သြင်္ကန်ကို အပန်းဖြေခရီးနဲ့ အချိန်ဖြုန်းမယ့် သင်ဇာဝင့်ကျော်

သြင်္ကန်ကို အပန်းဖြေခရီးနဲ့ အချိန်ဖြုန်းမယ့်  သင်ဇာဝင့်ကျော်

လာမယ့် အတာသြင်္ကန်ပွဲတော်ကာလထဲ ပြည်ပအပန်းဖြေခရီးသွားဖို့ စီစဉ်ထားတယ်လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က ပြောပါတယ်။

ပွဲတွေတက်တဲ့အခါ သူများနဲ့မတူအောင် ပြင်ဆင်တတ်ပေမယ့် လူငယ်တွေရဲ့ကြားမှာ သြင်္ကန် ဖက်ရှင်နဲ့ပတ်သက်လို့ သူဟာအခုအချိန်မှာ လူကြီးပိုင်းအရွယ်ကို ရောက်နေတာဖြစ်တဲ့အတွက် တစ်စုံတရာပြောဆိုတာမျိုးမရှိခဲ့ပါဘူး။ သြင်္ကန်ကာလ လူငယ်တွေရဲ့ကြားမှာ ဖြစ်ပေါ်တဲ့ ခံစားမှု ကိုတော့ သူမ ငယ်စဉ် အရွယ်လောက်ကသာ ဖြစ်ပေါ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“လူကြီးပိုင်းရောက်နေပြီဆိုတော့ သြင်္ကန် ဖက်ရှင်ပိုးလေးတွေဆိုတာ မရှိတော့ဘူး၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီခံစားမှုတွေက ငယ်ငယ်တုန်းကဖြစ်ခဲ့တာ၊ သြင်္ကန်မှာ အန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်၊ သင်ဇာကတော့ ရန်ကုန် သြင်္ကန်မှာ ပျော်ရတာ ရိုး သွားပြီလေ၊ အပန်းဖြေခရီးပဲ ထွက်ဖြစ်မှာပါ၊ ငယ်ငယ်တုန်းက အရမ်းမဏ္ဍပ်ထိုင်ချင်တာ၊ အစ်ကိုနဲ့ လိုက်တော့ အစ်ကိုက မခေါ်ဘူး၊ ငိုပြီးကျန်ခဲ့တယ်၊ အဲ့ဒီလို မျိုးလေးတွေပေါ့နော်၊ ငယ်ငယ်တုန်းက၊ ဒါပေမဲ့ အဲ့ဒီလောက်အထိ အိမ်ကကြပ်တာတောင်မှ ၁၀ တန်းပြီးလောက်တဲ့ အချိန်မှာ မဏ္ဍပ်စထိုင် တယ်ပေါ့၊ အဲ့ဒီလိုမျိုးလေးပေါ့၊ မဏ္ဍပ်ထိုင်တဲ့ ဖီလင်လေးမေ့လို့မရဘူး၊ သြင်္ကန်ဆိုရင် မဏ္ဍပ်ထိုင်မယ်၊ သူငယ်ချင်းတွေနဲ့ လျှောက်သွားမယ်၊ အဲ့ဒီလိုမျိုးလေး ပေါ့နော်၊ အဲ့ဒီလိုမျိုးလေးတွေ ရှိခဲ့ဖူးတာပေါ့၊ အရမ်းလည်း ပျော်ခဲ့ရပါတယ်၊ ငယ်ဘဝသြင်္ကန်လေးပါ”လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က ဒီကနေ့ကျင်းပတဲ့ Kate’s UK Brand House ဖက်ရှင်ဆိုင်ဖွင့်ပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုခေတ်လူငယ်တွေရဲ့ကြားမှာ လည်ပတ်စရာ ရွေးချယ်စရာတွေ၊ ပျော်စရာတွေများပြားခဲ့ကြောင်း၊ အရင်က ဆိုရင် ကိုယ်ထိုင်ချင်တဲ့မဏ္ဍပ်က လက်မှတ်မရတာမျိုး သူကိုယ်တိုင်ကြုံခဲ့ဖူးသလို အခုခေတ် ကလေးတွေ အတွက် ရွေးချယ်စရာတွေများတာ အလွန်ပဲကောင်းတဲ့အနေအထားမျိုးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိကာလမှာ ကြော်ငြာတွေကို လက်မလည်အောင် ရိုက်နေရတဲ့ ထိပ်တန်းမင်းသမီးတစ်ဦးလည်း ဖြစ်သလို တက်တူးထိုးရတာ နှစ်သက်တဲ့အတွက် ဝါသနာအရ ထိုးနှံဖြစ်ခဲ့ကြောင်း၊ သူနှစ်သက်တဲ့ နှင်းဆီပန်း အနီရောင်လေးတွေကို မကြာသေးခင်ကမှ ထိုးဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာ အခုလို ဆက်ဆီဝတ်စားဆင်ယင်မှုမျိုး မလုပ်တော့ဘူးလို့ ပြောတာမဟုတ်ဘဲ နည်းနည်းလေး ဆင်ခြင်မယ်ဆိုတာကိုသာ ပြောခဲ့ကြောင်း၊ အခုနောက်ပိုင်းမှာ ရုပ်ရှင်ကားကြီးတွေ အပါအဝင် ပွဲတွေဖိတ်ကြား လာတဲ့အခါ စိစစ်ပြီးမှသာ လက်ခံတက်ရောက်ဖို့လည်း စီစဉ်ထားတယ် လို့ သိရပါတယ်။

