【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီကာလက အလွဲတွေနဲ့ လုံးထွေးနေတတ်တဲ့ အချိန်ကာလပါဘဲ။လက်အောက်ငယ်သားတွေအပြင် နားလည်သွားပြီလို့ သင်ထင်ထားတဲ့ ရန်ဘက်တွေက သင့်ကိုပြန်ဒုက္ခပေးတတ်တဲ့ အချိန်ကာလပါ။ဘာပဲလုပ်လုပ် သတိထားပြီးလုပ်ရမယ့် အချိန်ကာလပါ။မိမိယုံကြည်ရတဲ့သူတွေက မိမိကိုသစ္စာဖောက်သွားတတ်သလို လိုတာထက်ပိုပြီး အတွင်းရေးတွေကို သူများကိုထုတ်မပြောသင့်တဲ့ကာလပါ။ဒီတစ်ပတ်မှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်စေချင်တယ်ဆိုရင် ကြာသပတေး သားသမီးများနဲ့သာ တိုင်ပင်ဆောင်ရွက်ရမယ့်ကာလပါ။ဒီကာလမှာ သင့်ဘက်က ကူညီခွင့်ရတဲ့ ကိစ္စအတော်များများ ကြုံရတတ်ပါတယ်။ငွေကံကတော့ သင့်ပါတယ်။ဒီရက်ပိုင်း ဘာသာရေးကတော့ ယခင်ကထက်ပိုလုပ်သင့်တဲ့ အချိန်ကာလပါ။ယခုကာလအတွင်း ရပ်ဝေးကအကူအညီ ရတတ်ပါတယ်။ခရီးကံကတော့ အလွန်ကောင်းပါတယ်။အိမ်ခြံမြေလုပ်ငန်းတွေ၊ ရတနာလုပ်ငန်းတွေ၊ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေ အလုပ်အကိုင်တွေ ကောင်းတဲ့အချိန်အခါပါ။စပ်တူအလုပ်တွေ၊ လူမျိုးခြားနဲ့လုပ်တဲ့ အလုပ်တွေကောင်းပါတယ်။ကျန်းမာရေးကတော့ ဒီရက်ပိုင်းမှာ မျက်စိနဲ့ပတ်သက်တဲ့ ရောဂါတွေ၊ အစားအသောက်ကြောင့်ဖြစ်တဲ့ ရောဂါတွေဖြစ်တတ်ပါတယ်။ပညာရေးကံကတော့ ကောင်းပါတယ်။ဝန်ထမ်းတွေ ရာထူးတိုးဖြေခွင့်ရကိန်းရှိနေပါတယ်။အိမ်ထောင်ရှင်များ သတင်းကောင်းတွေနဲ့ ပြည့်နေတတ်သလို ငယ်ရွယ်သူများကတော့ အချစ်ရေးမှာတော့ ကြားဝင်နှောက်ယှက်သူတွေ ရှိနေတတ်ပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား မာလကာသီးဖြင့် သစ်သီးဆွမ်း မပြတ်ပူဇော်ပေးပါ။ 
 
ပြည်ပထွက်ခွာလိုသူများ ။     ။ ဆွမ်းခံကြွလာသည့် သီလရှင်များကို နိုင်သလောက် ထီး၊ ဖိနပ်စသည်တို့ ကပ်လှူပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီရှိ ကြာသပတေးထောင့်တွင် အရဟံဂါထာကို အဓိဋ္ဌာန်ဖြင့် သက်စေ့ပုတီးစိပ်ပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ရွှေနှင့် ရွှေရောင်ပစ္စည်းကို ယခုတစ်ပတ် မဝတ်ပါနှင့်။တခြားသူက သင့်ကိုလာပေးပါကလည်း မယူပါနှင့်။
 
လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရား၊ကျောင်း၊ စေတီများတွင် မေတ္တာသုတ်ရွတ်ဆိုကာ သန့်ရှင်းရေးပြုလုပ်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။     ။ ငါး၊ လိပ် စသည့် ရေသတ္တဝါများကို မွေးနေ့တွင် အစာကျွေးပါ။ 
 
ထီကံကောင်းလိုသူများ ။     ။ လမ်းသွားရင်းတွေ့သည့် ထီဆိုင်တွင် ၀/၃/၅ ဂဏန်းများများပါသည့် ထီနံပါတ်ကိုရှာထိုးပါ။
 
( Zawgyi )
 
