【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း ကံကြမ္မာက မိမိကိုမျက်နှာသာပေးနေသလို မိတ်ဆွေကောင်းများရဲ့ အကူအညီများရတတ်ပါတယ်။အလုပ်တွေနဲ့ပတ်သက်ပြီး အကူအညီတွေ အထူးရသလို ရာထူးတိုးခြင်း၊ နေရာကောင်းရခြင်းမျိုးတွေ ကြုံရတတ်ပါတယ်။ ဘာသာရေးသမားတွေ အကျိုးထူးတဲ့အချိန်ပါ။ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးကမိတ်ဆွေများနဲ့ ပြန်ဆုံရတတ်ပါတယ်။ယခုကာလ ဘာပဲလုပ်လုပ် နေ့သင့်နံသင့်နေတာက စနေ သားသမီးတွေပါဘဲ။သူတို့နဲ့ တိုင်ပင်လုပ်ကိုင်သင့်ပါတယ်။ပြည်တွင်း ပြည်ပ ခရီးသွားဖို့ စီစဉ်ထားတာတွေ အောင်မြင်တတ်ပါတယ်။ဒီကာလမှာ ငွေရေးကြေးရေးကိစ္စတွေ၊ နေရာသစ်၊ လုပ်ငန်းသစ်၊ အိမ်သစ်ကိစ္စတွေ စလုပ်လို့ကောင်းတဲ့ကာလပါ။
လူမျိုးခြားနဲ့စပ်တူလုပ်ရတဲ့အလုပ်တွေ၊ စာချုပ်စာတမ်းအလုပ်တွေ အိမ်၊ ခြံမြေကိစ္စတွေ ကောင်းပါတယ်။အနုပညာရှင်တွေ အပြောမတတ်လို့ ပြဿနာတက်တတ်ပါတယ်။ယခုရက်ပိုင်း ခရီးသွားလုပ်ငန်းတွေ အခက်အခဲရှိတတ်ပါတယ်။လုပ်ငန်းခွင်အတွင်း နာမည်ဂုဏ်သတင်းတက်စရာရှိသလို မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။စက်ပစ္စည်းအရောင်းအဝယ်သမားတွေ၊ ဆောက်လုပ်ရေးသမားတွေ လုပ်ငန်းကောင်းတဲ့ကာလပါ။ဒီကာလမှာ ငွေကံကောင်းနေသလို ဘာသာရေးအလှူအတန်းတွေ လုပ်ရတတ်တဲ့ အချိန်ကာလပါ။ပညာရေးကံကောင်းနေသလို မတတ်ရတော့ဘူးလို့ ထင်ထားတဲ့ သင်တန်းတွေ ထင်မှတ်မထားဘဲ တက်ရတတ်ပါတယ်။လုပ်ငန်းခွင်ရာထူးဖြေသူတို့ လိုအင်ဆန္ဒပြည့်မယ့်ကာလပါ။ကျန်းမာရေးမှာ ကြီးကြီးမားမားမရှိပေမယ့် ဒူးနာခါးနာ အပရိကရောဂါတွေလောက် ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်များ ခဏတာခွဲခွာရကိန်းရှိပြီး ငယ်ရွယ်သူချစ်သူများကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား နှင်းဆီပန်း  ၃ ပွင့်ကို ငွေပန်းနှင့်ရောလှူကာ ရှင်သီဝလိဂါထာကို နံနက် ၉ နာရီမထိုးမီ ၉ ခေါက်တိတိ ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မွေးနေ့မွေးရက်တွင် သင့်အိမ်နှင့် အနီးဆုံးစေတီရှိ စနေထောင့်အရပ်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပြီး လိုရာဆုတောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ လျှောက်ထားသည့်အလုပ်ကို စာရွက်တစ်ရွက်ဖြင့်ရေးပြီး ခေါင်းအုံးအောက်ထားအိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဓာတ်ဘူးသစ်ထဲ အိမ်ထောင်ဘက်၊ ချစ်သူနှစ်ဦး ဓာတ်ပုံကိုထည့်ကာ ဘုရားစင်အောက် တစ်ပတ်တိတိထားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားအား ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် နှမ်းဆီဖြင့် ဆီမီးပူဇော်ခြင်းများ ဆောင်ရွက်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ စေတီများရှိ ဗောဓိညောင်ပင်တွင် ညောင်ထောက်ပေးခြင်း၊ ပန်းခြောက်များရှင်းပေးခြင်း ပြုလုပ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် စနေနံအက္ခရာဖြင့် ၇/၈/၉ ဂဏန်းများများပါသော ထီကိုထိုးပါ။

