【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်က သင့်အတွက် ကံကောင်းမှုတွေ ဆိုက်ရောက်လာတဲ့ကာလ ဖြစ်ပါတယ်။ဒီကာလမှာ သင့်အတွက် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံးအကြံပေးနိုင်တာက စနေသားသမီးတွေပါ။သင့်စိတ်ကူးထဲက ရှိသမျှအလုပ်အကိုင်တွေကို အကောင်အထည်ဖော်တဲ့အခါ ယခုကာလထဲ အပြိုင်အဆိုင်၊ အနှောင့်အယှက်များပေမယ့် နောက်ဆုံးမှာ အဆင်ပြေသွားမယ့်ကံ ရှိပါတယ်။ဒီကာလမှာ နိုင်ငံခြားရပ်ခြား၊ လူမျိုးခြားက အကျိုးပေးကိန်းရှိသလို ဝန်ထမ်းများအဖို့ ရာထူးအလုပ်များနှင့်ပတ်သက်ပြီး အောင်မြင်ခြင်း၊ ဘွဲ့ထူး၊ ဂုဏ်ထူးများ ရရှိခြင်းများ ကြုံတွေ့ရနိုင်ပါတယ်။အိမ်ခြံမြေဝင်ကိန်းလည်း ရှိနေသလို မြေနဲ့ စပ်တူကိစ္စတွေ အကျိုးပေးတတ်ပါတယ်။မထင်မှတ်ဘဲ ခရီးကောင်းတွေ၊ ဘုရားဖူးခရီးတွေ သွားရကိန်းရှိပါတယ်။ငွေဝင်ကောင်းပေမယ့် ငွေထွက်များတာ၊ လုပ်ငန်းတွေထဲ ငွေမြုပ်နေတာတွေကြောင့် ငွေကျပ်တဲ့အချိန်အခါပါ။ကျန်းမာရေး ကတော့ သိပ်မဆိုးပေမယ့် တရှောင်ရှောင်ဖြစ်နေတတ်ပါတယ်။ပညာရပ်အသစ်များ သင်ခွင့်ရလာတတ်ပါတယ်။ဆရာကောင်းနှင့် ကြုံရတတ်ပါတယ်။အိမ်ထောင်ရှင်များအဖို့ အိမ်ထောင်ဖက် ဇနီးမယားအဖို့ ဝမ်းသာစရာ သတင်းကောင်းများ ကြားရတတ်ပါသည်။လူပျို၊ လူလွတ်များ အကောင်းဆုံးလက်တွဲဖော် ရရှိတတ်ပါတယ်။ 

 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး နှင်းဆီပန်း ၉ ပွင့် ကပ်လှူကာ နံနက်နေမထွက်မီ ရှင်သီဝလိဂါထာ ၉ ခေါက် ရွတ်ဆိုပေးပါ။ 
 
ပြည်ပထွက်ခွာလိုသူများ ။ ။ လမ်းထဲ တန်းဆွမ်းကြွသည့် သံဃာတော်ကို ထီး/ဖိနပ် ကပ်လှူပေးပါ။ 
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ဘုရားစေတီ၏ စနေနံထောင့်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို မေတ္တာသုတ်ရွက်ပြီးမှ ရွက်ဖတ်ပူဇော်ပေးပါ။ 
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထောင်ဘက်နှစ်ဦး၏ နေ့သင့် နံသင့်ပန်းကို ပန်းအိုးတစ်အိုးဖြင့် သပ်သပ်ထိုးကာ ဘုရားပူဇော်ပါ။ 
 
လူမှုရေးအတိုက်အခံများသူများ ။ ။ နံနက်တိုင်း မေတ္တာသုတ်ကို ရွတ်ဖတ်ပူဇော်၍ အိမ်ရှေ့လမ်းမအား လှည်းကျင်းပေးပါ။ 
 
ကျန်းမာရေးမကောင်းသူများ ။ ။ စေတီများနှင့် ဘုန်းကြီးကျောင်းများရှိ ဗောဓိညောင်ပင်များတွင် ညောင်ထောက်ပေးပါ။ရေသက်စေ့လောင်းပါ။ 
 
ထီကံကောင်းလိုသူများ ။ ။ ဗုဒ္ဓဟူးနေ့တွင် အရင်ဆုံးတွေ့သည့် ထီဆိုင်မှ ကျပ်တစ်ထောင်တန်ထီ ၉/၂//၆ ဂဏန်းများများသည့် လက်မှတ်ကို ရှာထိုးပါ။
 
( Zawgyi )
 
