【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းမှာ အဖက်ဖက်က ကံအညံ့လေးတွေရှိနေတတ်ပေမယ့် အဆိုးကြီးမဟုတ်ဘဲ ဘုရားတရားမြဲမြဲလုပ်တာနဲ့ ကံကိုပြင်ဖို့ အခွင့်ကောင်းတွေရတတ်ပါတယ်။နေရာသစ် အိမ်သစ် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေပေါ်လာရင် အဲဒီအခွင့်အရေးကို အရယူသင့်ပါတယ်။ငွေဝင်ကောင်းနေပေမယ့် ငွေကုန်စရာအကြောင်းကလဲ အမျိုးမျိုးပေါ်နေတတ်ပါတယ်။ဒီကာလမှာ ဘာပဲလုပ်လုပ် ဘာသာရေးကိုဖိဖိစီးစီးလုပ်ပြီးမှ လုပ်သင့်ပါတယ်။ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် နေ့နံတူ သောကြာနဲ့ စနေ သားသမီးတွေကို တိုင်ပင်တာအကောင်းဆုံးပါဘဲ။စပ်တူကိစ္စတွေ၊ စာရွက်စာတမ်းနဲ့ လုပ်ကိုင်ရတဲ့ အလုပ်တွေ၊ အစုရှယ်ယာအလုပ်တွေ မကောင်းသေးပါဘူး။အိမ်ခြံမြေအလုပ်တွေ သတိထားရဦးမယ့် အချိန်ကာလပါ။ပြည်ပခရီးထွက်ဖို့ကိစ္စတွေ ပြည်တွင်းဘုရားဖူးခရီးတွေ မိသားစုခရီးသွားရတာတွေ ရှိတတ်ပါတယ်။ပညာရေးမှာ မထင်မှတ်ဘဲ အခွင့်အလမ်းကောင်းတွေ ပေါ်လာတတ်သလို အလုပ်ထဲမှာ ရာထူးနေရာက မထင်မှတ်ဘဲ သင့်အတွက်ဖြစ်လာတာတွေ ကြုံရကိန်းရှိပါတယ်။ကျန်းမာရေးကတော့ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။အိမ်ထောင်ရှင်များ ချစ်သူတွေအတွက် ခဏတာဝေးရဖို့ရှိနေပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား နာနတ်သီးဖြင့်ဆွမ်းကပ်ကာ ဒိဝါတပတိဂါထာကို အာရုံမတက်မီ နေဘက်မျက်နှာမူကာ ၉ ခေါက်ရွတ်ဖတ် ပူဇော်ပေးပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ မိမိသွားလိုသည့်အရပ်မှ ခွေးများအား နံနက်ဖက်တွင် အစာကျွေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားတွင် ပန်းပေါင်းစုံကပ်လှူကာ အဓိဋ္ဌာန်လုပ်ပေးပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိပ်ခန်းထဲ အလှပြင်ပစ္စည်းအစုတ်များ၊ စနေနံပစ္စည်း အဟောင်းများရှိက လွှင့်ပစ်ပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုရားစေတီများတွင် ဂြိုလ်နံဘုရားများကို ရေသပ္ပါယ်ပါ။နေအိမ်ဘုရားစင်တွင် ဘုရားပန်းမညှိုးပါစေနှင့်။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရားတွင် တံခွန်ကုက္ကားလှူပါ။ရွှေသင်္ကန်းကပ်လှူပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ စနေနံအမည်ပါ ထီဆိုင်တွင် ၆/၇/၈/၉ ဂဏန်းများပါသည့် ထီထိုးပါ။
 
( Zawgyi )
 
ဒီရက္ပိုင္းမွာ အဖက္ဖက္က ကံအညံ့ေလးေတြရွိေနတတ္ေပမယ့္ အဆိုးႀကီးမဟုတ္ဘဲ ဘုရားတရားၿမဲၿမဲလုပ္တာနဲ႔ ကံကိုျပင္ဖို႔ အခြင့္ေကာင္းေတြရတတ္ပါတယ္။ေနရာသစ္ အိမ္သစ္ အလုပ္အကိုင္အခြင့္အလမ္းသစ္ေတြေပၚလာရင္ အဲဒီအခြင့္အေရးကို အရယူသင့္ပါတယ္။ေငြဝင္ေကာင္းေနေပမယ့္ ေငြကုန္စရာအေၾကာင္းကလဲ အမ်ိဳးမ်ိဳးေပၚေနတတ္ပါတယ္။ဒီကာလမွာ ဘာပဲလုပ္လုပ္ ဘာသာေရးကိုဖိဖိစီးစီးလုပ္ၿပီးမွ လုပ္သင့္ပါတယ္။ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ေန႔နံတူ ေသာၾကာနဲ႔ စေန သားသမီးေတြကို တိုင္ပင္တာအေကာင္းဆုံးပါဘဲ။စပ္တူကိစၥေတြ၊ စာ႐ြက္စာတမ္းနဲ႔ လုပ္ကိုင္ရတဲ့ အလုပ္ေတြ၊ အစုရွယ္ယာအလုပ္ေတြ မေကာင္းေသးပါဘူး။အိမ္ၿခံေျမအလုပ္ေတြ သတိထားရဦးမယ့္ အခ်ိန္ကာလပါ။ျပည္ပခရီးထြက္ဖို႔ကိစၥေတြ ျပည္တြင္းဘုရားဖူးခရီးေတြ မိသားစုခရီးသြားရတာေတြ ရွိတတ္ပါတယ္။ပညာေရးမွာ မထင္မွတ္ဘဲ အခြင့္အလမ္းေကာင္းေတြ ေပၚလာတတ္သလို အလုပ္ထဲမွာ ရာထူးေနရာက မထင္မွတ္ဘဲ သင့္အတြက္ျဖစ္လာတာေတြ ႀကဳံရကိန္းရွိပါတယ္။က်န္းမာေရးကေတာ့ စိတ္ဖိစီးမႈေတြ ျဖစ္ေပၚတတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား ခ်စ္သူေတြအတြက္ ခဏတာေဝးရဖို႔ရွိေနပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား နာနတ္သီးျဖင့္ဆြမ္းကပ္ကာ ဒိဝါတပတိဂါထာကို အာ႐ုံမတက္မီ ေနဘက္မ်က္ႏွာမူကာ ၉ ေခါက္႐ြတ္ဖတ္ ပူေဇာ္ေပးပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ မိမိသြားလိုသည့္အရပ္မွ ေခြးမ်ားအား နံနက္ဖက္တြင္ အစာေကြၽးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားတြင္ ပန္းေပါင္းစုံကပ္လႉကာ အဓိ႒ာန္လုပ္ေပးပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိပ္ခန္းထဲ အလွျပင္ပစၥည္းအစုတ္မ်ား၊ စေနနံပစၥည္း အေဟာင္းမ်ားရွိက လႊင့္ပစ္ပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုရားေစတီမ်ားတြင္ ၿဂိဳလ္နံဘုရားမ်ားကို ေရသပၸါယ္ပါ။ေနအိမ္ဘုရားစင္တြင္ ဘုရားပန္းမညႇိဳးပါေစႏွင့္။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုရားတြင္ တံခြန္ကုကၠားလႉပါ။ေ႐ႊသကၤန္းကပ္လႉေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ စေနနံအမည္ပါ ထီဆိုင္တြင္ ၆/၇/၈/၉ ဂဏန္းမ်ားပါသည့္ ထီထိုးပါ။