“မြန်မာဝတ်စုံဝတ်ရမယ့်နေရာဆိုရင်တော့ ဝတ်ပါတယ်၊ ဆက်ဆီနဲ့ တက်ရမယ်ဆိုတဲ့နေရာ ဆိုရင်တော့လည်း တက်ပါတယ်။ ဒါက မဝတ်တော့ဘူးလို့ သင်ဇာ ပြောခဲ့တာလည်း မဟုတ်ဘူး၊ နည်းနည်းလေး ဆင်ခြင်မယ်လို့ပဲ ပြောခဲ့တာလေ၊ ပွဲဆိုရင်လည်း ရွေးပြီးတော့ပဲ လက်ခံတယ်၊ တစ်ချို့နယ်ပွဲလေးတွေလည်း အဲ့ဒီလိုပဲပေါ့၊ ကြည့်ပြီးတော့ လက်ခံဖြစ်တယ်၊  ပွဲနဲ့ပတ်သက်လို့က ကိုယ်အဆင်ပြေရင် ကိုယ်တက်မယ်၊ ကိုယ့်ဘက်ကတောင်းဆိုတာလေးတွေ သူတို့ဘက်က လိုက်လျော လို့ အဆင်ပြေရင်တက်မယ်၊ ရုပ်ရှင်ကားကြီး ဆိုလည်း ကမ်းလှမ်းတာတွေ အများကြီးပဲ ရှိတယ်၊ ဇာတ်ကို ကြည့်ပြီး ကြိုက်ရင်ရိုက်မယ်၊ မကြိုက်ရင်မရိုက်ဘူးလေ၊ အခုနောက်ပိုင်း အပြိုင်ဇာတ်တွေ ကမ်းလှမ်းလာတာတွေ များတယ်၊ အပြိုင်ဇာတ်ဖြစ်နေတော့ လက်မခံဖြစ်ဘူး၊ အဲ့ဒီလိုပဲ ရုပ်ရှင်ကားကြီး တွေဆိုလည်း စိစစ်ပြီးမှလက်ခံတော့မယ်၊ ပွဲတက်တာတွေလည်း စိစစ်ပြီး လက်ခံမယ်။ ဘာလို့လဲဆိုတော့ အရမ်းကြီးလုပ်နေရင် ရိုးသွားမှာစိုးလို့လည်း ပါပါတယ်”လို့ သူက ရှင်းပြခဲ့ပါတယ်။

မင်းခေတ်လင်း  
ရန်ကုန်၊ ဧပြီ ၇

 

(  Zawgyi  )

 လာမယ့္ အတာၾသကၤန္ပြဲေတာ္ကာလထဲ ျပည္ပအပန္းေျဖခရီးသြားဖို႔ စီစဥ္ထားတယ္လို႔ သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္က ေျပာပါတယ္။