( Zawgyi )

ဒီရက္ပိုင္းအတြင္း ကံၾကမၼာက မိမိကိုမ်က္ႏွာသာေပးေနသလို မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ပါတယ္။အလုပ္ေတြနဲ႔ပတ္သက္ၿပီး အကူအညီေတြ အထူးရသလို ရာထူးတိုးျခင္း၊ ေနရာေကာင္းရျခင္းမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ ဘာသာေရးသမားေတြ အက်ိဳးထူးတဲ့အခ်ိန္ပါ။ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ ရပ္ေဝးကမိတ္ေဆြမ်ားနဲ႔ ျပန္ဆုံရတတ္ပါတယ္။ယခုကာလ ဘာပဲလုပ္လုပ္ ေန႔သင့္နံသင့္ေနတာက စေန သားသမီးေတြပါဘဲ။သူတို႔နဲ႔ တိုင္ပင္လုပ္ကိုင္သင့္ပါတယ္။ျပည္တြင္း ျပည္ပ ခရီးသြားဖို႔ စီစဥ္ထားတာေတြ ေအာင္ျမင္တတ္ပါတယ္။ဒီကာလမွာ ေငြေရးေၾကးေရးကိစၥေတြ၊ ေနရာသစ္၊ လုပ္ငန္းသစ္၊ အိမ္သစ္ကိစၥေတြ စလုပ္လို႔ေကာင္းတဲ့ကာလပါ။
လူမ်ိဳးျခားနဲ႔စပ္တူလုပ္ရတဲ့အလုပ္ေတြ၊ စာခ်ဳပ္စာတမ္းအလုပ္ေတြ အိမ္၊ ၿခံေျမကိစၥေတြ ေကာင္းပါတယ္။အႏုပညာရွင္ေတြ အေျပာမတတ္လို႔ ျပႆနာတက္တတ္ပါတယ္။ယခုရက္ပိုင္း ခရီးသြားလုပ္ငန္းေတြ အခက္အခဲရွိတတ္ပါတယ္။လုပ္ငန္းခြင္အတြင္း နာမည္ဂုဏ္သတင္းတက္စရာရွိသလို မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။စက္ပစၥည္းအေရာင္းအဝယ္သမားေတြ၊ ေဆာက္လုပ္ေရးသမားေတြ လုပ္ငန္းေကာင္းတဲ့ကာလပါ။ဒီကာလမွာ ေငြကံေကာင္းေနသလို ဘာသာေရးအလႉအတန္းေတြ လုပ္ရတတ္တဲ့ အခ်ိန္ကာလပါ။ပညာေရးကံေကာင္းေနသလို မတတ္ရေတာ့ဘူးလို႔ ထင္ထားတဲ့ သင္တန္းေတြ ထင္မွတ္မထားဘဲ တက္ရတတ္ပါတယ္။လုပ္ငန္းခြင္ရာထူးေျဖသူတို႔ လိုအင္ဆႏၵျပည့္မယ့္ကာလပါ။က်န္းမာေရးမွာ ႀကီးႀကီးမားမားမရွိေပမယ့္ ဒူးနာခါးနာ အပရိကေရာဂါေတြေလာက္ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား ခဏတာခြဲခြာရကိန္းရွိၿပီး ငယ္႐ြယ္သူခ်စ္သူမ်ားကေတာ့ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ႏွင္းဆီပန္း  ၃ ပြင့္ကို ေငြပန္းႏွင့္ေရာလႉကာ ရွင္သီဝလိဂါထာကို နံနက္ ၉ နာရီမထိုးမီ ၉ ေခါက္တိတိ ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေမြးေန႔ေမြးရက္တြင္ သင့္အိမ္ႏွင့္ အနီးဆုံးေစတီရွိ စေနေထာင့္အရပ္တြင္ အဓိ႒ာန္ပုတီးစိပ္ၿပီး လိုရာဆုေတာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေလွ်ာက္ထားသည့္အလုပ္ကို စာ႐ြက္တစ္႐ြက္ျဖင့္ေရးၿပီး ေခါင္းအုံးေအာက္ထားအိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဓာတ္ဘူးသစ္ထဲ အိမ္ေထာင္ဘက္၊ ခ်စ္သူႏွစ္ဦး ဓာတ္ပုံကိုထည့္ကာ ဘုရားစင္ေအာက္ တစ္ပတ္တိတိထားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားအား ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ ႏွမ္းဆီျဖင့္ ဆီမီးပူေဇာ္ျခင္းမ်ား ေဆာင္႐ြက္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေစတီမ်ားရွိ ေဗာဓိေညာင္ပင္တြင္ ေညာင္ေထာက္ေပးျခင္း၊ ပန္းေျခာက္မ်ားရွင္းေပးျခင္း ျပဳလုပ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ စေနနံအကၡရာျဖင့္ ၇/၈/၉ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။