【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ထစ်ငေါ့နေသော ငွေကြေးကိစ္စတွေ ဒီရက်ပိုင်းမှာ ပြေလည်ပါပြီ။အလုပ်နာမည်ဂုဏ်သတင်း တိုးတက်လိမ့်မည်။ဒီတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် စနေ သားသမီးတွေကိုတိုင်ပင်တာ အကောင်းဆုံးပါဘဲ။အကြံအစည်အောင်မည်။ရည်မှန်းချက်သစ်များ လက်တွေ့အကောင် အထည်ဖော်ကိန်းကြုံမည်။အရာရာပေါ်တွင် လက်တွေ့ကျကျ သွက်လက်စွာ သုံးသပ်ဆောင်ရွက်ပါ။လူမျိုးကွဲ လူမျိုးခြားများနှင့်ပတ်သက်၍ ကောင်းသောအကျိုးဆက်များရမည်။အကြီးအကဲများထံမှ အထောက်အကူများရမည်။အလုပ်မရှိသူများ အလုပ်ရမည်။လုပ်ငန်းရှိသူ တိုးတက်မည်။ဒီနေ့မှာ သောကြာ သားသမီးတွေအနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ အခက်အခဲတစ်ချို့ ကြုံနေရမယ့်အချိန်ပါပဲ။ပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို စနစ်တကျသုံးတတ်ဖို့ အရေးကြီးသလိုအလျင်စလိုဆုံးဖြတ်မှုတွေကြောင့် ဆုံးရှုံးမှုတွေကြုံနိုင်လို့ သတိပြုသင့်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီး နာမည်ကျော်ကြားနိုင်ပြီး လူမျိုးခြားနှင့်ဆက်ဆံရေး အောင်မြင်နိုင်ပါတယ်။ခရီးသွားရကိန်းလည်းရှိပြီး ကောင်းသောခရီးသွားလာခြင်း ဖြစ်လာပါလိမ့်မယ်။သူတစ်ပါးကိစ္စ ဝင်အာမခံတတ်သူများ အမှုအခင်းမြင်ပါတယ်။အထူးသဖြင့် ငွေကြေး၊ ကား စသည့်ကိစ္စများမှာ ဝင်အာမခံခြင်းရှောင်ပါ။အလုပ်ထဲမှာ အတိုက်အခံရှိနေပေမယ့် တဖြည်းဖြည်း ပြေလည်သွားပါလိမ့်မယ်။အလုပ်နဲ့ပတ်သက်ပြီး ခရီးထွက်ရင် ကောင်းတတ်ပါတယ်။ကျန်းမာရေးကတော့ မတည့်တဲ့အစာတွေကြောင့် အစာမှားတတ်ပါတယ်။ဒီရက်ပိုင်း သင့်မှာ စိတ်ဖိစီးမှုတွေဖြစ်ပေါ်နေရင် ဒေါသမဖြစ်ဘဲ တရားထိုင်ပေးပါ။ဒါက ကုသိုလ်လည်းရ အခက်အခဲလည်းပြေလည်မယ့် ယတြာပါ။ပညာရေးကတော့ မထင်မှတ်ဘဲ အာရုံလျော့ရင် အဖျားရှူးကိန်းမြင်ပါတယ်။အိမ်ထောင်ရှင် ချစ်သူတွေ အတွက် စကားများများပြောတာ ရှောင်ပါ။

 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အား သစ်သီးဆွမ်း ဆက်ကပ်ကာ မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ ထီး၊ သင်္ကန်း၊ ငွေကြေးကို ရဟန်းသံဃာတွေကို စိတ်မကွက်ဘဲ ကပ်လှူပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ နေအိမ်အရပ်မှ စနေထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီး ပဋ္ဌာန်းနှင့် ဓမ္မစကြာကိုရွတ်ဖတ်ပူဇော်ပေးပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။ချစ်သူနှင့်တွေ့ရန် စနေနံအသုံးအဆောင်များကို ဆောင်သွားပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှစတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် ရေသပ္ပါပယ်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ လေဖြတ်ထားသည့် ကျန်းမာရေးမကောင်းသူများကို ဆေးဝါးလှူပါ။
 
ထီပေါက်လိုသူများ ။ ။ သင့်လမ်းထိပ် ထီဆိုင်တွင် ကလေးငယ်ရွေးပေးသည့် ထီကိုထိုးလိုက်ပါ။
 
( Zawgyi )
 