ပြဲေတြတက္တဲ့အခါ သူမ်ားနဲ႔မတူေအာင္ ျပင္ဆင္တတ္ေပမယ့္ လူငယ္ေတြရဲ႕ၾကားမွာ ၾသကၤန္ ဖက္ရွင္နဲ႔ပတ္သက္လို႔ သူဟာအခုအခ်ိန္မွာ လူႀကီးပိုင္းအ႐ြယ္ကို ေရာက္ေနတာျဖစ္တဲ့အတြက္ တစ္စုံတရာေျပာဆိုတာမ်ိဳးမရွိခဲ့ပါဘူး။ ၾသကၤန္ကာလ လူငယ္ေတြရဲ႕ၾကားမွာ ျဖစ္ေပၚတဲ့ ခံစားမႈ ကိုေတာ့ သူမ ငယ္စဥ္ အ႐ြယ္ေလာက္ကသာ ျဖစ္ေပၚခဲ့ဖူးတယ္လို႔ ဆိုပါတယ္။

“လူႀကီးပိုင္းေရာက္ေနၿပီဆိုေတာ့ ၾသကၤန္ ဖက္ရွင္ပိုးေလးေတြဆိုတာ မရွိေတာ့ဘူး၊ ဒါေပမဲ့ ဘာပဲျဖစ္ျဖစ္ ဒီခံစားမႈေတြက ငယ္ငယ္တုန္းကျဖစ္ခဲ့တာ၊ ၾသကၤန္မွာ အႏၲရာယ္ကင္းကင္းနဲ႔ ေပ်ာ္႐ႊင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးပါတယ္၊ သင္ဇာကေတာ့ ရန္ကုန္ ၾသကၤန္မွာ ေပ်ာ္ရတာ ႐ိုး သြားၿပီေလ၊ အပန္းေျဖခရီးပဲ ထြက္ျဖစ္မွာပါ၊ ငယ္ငယ္တုန္းက အရမ္းမ႑ပ္ထိုင္ခ်င္တာ၊ အစ္ကိုနဲ႔ လိုက္ေတာ့ အစ္ကိုက မေခၚဘူး၊ ငိုၿပီးက်န္ခဲ့တယ္၊ အဲ့ဒီလို မ်ိဳးေလးေတြေပါ့ေနာ္၊ ငယ္ငယ္တုန္းက၊ ဒါေပမဲ့ အဲ့ဒီေလာက္အထိ အိမ္ကၾကပ္တာေတာင္မွ ၁၀ တန္းၿပီးေလာက္တဲ့ အခ်ိန္မွာ မ႑ပ္စထိုင္ တယ္ေပါ့၊ အဲ့ဒီလိုမ်ိဳးေလးေပါ့၊ မ႑ပ္ထိုင္တဲ့ ဖီလင္ေလးေမ့လို႔မရဘူး၊ ၾသကၤန္ဆိုရင္ မ႑ပ္ထိုင္မယ္၊ သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္သြားမယ္၊ အဲ့ဒီလိုမ်ိဳးေလး ေပါ့ေနာ္၊ အဲ့ဒီလိုမ်ိဳးေလးေတြ ရွိခဲ့ဖူးတာေပါ့၊ အရမ္းလည္း ေပ်ာ္ခဲ့ရပါတယ္၊ ငယ္ဘဝၾသကၤန္ေလးပါ”လို႔ သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္က ဒီကေန႔က်င္းပတဲ့ Kate’s UK Brand House ဖက္ရွင္ဆိုင္ဖြင့္ပြဲမွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အခုေခတ္လူငယ္ေတြရဲ႕ၾကားမွာ လည္ပတ္စရာ ေ႐ြးခ်ယ္စရာေတြ၊ ေပ်ာ္စရာေတြမ်ားျပားခဲ့ေၾကာင္း၊ အရင္က ဆိုရင္ ကိုယ္ထိုင္ခ်င္တဲ့မ႑ပ္က လက္မွတ္မရတာမ်ိဳး သူကိုယ္တိုင္ႀကဳံခဲ့ဖူးသလို အခုေခတ္ ကေလးေတြ အတြက္ ေ႐ြးခ်ယ္စရာေတြမ်ားတာ အလြန္ပဲေကာင္းတဲ့အေနအထားမ်ိဳးျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

