【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီကာလက သင့်အတွက် အကောင်းတွေစုဝေးတတ်တဲ့အတွက် လုပ်သမျှဖြစ်နေတတ်ပါတယ်။ငွေကံကောင်းနေသလို ဘာလုပ်လုပ် သင်ကံအကျိုးပေးကောင်းနေလို့ အရာထင်နေတဲ့အချိန်အခါ ဖြစ်နေပါတယ်။ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် အင်္ဂါ သားသမီးများနှင့် တိုင် ပင်ဆောင်ရွက်ဖို့လိုပါတယ်။နိုင်ငံခြားခရီးတွေ လူမျိုးခြားအကူအညီတွေ ရတတ်ပါတယ်။စပ်တူကိစ္စတွေ စာချုပ် စာတမ်းနဲ့ လုပ်ရမယ်ကိစ္စတွေကတော့ ရှောင်စေချင်ပါတယ်။လုပ်ငန်းအပြောင်းအလဲရှိပေမယ့် ကောင်းတဲ့အ ပြောင်းအလဲပါ။အတိုက်အခံကတော့ရှိနေပါတယ်။မိသားစုအတွင်း အလှူမင်္ဂလာပွဲတွေ ဖြစ်လာတတ်ပါ တယ်။ပညာရေးကတော့ အသင့်အတင့်ပါဘဲ။ကျန်းမာရေးကတော့ အာရုံကြောအားနည်းတာ၊ သွေးတိုးတာတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ယခုတစ်ပတ်လုံး စိန်ပန်း၊ ဆီးသီး စသည်တို့ဖြင့် မပြတ်ပူဇော်ပေးပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ အလှူခံများကို နိုင်သလောက်လှူပြီး စိတ်က ထွက်ပြီထွက်ပြီဟု ရွတ်ပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားစေတီများ၏ အင်္ဂါနံထောင့်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်တွင် စက်ပစ္စည်းအဟောင်းအပျက်များရှိနေ တတ်ပါသည်။ရှာ၍ လွှတ်ပစ်ပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုရားစေတီရင်ပြင်များတွင် အမှိုက်များရှင်းလင်းပေးခြင်းက သင့်အတွက်အကောင်းဆုံးဖြစ်ပါတယ်။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ရေသတ္တဝါများကို သက်စေ့လွှတ်ပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ မွေးနေ့မွေးရက်တွင် ထီကားလာပါက ၃/၄ စတဲ့ ဂဏန်းများများပါအောင် ထီထိုးပါ။
 
( Zawgyi )
 
ဒီကာလက သင့္အတြက္ အေကာင္းေတြစုေဝးတတ္တဲ့အတြက္ လုပ္သမွ်ျဖစ္ေနတတ္ပါတယ္။ေငြကံေကာင္းေနသလို ဘာလုပ္လုပ္ သင္ကံအက်ိဳးေပးေကာင္းေနလို႔ အရာထင္ေနတဲ့အခ်ိန္အခါ ျဖစ္ေနပါတယ္။ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ အဂၤါ သားသမီးမ်ားႏွင့္ တိုင္ ပင္ေဆာင္႐ြက္ဖို႔လိုပါတယ္။ႏိုင္ငံျခားခရီးေတြ လူမ်ိဳးျခားအကူအညီေတြ ရတတ္ပါတယ္။စပ္တူကိစၥေတြ စာခ်ဳပ္ စာတမ္းနဲ႔ လုပ္ရမယ္ကိစၥေတြကေတာ့ ေရွာင္ေစခ်င္ပါတယ္။လုပ္ငန္းအေျပာင္းအလဲရွိေပမယ့္ ေကာင္းတဲ့အ ေျပာင္းအလဲပါ။အတိုက္အခံကေတာ့ရွိေနပါတယ္။မိသားစုအတြင္း အလႉမဂၤလာပြဲေတြ ျဖစ္လာတတ္ပါ တယ္။ပညာေရးကေတာ့ အသင့္အတင့္ပါဘဲ။က်န္းမာေရးကေတာ့ အာ႐ုံေၾကာအားနည္းတာ၊ ေသြးတိုးတာေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ယခုတစ္ပတ္လုံး စိန္ပန္း၊ ဆီးသီး စသည္တို႔ျဖင့္ မျပတ္ပူေဇာ္ေပးပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ အလႉခံမ်ားကို ႏိုင္သေလာက္လႉၿပီး စိတ္က ထြက္ၿပီထြက္ၿပီဟု ႐ြတ္ေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားေစတီမ်ား၏ အဂၤါနံေထာင့္တြင္ အဓိ႒ာန္ပုတီးစိပ္ပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္တြင္ စက္ပစၥည္းအေဟာင္းအပ်က္မ်ားရွိေန တတ္ပါသည္။ရွာ၍ လႊတ္ပစ္ပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုရားေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားရွင္းလင္းေပးျခင္းက သင့္အတြက္အေကာင္းဆုံးျဖစ္ပါတယ္။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေရသတၱဝါမ်ားကို သက္ေစ့လႊတ္ေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ ေမြးေန႔ေမြးရက္တြင္ ထီကားလာပါက ၃/၄ စတဲ့ ဂဏန္းမ်ားမ်ားပါေအာင္ ထီထိုးပါ။