【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း မိတ်ဆွေကောင်းများရဲ့ အကူအညီများရတတ်ပါတယ်။ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးကမိတ်ဆွေများနဲ့ ပြန်ဆုံရတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း သင်ဘာလုပ်လုပ် စနေ သားသမီးတွေနဲ့တိုင်ပင်တာက အောင်မြင်နိုင်ပါတယ်။ပြည်တွင်းပြည်ပ ခရီးသွားဖို့စီစဉ်ထားတာတွေ အောင်မြင်တတ်ပါတယ်။ဒီကာလမှာ ငွေရေးကြေးရေးကိစ္စတွေ၊ နေရာသစ်၊ လုပ်ငန်းသစ်၊ အိမ်သစ်ကိစ္စတွေ စလုပ်လို့ကောင်းတဲ့ကာလပါ။လူမျိုးခြားနဲ့စပ်တူလုပ်ရတဲ့ အလုပ်တွေ၊စာချုပ်စာတမ်းအလုပ်တွေ အိမ်၊ ခြံမြေကိစ္စတွေ ကောင်းပါတယ်။အနုပညာရှင်တွေ သတိထားပါ။အပြောမတတ်လို့ ပြဿနာတက်တတ်ပါတယ်။ယခုရက်ပိုင်း ခရီးသွားလုပ်ငန်းတွေ အခက်အခဲရှိတတ်ပါတယ်။လုပ်ငန်းခွင်အတွင်း နာမည်ဂုဏ်သတင်းတက်စရာရှိသလို မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်းသာယာနေပါလိမ့်မယ်။စက်ပစ္စည်းအရောင်းအဝယ်သမားတွေ၊ ဆောက်လုပ်ရေးသမားတွေ လုပ်ငန်းကောင်းတဲ့ကာလပါ။ဒီကာလမှာ ငွေကံကောင်းနေသလို ဘာသာရေးအလှူအတန်းတွေ လုပ်ရတတ်တဲ့အချိန်ကာလပါ။ပညာရေးကံကောင်းနေသလို မတက်ရတော့ဘူးလို့ထင်ထားတဲ့ သင်တန်းတွေ ထင်မှတ်မထားဘဲ တက်ရတတ်ပါတယ်။လုပ်ငန်းခွင်ရာထူးဖြေသူတို့ လိုအင်ဆန္ဒပြည့်မယ့် ကာလပါ။ကျန်းမာရေးမှာ ကြီးကြီးမားမားမရှိပေမယ့် ဒူးနာခါးနာ အပရိကရောဂါတွေလောက် ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်များ ခဏတာခွဲခွာရကိန်းရှိပြီး ငယ်ရွယ်သူချစ်သူများကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ကာလပါ။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား နှင်းဆီပန်း ၃ ပွင့်ကို ငွေပန်းနှင့် ရောလှူကာ ရှင်သီဝလိဂါထာကို နံနက် ၉ နာရီမထိုးမီ ၉ ခေါက်တိတိရွတ်ဆိုပါ။
 
ပြည်ပထွက်ခွာလိုသူများ ။     ။ မွေးနေ့မွေးရက်တွင် သင့်အိမ်နှင့်အနီးဆုံးစေတီရှိ စနေထောင့်အရပ်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပြီး လိုရာဆုတောင်းပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။လျှောက်ထားသည့်အလုပ်ကို စာရွက်တစ်ရွက်ဖြင့်ရေးပြီး ခေါင်းအုံးအောက်ထားအိပ်ပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဓာတ်ဘူးသစ်ထဲ အိမ်ထောင်ဘက်၊ ချစ်သူနှစ်ဦးဓာတ်ပုံကိုထည့်ကာ ဘုရားစင်အောက် တစ်ပတ်တိတိ ထားပါ။
 
လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားအား ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် နှမ်းဆီဖြင့် ဆီမီးပူဇော်ခြင်းများ ဆောင်ရွက်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။     ။ စေတီများရှိ ဗောဓိညောင်ပင်တွင် ညောင်ထောက်ပေးခြင်း၊ ပန်းခြောက်များရှင်းပေးခြင်း ပြုလုပ်ပေးပါ။
 
ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် စနေနံအက္ခရာဖြင့် ၃/၇/၈ ဂဏန်းများများပါသော ထီကိုထိုးပါ။
 
( Zawgyi )
 