ထစ္ေငါ့ေနေသာ ေငြေၾကးကိစၥေတြ ဒီရက္ပိုင္းမွာ ေျပလည္ပါၿပီ။အလုပ္နာမည္ဂုဏ္သတင္း တိုးတက္လိမ့္မည္။ဒီတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ စေန သားသမီးေတြကိုတိုင္ပင္တာ အေကာင္းဆုံးပါဘဲ။အႀကံအစည္ေအာင္မည္။ရည္မွန္းခ်က္သစ္မ်ား လက္ေတြ႕အေကာင္ အထည္ေဖာ္ကိန္းႀကဳံမည္။အရာရာေပၚတြင္ လက္ေတြ႕က်က် သြက္လက္စြာ သုံးသပ္ေဆာင္႐ြက္ပါ။လူမ်ိဳးကြဲ လူမ်ိဳးျခားမ်ားႏွင့္ပတ္သက္၍ ေကာင္းေသာအက်ိဳးဆက္မ်ားရမည္။အႀကီးအကဲမ်ားထံမွ အေထာက္အကူမ်ားရမည္။အလုပ္မရွိသူမ်ား အလုပ္ရမည္။လုပ္ငန္းရွိသူ တိုးတက္မည္။ဒီေန႔မွာ ေသာၾကာ သားသမီးေတြအေနနဲ႔ လုပ္ငန္းတိုးခ်ဲ႕ဖို႔ အခက္အခဲတစ္ခ်ိဳ႕ ႀကဳံေနရမယ့္အခ်ိန္ပါပဲ။ပိုင္ဆိုင္ထားတဲ့ ေငြေၾကးေတြကို စနစ္တက်သုံးတတ္ဖို႔ အေရးႀကီးသလိုအလ်င္စလိုဆုံးျဖတ္မႈေတြေၾကာင့္ ဆုံးရႈံးမႈေတြႀကဳံႏိုင္လို႔ သတိျပဳသင့္ပါတယ္။ပညာေရးနဲ႔ပတ္သက္ၿပီး နာမည္ေက်ာ္ၾကားႏိုင္ၿပီး လူမ်ိဳးျခားႏွင့္ဆက္ဆံေရး ေအာင္ျမင္ႏိုင္ပါတယ္။ခရီးသြားရကိန္းလည္းရွိၿပီး ေကာင္းေသာခရီးသြားလာျခင္း ျဖစ္လာပါလိမ့္မယ္။သူတစ္ပါးကိစၥ ဝင္အာမခံတတ္သူမ်ား အမႈအခင္းျမင္ပါတယ္။အထူးသျဖင့္ ေငြေၾကး၊ ကား စသည့္ကိစၥမ်ားမွာ ဝင္အာမခံျခင္းေရွာင္ပါ။အလုပ္ထဲမွာ အတိုက္အခံရွိေနေပမယ့္ တျဖည္းျဖည္း ေျပလည္သြားပါလိမ့္မယ္။အလုပ္နဲ႔ပတ္သက္ၿပီး ခရီးထြက္ရင္ ေကာင္းတတ္ပါတယ္။က်န္းမာေရးကေတာ့ မတည့္တဲ့အစာေတြေၾကာင့္ အစာမွားတတ္ပါတယ္။ဒီရက္ပိုင္း သင့္မွာ စိတ္ဖိစီးမႈေတြျဖစ္ေပၚေနရင္ ေဒါသမျဖစ္ဘဲ တရားထိုင္ေပးပါ။ဒါက ကုသိုလ္လည္းရ အခက္အခဲလည္းေျပလည္မယ့္ ယၾတာပါ။ပညာေရးကေတာ့ မထင္မွတ္ဘဲ အာ႐ုံေလ်ာ့ရင္ အဖ်ားရႉးကိန္းျမင္ပါတယ္။အိမ္ေထာင္ရွင္ ခ်စ္သူေတြ အတြက္ စကားမ်ားမ်ားေျပာတာ ေရွာင္ပါ။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အား သစ္သီးဆြမ္း ဆက္ကပ္ကာ ေမတၱာသုတ္႐ြတ္ဖတ္ပူေဇာ္ပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ထီး၊ သကၤန္း၊ ေငြေၾကးကို ရဟန္းသံဃာေတြကို စိတ္မကြက္ဘဲ ကပ္လႉေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ေနအိမ္အရပ္မွ စေနေထာင့္အရပ္ရွိ ဘုရားေစတီတြင္ သန႔္ရွင္းေရးလုပ္ၿပီး ပ႒ာန္းႏွင့္ ဓမၼစၾကာကို႐ြတ္ဖတ္ပူေဇာ္ေပးပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။ခ်စ္သူႏွင့္ေတြ႕ရန္ စေနနံအသုံးအေဆာင္မ်ားကို ေဆာင္သြားပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွစတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေရသပၸါပယ္ေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေလျဖတ္ထားသည့္ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါးလႉပါ။
 
ထီေပါက္လိုသူမ်ား ။ ။ သင့္လမ္းထိပ္ ထီဆိုင္တြင္ ကေလးငယ္ေ႐ြးေပးသည့္ ထီကိုထိုးလိုက္ပါ။