【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း ကံညံ့နေသလို အနှောင့်အယှက်လည်းများနေပါတယ်။ယခုရက်ပိုင်းအတွင်း တနင်္လာ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေးကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ဒီကာလမှာ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်းကောင်းတွေ၊ နေရာအပြောင်းအလဲတွေ၊ အလုပ်အကိုင်အပြောင်းအလဲတွေ မထင်မှတ်ဘဲ ပေါ်ထွက်လာတတ်ပါတယ်။ကောင်းတဲ့ပြောင်းလဲခြင်းတွေပါ။ခရီးထွက်တာတွေ၊ ဘုရားဖူးသွားရတာတွေ မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း ပြဿနာတွေရှိတတ်ပြီး ငွေနဲ့ ပစ္စည်း ပျောက်ရှတာတွေရှိတတ်ပါတယ်။ဒီကာလမှာ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းတွေကောင်းနေပြီး အိမ်ခြံမြေလုပ်ကိုင်သူတွေ အဆင်မပြေတတ်ပါဘူး။စပ်တူလုပ်ကိုင်သူတွေ သတိထားသင့်ပါတယ်။ပညာရေးကံ အသင့်အတင့်ပဲရှိပြီး သင်တန်းတွေ လွဲချော်တတ်ပါတယ်။ကျန်းမာရေးကတော့ ဝမ်း၊ ဦးခေါင်း စတဲ့ရောဂါတွေ ဂရုစိုက်သင့်ပါတယ်။အိမ်ထောင်ရှင်များကြား ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ ပေါ်လာတတ်သလို သမီးရည်းစားများကြား ကြည်နူးစရာကာလဖြစ်နေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး တနင်္လာနံ အသီးအညွှန့်ပန်းများဖြင့် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သင်လျှောက်ထားသည့် ပြည်ပအလုပ်ကိစ္စဖြင့် အပြင်သွားခါနီးတိုင်း မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ သင့်အိမ်အနီးတစ်ဝိုက်တွင်ရှိသော ဘုရားစေတီသို့သွားကာ သန့်ရှင်းရေးပြုလုပ်ပေးပြီး ဆီမီးပူဇော် ကုသိုလ်ပြုပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဓာတ်ပုံအစုတ်များ၊ အပြဲများ အိမ်ထဲမထားပါနှင့် အချစ်ရေးအဆင်မပြေပါက ခွေးကို ထန်းညက်ခဲ ၃ ခဲ ကျွေးပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ အိမ်တွင် မိဘဝေယျာဝစ္စကို စေတနာပါပါလုပ်ပေးပါ။မိဘအဝတ်အစားကို လျှော်ဖွပ်ပေးပါ။ရန်များနေပါက မိဘများ၏ ပုဆိုးစ ထမိန်စကို အိတ်သန့်သန့်ဖြင့်ထည့်ကာ ခေါင်းအုံးအိပ်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဈေးတွင် ရေသတ္တဝါအရှင်ကိုတွေ့ပါက ဝယ်ပြီး နီးစပ်ရာ ကန်၊ ချောင်းတွင် လွှတ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ တွေ့သည့်ထီဆိုင်တွင် ပထမဆုံးတွေ့သည့် ထီကိုထိုးပါ။

( Zawgyi )

ဒီရက္ပိုင္း ကံညံ့ေနသလို အေႏွာင့္အယွက္လည္းမ်ားေနပါတယ္။ယခုရက္ပိုင္းအတြင္း တနလၤာ သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ဒီကာလမွာ ဘာသာေရး၊ ပညာေရး၊ အခြင့္အလမ္းေကာင္းေတြ၊ ေနရာအေျပာင္းအလဲေတြ၊ အလုပ္အကိုင္အေျပာင္းအလဲေတြ မထင္မွတ္ဘဲ ေပၚထြက္လာတတ္ပါတယ္။ေကာင္းတဲ့ေျပာင္းလဲျခင္းေတြပါ။ခရီးထြက္တာေတြ၊ ဘုရားဖူးသြားရတာေတြ မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္း ျပႆနာေတြရွိတတ္ၿပီး ေငြနဲ႔ ပစၥည္း ေပ်ာက္ရွတာေတြရွိတတ္ပါတယ္။ဒီကာလမွာ ခရီးသြားလုပ္ငန္း၊ ဟိုတယ္လုပ္ငန္းေတြေကာင္းေနၿပီး အိမ္ၿခံေျမလုပ္ကိုင္သူေတြ အဆင္မေျပတတ္ပါဘူး။စပ္တူလုပ္ကိုင္သူေတြ သတိထားသင့္ပါတယ္။ပညာေရးကံ အသင့္အတင့္ပဲရွိၿပီး သင္တန္းေတြ လြဲေခ်ာ္တတ္ပါတယ္။က်န္းမာေရးကေတာ့ ဝမ္း၊ ဦးေခါင္း စတဲ့ေရာဂါေတြ ဂ႐ုစိုက္သင့္ပါတယ္။အိမ္ေထာင္ရွင္မ်ားၾကား ဆုံးျဖတ္ရခက္တဲ့ကိစၥေတြ ေပၚလာတတ္သလို သမီးရည္းစားမ်ားၾကား ၾကည္ႏူးစရာကာလျဖစ္ေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး တနလၤာနံ အသီးအၫႊန္႔ပန္းမ်ားျဖင့္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သင္ေလွ်ာက္ထားသည့္ ျပည္ပအလုပ္ကိစၥျဖင့္ အျပင္သြားခါနီးတိုင္း ေမတၱာသုတ္ ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ သင့္အိမ္အနီးတစ္ဝိုက္တြင္ရွိေသာ ဘုရားေစတီသို႔သြားကာ သန္႔ရွင္းေရးျပဳလုပ္ေပးၿပီး ဆီမီးပူေဇာ္ ကုသိုလ္ျပဳေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဓာတ္ပုံအစုတ္မ်ား၊ အၿပဲမ်ား အိမ္ထဲမထားပါႏွင့္ အခ်စ္ေရးအဆင္မေျပပါက ေခြးကို ထန္းညက္ခဲ ၃ ခဲ ေကြၽးေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ အိမ္တြင္ မိဘေဝယ်ာဝစၥကို ေစတနာပါပါလုပ္ေပးပါ။မိဘအဝတ္အစားကို ေလွ်ာ္ဖြပ္ေပးပါ။ရန္မ်ားေနပါက မိဘမ်ား၏ ပုဆိုးစ ထမိန္စကို အိတ္သန႔္သန႔္ျဖင့္ထည့္ကာ ေခါင္းအုံးအိပ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေဈးတြင္ ေရသတၱဝါအရွင္ကိုေတြ႕ပါက ဝယ္ၿပီး နီးစပ္ရာ ကန္၊ ေခ်ာင္းတြင္ လႊတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေတြ႕သည့္ထီဆိုင္တြင္ ပထမဆုံးေတြ႕သည့္ ထီကိုထိုးပါ။