ဒီရက္ပိုင္းအတြင္း မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ပါတယ္။ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ ရပ္ေဝးကမိတ္ေဆြမ်ားနဲ႔ ျပန္ဆုံရတတ္ပါတယ္။ယခုရက္ပိုင္းအတြင္း သင္ဘာလုပ္လုပ္ စေန သားသမီးေတြနဲ႔တိုင္ပင္တာက ေအာင္ျမင္ႏိုင္ပါတယ္။ျပည္တြင္းျပည္ပ ခရီးသြားဖို႔စီစဥ္ထားတာေတြ ေအာင္ျမင္တတ္ပါတယ္။ဒီကာလမွာ ေငြေရးေၾကးေရးကိစၥေတြ၊ ေနရာသစ္၊ လုပ္ငန္းသစ္၊ အိမ္သစ္ကိစၥေတြ စလုပ္လို႔ေကာင္းတဲ့ကာလပါ။လူမ်ိဳးျခားနဲ႔စပ္တူလုပ္ရတဲ့ အလုပ္ေတြ၊စာခ်ဳပ္စာတမ္းအလုပ္ေတြ အိမ္၊ ၿခံေျမကိစၥေတြ ေကာင္းပါတယ္။အႏုပညာရွင္ေတြ သတိထားပါ။အေျပာမတတ္လို႔ ျပႆနာတက္တတ္ပါတယ္။ယခုရက္ပိုင္း ခရီးသြားလုပ္ငန္းေတြ အခက္အခဲရွိတတ္ပါတယ္။လုပ္ငန္းခြင္အတြင္း နာမည္ဂုဏ္သတင္းတက္စရာရွိသလို မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္းသာယာေနပါလိမ့္မယ္။စက္ပစၥည္းအေရာင္းအဝယ္သမားေတြ၊ ေဆာက္လုပ္ေရးသမားေတြ လုပ္ငန္းေကာင္းတဲ့ကာလပါ။ဒီကာလမွာ ေငြကံေကာင္းေနသလို ဘာသာေရးအလႉအတန္းေတြ လုပ္ရတတ္တဲ့အခ်ိန္ကာလပါ။ပညာေရးကံေကာင္းေနသလို မတက္ရေတာ့ဘူးလို႔ထင္ထားတဲ့ သင္တန္းေတြ ထင္မွတ္မထားဘဲ တက္ရတတ္ပါတယ္။လုပ္ငန္းခြင္ရာထူးေျဖသူတို႔ လိုအင္ဆႏၵျပည့္မယ့္ ကာလပါ။က်န္းမာေရးမွာ ႀကီးႀကီးမားမားမရွိေပမယ့္ ဒူးနာခါးနာ အပရိကေရာဂါေတြေလာက္ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား ခဏတာခြဲခြာရကိန္းရွိၿပီး ငယ္႐ြယ္သူခ်စ္သူမ်ားကေတာ့ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ကာလပါ။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ႏွင္းဆီပန္း ၃ ပြင့္ကို ေငြပန္းႏွင့္ ေရာလႉကာ ရွင္သီဝလိဂါထာကို နံနက္ ၉ နာရီမထိုးမီ ၉ ေခါက္တိတိ႐ြတ္ဆိုပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေမြးေန႔ေမြးရက္တြင္ သင့္အိမ္ႏွင့္အနီးဆုံးေစတီရွိ စေနေထာင့္အရပ္တြင္ အဓိ႒ာန္ပုတီးစိပ္ၿပီး လိုရာဆုေတာင္းပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ေလွ်ာက္ထားသည့္အလုပ္ကို စာ႐ြက္တစ္႐ြက္ျဖင့္ေရးၿပီး ေခါင္းအုံးေအာက္ထားအိပ္ပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဓာတ္ဘူးသစ္ထဲ အိမ္ေထာင္ဘက္၊ ခ်စ္သူႏွစ္ဦးဓာတ္ပုံကိုထည့္ကာ ဘုရားစင္ေအာက္ တစ္ပတ္တိတိ ထားပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားအား ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ ႏွမ္းဆီျဖင့္ ဆီမီးပူေဇာ္ျခင္းမ်ား ေဆာင္႐ြက္ေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေစတီမ်ားရွိ ေဗာဓိေညာင္ပင္တြင္ ေညာင္ေထာက္ေပးျခင္း၊ ပန္းေျခာက္မ်ားရွင္းေပးျခင္း ျပဳလုပ္ေပးပါ။
 
ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ စေနနံအကၡရာျဖင့္ ၃/၇/၈ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။