【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်အတွင်း သင့်အတွက် ပညာရေး၊ လူမှုရေး၊ စီးပွားရေးတွေမှာ အကောင်းဆုံးအကြံပေးနိုင်တာက အင်္ဂါ သားသမီးတွေပါ။လုပ်ငန်းခွင်မှာ စိတ်တိုင်းမကျစရာ များနေတတ်သလို မတင်မကျကိစ္စတွေလည်း များနေတတ်ပါတယ်။အလုပ်တွေများနေပေမယ့် ငွေကျပ်တဲ့ ကာလဖြစ်နေပါတယ်။တစ်ခါတစ်လေ အလွဲလွဲအချော်ချော်ဖြစ်နေတတ်လို့ စိတ်မတိုဘဲ သည်းခံနှိမ့်ချဆက်ဆံရင် သင့်ကို လိုရာရည်မှန်းချက်ဆီ အရောက်ပို့ပါလိမ့်မည်။အရာရာ စိတ်အေးအေးထားပြီးလုပ်ကိုင်ရင် အားလုံးအဆင်ပြေသွားမှာပါ။ဒီတစ်ပတ်အတွင်း လုပ်ငန်းတွေမတိုးချဲ့ပါနဲ့ဦး၊ စွန့်ကြဲလှူဒါန်းခြင်းမကြာခဏပြုလုပ်ပေးပါ။အိမ်တွင်းရေးက သာယာနေတတ်သလို မိသားစုဆွေမျိုးများအတွင်း ပျော်ရွှင်ရမယ့်အချိန်ကာလပါ။ဒီကာလအတွင်း စပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါဘူး။ကျန်းမာရေးက ကောင်းနေပေမယ့် ခါး၊အစာအိမ်၊ ခြေထောက်တွေ ဂရုစိုက်ပါ။ပြည်ပထွက် ူပညာသင်ရန် စီစဉ်နေသူများ ယခုရက်ပိုင်း သွားရကိန်းရှိပါတယ်။အိမ်ထောင်ရှင် ချစ်သူအချင်းချင်း အဆင်မပြေမှုတွေရှိနေတတ်ပေမယ့် ခဏတာယာယီပါ။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အား စံပယ်ပန်းဖြင့် နေ့စဉ်ပူဇော်ပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ ရဟန်းသံဃာများအား ထီး၊ ဖိနပ် တစ်ခုခုကပ်လှူပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ဘုရားစေတီရှိ အင်္ဂါထောင့်အရပ်တွင် သန့်ရှင်းရေးလုပ်ပြီး ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ မိမိရည်ရွယ်သောသူအတွက် ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ လမ်းသွားတိုင်း၊ သတိရသည့် အခါတိုင်း သံမ္ဗုဒ္ဓေဂါထာကို ရွတ်ဆိုပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ခို၊ ကျီးစသော သတ္တဝါများကို သီးသန့်အစာကျွေးပေးပါ။ 
 
ထီကံကောင်းလိုသူများ ။ ။ လမ်းသွားစဉ်တွေ့သည့် ထီဆိုင်တွင် ၃/၆ ဂဏန်းများများပါသည့် ထီနံပါတ်ကို ရှာထိုးပါ။
 
( Zawgyi )
 
ယခုရက္အတြင္း သင့္အတြက္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးေတြမွာ အေကာင္းဆုံးအႀကံေပးႏိုင္တာက အဂၤါ သားသမီးေတြပါ။လုပ္ငန္းခြင္မွာ စိတ္တိုင္းမက်စရာ မ်ားေနတတ္သလို မတင္မက်ကိစၥေတြလည္း မ်ားေနတတ္ပါတယ္။အလုပ္ေတြမ်ားေနေပမယ့္ ေငြက်ပ္တဲ့ ကာလျဖစ္ေနပါတယ္။တစ္ခါတစ္ေလ အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ေနတတ္လို႔ စိတ္မတိုဘဲ သည္းခံႏွိမ့္ခ်ဆက္ဆံရင္ သင့္ကို လိုရာရည္မွန္းခ်က္ဆီ အေရာက္ပို႔ပါလိမ့္မည္။အရာရာ စိတ္ေအးေအးထားၿပီးလုပ္ကိုင္ရင္ အားလုံးအဆင္ေျပသြားမွာပါ။ဒီတစ္ပတ္အတြင္း လုပ္ငန္းေတြမတိုးခ်ဲ႕ပါနဲ႔ဦး၊ စြန႔္ႀကဲလႉဒါန္းျခင္းမၾကာခဏျပဳလုပ္ေပးပါ။အိမ္တြင္းေရးက သာယာေနတတ္သလို မိသားစုေဆြမ်ိဳးမ်ားအတြင္း ေပ်ာ္႐ႊင္ရမယ့္အခ်ိန္ကာလပါ။ဒီကာလအတြင္း စပ္တူကိစၥေတြ အက်ိဳးမေပးတတ္ပါဘူး။က်န္းမာေရးက ေကာင္းေနေပမယ့္ ခါး၊အစာအိမ္၊ ေျခေထာက္ေတြ ဂ႐ုစိုက္ပါ။ျပည္ပထြက္ ူပညာသင္ရန္ စီစဥ္ေနသူမ်ား ယခုရက္ပိုင္း သြားရကိန္းရွိပါတယ္။အိမ္ေထာင္ရွင္ ခ်စ္သူအခ်င္းခ်င္း အဆင္မေျပမႈေတြရွိေနတတ္ေပမယ့္ ခဏတာယာယီပါ။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အား စံပယ္ပန္းျဖင့္ ေန႔စဥ္ပူေဇာ္ပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ရဟန္းသံဃာမ်ားအား ထီး၊ ဖိနပ္ တစ္ခုခုကပ္လႉေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ဘုရားေစတီရွိ အဂၤါေထာင့္အရပ္တြင္ သန႔္ရွင္းေရးလုပ္ၿပီး ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ မိမိရည္႐ြယ္ေသာသူအတြက္ ဘုရားတြင္ ေ႐ႊသကၤန္း ကပ္လႉေပးပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ လမ္းသြားတိုင္း၊ သတိရသည့္ အခါတိုင္း သံမၺဳေဒၶဂါထာကို ႐ြတ္ဆိုပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ခို၊ က်ီးစေသာ သတၱဝါမ်ားကို သီးသန႔္အစာေကြၽးေပးပါ။ 
 
ထီကံေကာင္းလိုသူမ်ား ။ ။ လမ္းသြားစဥ္ေတြ႕သည့္ ထီဆိုင္တြင္ ၃/၆ ဂဏန္းမ်ားမ်ားပါသည့္ ထီနံပါတ္ကို ရွာထိုးပါ။