ဒီကာလက အလြဲေတြနဲ႔ လုံးေထြးေနတတ္တဲ့ အခ်ိန္ကာလပါဘဲ။လက္ေအာက္ငယ္သားေတြအျပင္ နားလည္သြားၿပီလို႔ သင္ထင္ထားတဲ့ ရန္ဘက္ေတြက သင့္ကိုျပန္ဒုကၡေပးတတ္တဲ့ အခ်ိန္ကာလပါ။ဘာပဲလုပ္လုပ္ သတိထားၿပီးလုပ္ရမယ့္ အခ်ိန္ကာလပါ။မိမိယုံၾကည္ရတဲ့သူေတြက မိမိကိုသစၥာေဖာက္သြားတတ္သလို လိုတာထက္ပိုၿပီး အတြင္းေရးေတြကို သူမ်ားကိုထုတ္မေျပာသင့္တဲ့ကာလပါ။ဒီတစ္ပတ္မွာ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ေစခ်င္တယ္ဆိုရင္ ၾကာသပေတး သားသမီးမ်ားနဲ႔သာ တိုင္ပင္ေဆာင္႐ြက္ရမယ့္ကာလပါ။ဒီကာလမွာ သင့္ဘက္က ကူညီခြင့္ရတဲ့ ကိစၥအေတာ္မ်ားမ်ား ႀကဳံရတတ္ပါတယ္။ေငြကံကေတာ့ သင့္ပါတယ္။ဒီရက္ပိုင္း ဘာသာေရးကေတာ့ ယခင္ကထက္ပိုလုပ္သင့္တဲ့ အခ်ိန္ကာလပါ။ယခုကာလအတြင္း ရပ္ေဝးကအကူအညီ ရတတ္ပါတယ္။ခရီးကံကေတာ့ အလြန္ေကာင္းပါတယ္။အိမ္ၿခံေျမလုပ္ငန္းေတြ၊ ရတနာလုပ္ငန္းေတြ၊ခရီးသြားလုပ္ငန္းလုပ္ကိုင္သူေတြ အလုပ္အကိုင္ေတြ ေကာင္းတဲ့အခ်ိန္အခါပါ။စပ္တူအလုပ္ေတြ၊ လူမ်ိဳးျခားနဲ႔လုပ္တဲ့ အလုပ္ေတြေကာင္းပါတယ္။က်န္းမာေရးကေတာ့ ဒီရက္ပိုင္းမွာ မ်က္စိနဲ႔ပတ္သက္တဲ့ ေရာဂါေတြ၊ အစားအေသာက္ေၾကာင့္ျဖစ္တဲ့ ေရာဂါေတြျဖစ္တတ္ပါတယ္။ပညာေရးကံကေတာ့ ေကာင္းပါတယ္။ဝန္ထမ္းေတြ ရာထူးတိုးေျဖခြင့္ရကိန္းရွိေနပါတယ္။အိမ္ေထာင္ရွင္မ်ား သတင္းေကာင္းေတြနဲ႔ ျပည့္ေနတတ္သလို ငယ္႐ြယ္သူမ်ားကေတာ့ အခ်စ္ေရးမွာေတာ့ ၾကားဝင္ေႏွာက္ယွက္သူေတြ ရွိေနတတ္ပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား မာလကာသီးျဖင့္ သစ္သီးဆြမ္း မျပတ္ပူေဇာ္ေပးပါ။ 
 
ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ဆြမ္းခံႂကြလာသည့္ သီလရွင္မ်ားကို ႏိုင္သေလာက္ ထီး၊ ဖိနပ္စသည္တို႔ ကပ္လႉေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီရွိ ၾကာသပေတးေထာင့္တြင္ အရဟံဂါထာကို အဓိ႒ာန္ျဖင့္ သက္ေစ့ပုတီးစိပ္ပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ေ႐ႊႏွင့္ ေ႐ႊေရာင္ပစၥည္းကို ယခုတစ္ပတ္ မဝတ္ပါႏွင့္။တျခားသူက သင့္ကိုလာေပးပါကလည္း မယူပါႏွင့္။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရား၊ေက်ာင္း၊ ေစတီမ်ားတြင္ ေမတၱာသုတ္႐ြတ္ဆိုကာ သန္႔ရွင္းေရးျပဳလုပ္ေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။     ။ ငါး၊ လိပ္ စသည့္ ေရသတၱဝါမ်ားကို ေမြးေန႔တြင္ အစာေကြၽးပါ။ 
 
ထီကံေကာင္းလိုသူမ်ား ။     ။ လမ္းသြားရင္းေတြ႕သည့္ ထီဆိုင္တြင္ ၀/၃/၅ ဂဏန္းမ်ားမ်ားပါသည့္ ထီနံပါတ္ကိုရွာထိုးပါ။