါတယ္။ထီ၊ အေမြ စတာေတြ ေမွ်ာ္လင့္လို႔ရပါတယ္။စက္ပစၥည္းေတြ၊ ဇိမ္ခံပစၥည္းအသစ္ေတြ ဝင္လာတတ္သလို ရွိၿပီးသားအသုံးအေဆာင္ေတြ ပ်က္တတ္ပါတယ္။အလုပ္အကိုင္လည္း ေအာင္ျမင္မႈရရွိတတ္တဲ့အခါပါ။ခရီးထြက္တာေတြ၊ ဘုရားဖူးသြားရတာေတြ ေပၚတတ္ပါတယ္။လူမ်ိဳးကြဲေတြနဲ႔ စပ္တူလုပ္ရတဲ့အလုပ္ေတြ အက်ိဳးေပးပါတယ္။လုပ္ငန္းသစ္အတြက္ လမ္းစသစ္၊ အခြင့္အေရးသစ္မ်ား ေပၚေပါက္လာတတ္ပါသည္။ဝန္ထမ္းမ်ား ပင္ပန္းသေလာက္ အက်ိဳးခံစားရမယ့္ အခ်ိန္ကာလပါ။ပညာေရးကိစၥမွာ အတတ္ပညာသင္သူေတြ ေအာင္ျမင္မႈရွိေနတဲ့ အခ်ိန္အခါပါ။မိသားစုအတြင္း နားလည္မႈလြဲတတ္တာေတြ စိတ္ရႈပ္စရာေတြ ရွိေနတတ္ပါတယ္။က်န္းမာေရးကေတာ့ ႏွလုံးႏွင့္ပတ္သက္တဲ့ေရာဂါ ျဖစ္တတ္ပါတယ္။အိမ္ေထာင္သည္ေတြ အိမ္ေထာင္ဖက္က နားလည္မႈလြဲတတ္သလို ငယ္႐ြယ္သူေတြ အဆင္မေျပတတ္လို႔ အရဲမကိုးသင့္ပါဘူး။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ယခုရက္သတၱပတ္ ခုႏွစ္ရက္လုံး ေအာင္သေျပပန္းကိုကို မညႇိဳးေအာင္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ကိုယ္သြားမည့္ႏိုင္ငံ၏ ေန႔နံပန္းကို ဘုရားတြင္ ပန္းထိုးကာ ယုံယုံၾကည္ၾကည္ျဖင့္ လိုရာဆုေတာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ အိမ္ေထာင္ရွင္ႏွစ္ဦး၏ ေန႔နံကိုက္သည့္ပန္းကို ပန္းအိုးတစ္လုံးျဖင့္ သပ္သပ္ထိုးကာ ယခုတစ္ပတ္လုံး ဘုရားရွင္အားပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ေ႐ႊေရာင္ပစၥည္းမ်ား ယခုတစ္ပတ္မဝတ္ပါႏွင့္။တျခားသူ အိမ္သို႔ယူလာပါကလည္း လက္မခံပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရား၊ ေက်ာင္း၊ ေစတီမ်ားတြင္ ေမတၱာသုတ္႐ြတ္ဆိုကာ သန္႔ရွင္းေရးလုပ္ေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ကိုယ္ေအာက္ပိုင္းမသန္သည့္ သက္ႀကီး႐ြယ္အိုေတြ႕ပါက ေဆးဝါးလႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ အိမ္ႏွင့္အနီးဆုံး ထီဆိုင္တြင္ ၁/၄ ဂဏန္းပါေသာ ထီလက္မွတ္ကိုရွာထိုးေပးပါ။