လက္ရွိကာလမွာ ေၾကာ္ျငာေတြကို လက္မလည္ေအာင္ ႐ိုက္ေနရတဲ့ ထိပ္တန္းမင္းသမီးတစ္ဦးလည္း ျဖစ္သလို တက္တူးထိုးရတာ ႏွစ္သက္တဲ့အတြက္ ဝါသနာအရ ထိုးႏွံျဖစ္ခဲ့ေၾကာင္း၊ သူႏွစ္သက္တဲ့ ႏွင္းဆီပန္း အနီေရာင္ေလးေတြကို မၾကာေသးခင္ကမွ ထိုးျဖစ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ၂၀၁၉ ခုႏွစ္ထဲမွာ အခုလို ဆက္ဆီဝတ္စားဆင္ယင္မႈမ်ိဳး မလုပ္ေတာ့ဘူးလို႔ ေျပာတာမဟုတ္ဘဲ နည္းနည္းေလး ဆင္ျခင္မယ္ဆိုတာကိုသာ ေျပာခဲ့ေၾကာင္း၊ အခုေနာက္ပိုင္းမွာ ႐ုပ္ရွင္ကားႀကီးေတြ အပါအဝင္ ပြဲေတြဖိတ္ၾကား လာတဲ့အခါ စိစစ္ၿပီးမွသာ လက္ခံတက္ေရာက္ဖို႔လည္း စီစဥ္ထားတယ္ လို႔ သိရပါတယ္။

“ျမန္မာဝတ္စုံဝတ္ရမယ့္ေနရာဆိုရင္ေတာ့ ဝတ္ပါတယ္၊ ဆက္ဆီနဲ႔ တက္ရမယ္ဆိုတဲ့ေနရာ ဆိုရင္ေတာ့လည္း တက္ပါတယ္။ ဒါက မဝတ္ေတာ့ဘူးလို႔ သင္ဇာ ေျပာခဲ့တာလည္း မဟုတ္ဘူး၊ နည္းနည္းေလး ဆင္ျခင္မယ္လို႔ပဲ ေျပာခဲ့တာေလ၊ ပြဲဆိုရင္လည္း ေ႐ြးၿပီးေတာ့ပဲ လက္ခံတယ္၊ တစ္ခ်ိဳ႕နယ္ပြဲေလးေတြလည္း အဲ့ဒီလိုပဲေပါ့၊ ၾကည့္ၿပီးေတာ့ လက္ခံျဖစ္တယ္၊  ပြဲနဲ႔ပတ္သက္လို႔က ကိုယ္အဆင္ေျပရင္ ကိုယ္တက္မယ္၊ ကိုယ့္ဘက္ကေတာင္းဆိုတာေလးေတြ သူတို႔ဘက္က လိုက္ေလ်ာ လို႔ အဆင္ေျပရင္တက္မယ္၊ ႐ုပ္ရွင္ကားႀကီး ဆိုလည္း ကမ္းလွမ္းတာေတြ အမ်ားႀကီးပဲ ရွိတယ္၊ ဇာတ္ကို ၾကည့္ၿပီး ႀကိဳက္ရင္႐ိုက္မယ္၊ မႀကိဳက္ရင္မ႐ိုက္ဘူးေလ၊ အခုေနာက္ပိုင္း အၿပိဳင္ဇာတ္ေတြ ကမ္းလွမ္းလာတာေတြ မ်ားတယ္၊ အၿပိဳင္ဇာတ္ျဖစ္ေနေတာ့ လက္မခံျဖစ္ဘူး၊ အဲ့ဒီလိုပဲ ႐ုပ္ရွင္ကားႀကီး ေတြဆိုလည္း စိစစ္ၿပီးမွလက္ခံေတာ့မယ္၊ ပြဲတက္တာေတြလည္း စိစစ္ၿပီး လက္ခံမယ္။ ဘာလို႔လဲဆိုေတာ့ အရမ္းႀကီးလုပ္ေနရင္ ႐ိုးသြားမွာစိုးလို႔လည္း ပါပါတယ္”လို႔ သူက ရွင္းျပခဲ့ပါတယ္။

မင္းေခတ္လင္း  
ရန္ကုန္၊ ဧၿပီ ၇