ဒီတစ္ပတ္က သင့္အတြက္ ကံေကာင္းမႈေတြ ဆိုက္ေရာက္လာတဲ့ကာလ ျဖစ္ပါတယ္။ဒီကာလမွာ သင့္အတြက္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက စေနသားသမီးေတြပါ။သင့္စိတ္ကူးထဲက ရွိသမွ်အလုပ္အကိုင္ေတြကို အေကာင္အထည္ေဖာ္တဲ့အခါ ယခုကာလထဲ အၿပိဳင္အဆိုင္၊ အေႏွာင့္အယွက္မ်ားေပမယ့္ ေနာက္ဆုံးမွာ အဆင္ေျပသြားမယ့္ကံ ရွိပါတယ္။ဒီကာလမွာ ႏိုင္ငံျခားရပ္ျခား၊ လူမ်ိဳးျခားက အက်ိဳးေပးကိန္းရွိသလို ဝန္ထမ္းမ်ားအဖို႔ ရာထူးအလုပ္မ်ားႏွင့္ပတ္သက္ၿပီး ေအာင္ျမင္ျခင္း၊ ဘြဲ႕ထူး၊ ဂုဏ္ထူးမ်ား ရရွိျခင္းမ်ား ႀကဳံေတြ႕ရႏိုင္ပါတယ္။အိမ္ၿခံေျမဝင္ကိန္းလည္း ရွိေနသလို ေျမနဲ႔ စပ္တူကိစၥေတြ အက်ိဳးေပးတတ္ပါတယ္။မထင္မွတ္ဘဲ ခရီးေကာင္းေတြ၊ ဘုရားဖူးခရီးေတြ သြားရကိန္းရွိပါတယ္။ေငြဝင္ေကာင္းေပမယ့္ ေငြထြက္မ်ားတာ၊ လုပ္ငန္းေတြထဲ ေငြျမဳပ္ေနတာေတြေၾကာင့္ ေငြက်ပ္တဲ့အခ်ိန္အခါပါ။က်န္းမာေရး ကေတာ့ သိပ္မဆိုးေပမယ့္ တေရွာင္ေရွာင္ျဖစ္ေနတတ္ပါတယ္။ပညာရပ္အသစ္မ်ား သင္ခြင့္ရလာတတ္ပါတယ္။ဆရာေကာင္းႏွင့္ ႀကဳံရတတ္ပါတယ္။အိမ္ေထာင္ရွင္မ်ားအဖို႔ အိမ္ေထာင္ဖက္ ဇနီးမယားအဖို႔ ဝမ္းသာစရာ သတင္းေကာင္းမ်ား ၾကားရတတ္ပါသည္။လူပ်ိဳ၊ လူလြတ္မ်ား အေကာင္းဆုံးလက္တြဲေဖာ္ ရရွိတတ္ပါတယ္။ 
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အား ယခုတစ္ပတ္လုံး ႏွင္းဆီပန္း ၉ ပြင့္ ကပ္လႉကာ နံနက္ေနမထြက္မီ ရွင္သီဝလိဂါထာ ၉ ေခါက္ ႐ြတ္ဆိုေပးပါ။ 
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ လမ္းထဲ တန္းဆြမ္းႂကြသည့္ သံဃာေတာ္ကို ထီး/ဖိနပ္ ကပ္လႉေပးပါ။ 
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ဘုရားေစတီ၏ စေနနံေထာင့္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ေမတၱာသုတ္႐ြက္ၿပီးမွ ႐ြက္ဖတ္ပူေဇာ္ေပးပါ။ 
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ေထာင္ဘက္ႏွစ္ဦး၏ ေန႔သင့္ နံသင့္ပန္းကို ပန္းအိုးတစ္အိုးျဖင့္ သပ္သပ္ထိုးကာ ဘုရားပူေဇာ္ပါ။ 
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ နံနက္တိုင္း ေမတၱာသုတ္ကို ႐ြတ္ဖတ္ပူေဇာ္၍ အိမ္ေရွ႕လမ္းမအား လွည္းက်င္းေပးပါ။ 
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေစတီမ်ားႏွင့္ ဘုန္းႀကီးေက်ာင္းမ်ားရွိ ေဗာဓိေညာင္ပင္မ်ားတြင္ ေညာင္ေထာက္ေပးပါ။ေရသက္ေစ့ေလာင္းပါ။ 
 
ထီကံေကာင္းလိုသူမ်ား ။ ။ ဗုဒၶဟူးေန႔တြင္ အရင္ဆုံးေတြ႕သည့္ ထီဆိုင္မွ က်ပ္တစ္ေထာင္တန္ထီ ၉/၂//၆ ဂဏန္းမ်ားမ်ားသည့္ လက္မွတ္ကို ရွာထိုးပါ။