【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း အလုပ်အကိုင်ပြောင်းတဲ့ ဝန်ထမ်းတွေ၊ လုပ်ငန်းသစ်၊ နေရာပြောင်း၊ အလုပ်အကိုင်ပြောင်းတဲ့ လုပ်ငန်းရှင်တွေ အခက်အခဲတွေကြုံရတတ်ပေမယ့် နောက်ဆုံး အောင်မြင်ပါလိမ့်မယ်။အများနဲ့တစ်ယောက်ဖြစ်ရတတ်တဲ့ အခြေအနေတွေဖြစ်တတ်ပြီး မိသားစုအတွင်းမှာလည်း ဆွေမျိုးသားချင်းကိစ္စကြောင့် စိတ်ဝမ်းကွဲတာတွေ ကြုံရတတ်ပါတယ်။ စီစဉ်ထားတဲ့ ပြည်တွင်း ပြည်ပခရီးတွေ အဆင်ပြေချောမောပါလိမ့်မယ်။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်တာက အကောင်းဆုံးပါ။လျှပ်စစ်လုပ်ငန်းတွေ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေကတော့ စဉ်းစားလုပ်ကိုင်သင့်ပါတယ်။ပြည်တွင်း ပြည်ပခရီးတွေ သွားရကိန်းရှိပါတယ်။စပ်တူကိစ္စတွေ၊ လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ အလုပ်တွေ ကောင်းပါတယ်။ပညာရေးကတော့ ရပ်ဝေးမှာ သင်တန်းတက်ရကိန်းရှိသလို မထင်မှတ်တဲ့ အခွင့်အရေးတွေ ရတတ်ပါတယ်။ကျန်းမာရေးကတော့ အဆစ်အမြစ်ကိုက်တာတွေ၊ အာရုံကြောအားနည်းလို့ ခြေလက်မမြဲတာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်သည်တွေ ချစ်သူတွေ မလိုအပ်ဘဲ စကားများကိန်းရှိပေမယ့် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် အချိန်အခါပါ။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ရွှေထမင်းဖြင့် ဆွမ်းကပ်ကာ ဘုရားပန်းအိုးတွင် စပယ်ပန်းကပ်လှူပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ အိမ်ရှေ့ ဆွမ်းဆန်ကြွသည့် သီလရှင်ငယ်များအား ထီး၊ ဖိနပ် လှူဒါန်းပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ နေအိမ် ဗုဒ္ဓဟူးထောင့် အရပ်ရှိ ဘုရားတွင် အဓိဋ္ဌာန်ပုတီးစိပ်ပေးပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ နေအိမ်သို့ ဆွမ်းခံကြွလာသည့် သံဃာတော်အား ကောက်ညှင်းပြန်ပေါင်း ကပ်လှူပေးပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ နေ့စဉ် မေတ္တာသုတ်ရွတ်ဆိုပြီးမှ မျက်နှာသစ်ပါ။အိပ်ရာဝင်လျှင် မေတ္တာသုတ်ရွတ်ဆိုပြီးမှ အိပ်ပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ယခုတစ်ပတ်လုံး လမ်းထဲရှိ ခွေးများအား ညဘက် အစာကျွေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ သင့်ရှေ့ရောက်လာသည့် ထီကားတွင် ၄/၈/၉ စသည့် ဂဏန်းများပါသည့် ထီတစ်စောင်ကို ရွေးထိုးပါ။
 
( Zawgyi )
 
ဒီရက္ပိုင္း အလုပ္အကိုင္ေျပာင္းတဲ့ ဝန္ထမ္းေတြ၊ လုပ္ငန္းသစ္၊ ေနရာေျပာင္း၊ အလုပ္အကိုင္ေျပာင္းတဲ့ လုပ္ငန္းရွင္ေတြ အခက္အခဲေတြႀကဳံရတတ္ေပမယ့္ ေနာက္ဆုံး ေအာင္ျမင္ပါလိမ့္မယ္။အမ်ားနဲ႔တစ္ေယာက္ျဖစ္ရတတ္တဲ့ အေျခအေနေတြျဖစ္တတ္ၿပီး မိသားစုအတြင္းမွာလည္း ေဆြမ်ိဳးသားခ်င္းကိစၥေၾကာင့္ စိတ္ဝမ္းကြဲတာေတြ ႀကဳံရတတ္ပါတယ္။ စီစဥ္ထားတဲ့ ျပည္တြင္း ျပည္ပခရီးေတြ အဆင္ေျပေခ်ာေမာပါလိမ့္မယ္။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္တာက အေကာင္းဆုံးပါ။လွ်ပ္စစ္လုပ္ငန္းေတြ၊ အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းေတြကေတာ့ စဥ္းစားလုပ္ကိုင္သင့္ပါတယ္။ျပည္တြင္း ျပည္ပခရီးေတြ သြားရကိန္းရွိပါတယ္။စပ္တူကိစၥေတြ၊ လူမ်ိဳးျခားနဲ႔လုပ္ကိုင္တဲ့ အလုပ္ေတြ ေကာင္းပါတယ္။ပညာေရးကေတာ့ ရပ္ေဝးမွာ သင္တန္းတက္ရကိန္းရွိသလို မထင္မွတ္တဲ့ အခြင့္အေရးေတြ ရတတ္ပါတယ္။က်န္းမာေရးကေတာ့ အဆစ္အျမစ္ကိုက္တာေတြ၊ အာ႐ုံေၾကာအားနည္းလို႔ ေျခလက္မၿမဲတာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္သည္ေတြ ခ်စ္သူေတြ မလိုအပ္ဘဲ စကားမ်ားကိန္းရွိေပမယ့္ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ အခ်ိန္အခါပါ။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ေ႐ႊထမင္းျဖင့္ ဆြမ္းကပ္ကာ ဘုရားပန္းအိုးတြင္ စပယ္ပန္းကပ္လႉပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ အိမ္ေရွ႕ ဆြမ္းဆန္ႂကြသည့္ သီလရွင္ငယ္မ်ားအား ထီး၊ ဖိနပ္ လႉဒါန္းေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ေနအိမ္ ဗုဒၶဟူးေထာင့္ အရပ္ရွိ ဘုရားတြင္ အဓိ႒ာန္ပုတီးစိပ္ေပးပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ေနအိမ္သို႔ ဆြမ္းခံႂကြလာသည့္ သံဃာေတာ္အား ေကာက္ညႇင္းျပန္ေပါင္း ကပ္လႉေပးပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ေန႔စဥ္ ေမတၱာသုတ္႐ြတ္ဆိုၿပီးမွ မ်က္ႏွာသစ္ပါ။အိပ္ရာဝင္လွ်င္ ေမတၱာသုတ္႐ြတ္ဆိုၿပီးမွ အိပ္ပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ယခုတစ္ပတ္လုံး လမ္းထဲရွိ ေခြးမ်ားအား ညဘက္ အစာေကြၽးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ သင့္ေရွ႕ေရာက္လာသည့္ ထီကားတြင္ ၄/၈/၉ စသည့္ ဂဏန္းမ်ားပါသည့္ ထီတစ္ေစာင္ကို ေ႐ြးထိုးပါ။