【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း လုပ်ငန်းခွင်မှာ စိတ်ရှုပ်စရာတွေ၊ ဆုံးဖြတ်ချက်မှားတာတွေဖြစ်တတ်လို့ ဆင်ခြင်သင့်ပါတယ်။အလုပ်ကို အားသွန်ခွန်စိုက်လုပ်နေရတတ်ပါတယ်။ဝန်ထမ်းတွေ အရေးကြီးတာဝန်ကို လွှဲပြောင်းထမ်းဆောင်ရကိန်းရှိပါတယ်။ကျန်းမာရေးညံ့တတ်လို့ ကံကောင်းရန် ဆေးဝါးဒါန ပြုလုပ်ပါလေ။ယခုရက်ပိုင်းအတွင်း ဗုဒ္ဒဟူး သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေးကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ခရီးထွက်တာတွေ၊ ဘုရားဖူးသွားရတာတွေ ပေါ်တတ်ပါတယ်။လူမျိုးကွဲတွေနဲ့ စပ်တူလုပ်ရတဲ့အလုပ်တွေ အကျိုးပေးပါတယ်။စပ်တူလုပ်ကိုင်သူများ သတိထားပါ။မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။ရေထွက်ကုန်တွေ၊ ဆောက်လုပ်ရေးပစ္စည်း ရောင်းဝယ်တဲ့အလုပ်တွေ အကျိုးပေးပါလိမ့်မယ်။ငွေကံကောင်းလွန်းနေလို့ ထီထိုးသင့်ပါတယ်။ပညာရေးကကောင်းနေပါတယ်။အိမ်ထောင်ရှင်များ ပျော်ရွှင်ရသလောက် ချစ်သူများက ကိုယ်ကျန်ခဲ့ကိန်းမြင်နေပါတယ်။ကျန်းမာရေးမှာ လေကြောင့်ဖြစ်တတ်တဲ့ရောဂါကို သတိပြုသင့်ပါတယ်။ 
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား နံနက်စောစော ပန်း၊ ရေချမ်းကပ်လှူကာ ရှင်သီဝလီဂါထာကို သက်စေ့ရွတ်ဆိုပူဇော်ပါ။ 
 
ပြည်ပထွက်ခွာလိုသူများ ။ ။ လမ်းထဲ ဆွမ်းဆန်အလှူခံကြွသည့် သီလရှင်ဆရာလေးများကို ဖိနပ်လှူပါလေ။ 
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားစေတီတွင် မိမိမွေးနံထောင့်တွင် ပန်းဆီးမီးဖြင့်ကပ်လှူပူဇော်ကာ လိုရာဆုတောင်းပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်အဝင်အဝတွင် ဝင်ရထွက်ရခက်သည့် အပင်များ (ဥပမာ - သစ်ခက်သစ်ကိုင်းများ) ကို ဖယ်ရှားပေးပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုရားအား ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်များကောက်ခြင်းအား ပြုလုပ်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ဈေးထဲ ရေသတ္တဝါအရှင်တွေ့ပါက ဝယ်ပြီး ဇိဝိတဒါနလွှတ်ပေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ စက်ဘီးဖြင့်ရောင်းသည့် ထီဆိုင်တွေ့ပါက ၄/၆ ဂဏန်းများများပါသော ထီကိုထိုးပါ။
 
( Zawgyi )
 
ဒီရက္ပိုင္း လုပ္ငန္းခြင္မွာ စိတ္ရႈပ္စရာေတြ၊ ဆုံးျဖတ္ခ်က္မွားတာေတြျဖစ္တတ္လို႔ ဆင္ျခင္သင့္ပါတယ္။အလုပ္ကို အားသြန္ခြန္စိုက္လုပ္ေနရတတ္ပါတယ္။ဝန္ထမ္းေတြ အေရးႀကီးတာဝန္ကို လႊဲေျပာင္းထမ္းေဆာင္ရကိန္းရွိပါတယ္။က်န္းမာေရးညံ့တတ္လို႔ ကံေကာင္းရန္ ေဆးဝါးဒါန ျပဳလုပ္ပါေလ။ယခုရက္ပိုင္းအတြင္း ဗုဒၵဟူး သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ခရီးထြက္တာေတြ၊ ဘုရားဖူးသြားရတာေတြ ေပၚတတ္ပါတယ္။လူမ်ိဳးကြဲေတြနဲ႔ စပ္တူလုပ္ရတဲ့အလုပ္ေတြ အက်ိဳးေပးပါတယ္။စပ္တူလုပ္ကိုင္သူမ်ား သတိထားပါ။မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။ေရထြက္ကုန္ေတြ၊ ေဆာက္လုပ္ေရးပစၥည္း ေရာင္းဝယ္တဲ့အလုပ္ေတြ အက်ိဳးေပးပါလိမ့္မယ္။ေငြကံေကာင္းလြန္းေနလို႔ ထီထိုးသင့္ပါတယ္။ပညာေရးကေကာင္းေနပါတယ္။အိမ္ေထာင္ရွင္မ်ား ေပ်ာ္႐ႊင္ရသေလာက္ ခ်စ္သူမ်ားက ကိုယ္က်န္ခဲ့ကိန္းျမင္ေနပါတယ္။က်န္းမာေရးမွာ ေလေၾကာင့္ျဖစ္တတ္တဲ့ေရာဂါကို သတိျပဳသင့္ပါတယ္။ 
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား နံနက္ေစာေစာ ပန္း၊ ေရခ်မ္းကပ္လႉကာ ရွင္သီဝလီဂါထာကို သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။ 
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ လမ္းထဲ ဆြမ္းဆန္အလႉခံႂကြသည့္ သီလရွင္ဆရာေလးမ်ားကို ဖိနပ္လႉပါေလ။ 
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားေစတီတြင္ မိမိေမြးနံေထာင့္တြင္ ပန္းဆီးမီးျဖင့္ကပ္လႉပူေဇာ္ကာ လိုရာဆုေတာင္းပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္အဝင္အဝတြင္ ဝင္ရထြက္ရခက္သည့္ အပင္မ်ား (ဥပမာ - သစ္ခက္သစ္ကိုင္းမ်ား) ကို ဖယ္ရွားေပးပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုရားအား ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားေကာက္ျခင္းအား ျပဳလုပ္ေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေဈးထဲ ေရသတၱဝါအရွင္ေတြ႕ပါက ဝယ္ၿပီး ဇိဝိတဒါနလႊတ္ေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ စက္ဘီးျဖင့္ေရာင္းသည့္ ထီဆိုင္ေတြ႕ပါက ၄/၆ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။