အရည်အသွေးမြင့်မားသော ဇာတ်ကားမျိုး လုပ်ပြနိုင်သော်လည်း ပံ့ပိုးမှုအားနည်းတဲ့ အခြေအနေရှိဟု ဦးအောင်ခိုင် ဆို

အရည်အသွေးမြင့်မားသော ဇာတ်ကားမျိုး လုပ်ပြနိုင်သော်လည်း ပံ့ပိုးမှုအားနည်းတဲ့ အခြေအနေရှိဟု ဦးအောင်ခိုင် ဆို

အရည်အသွေးမြင့်မားတဲ့ ဇာတ်ကားမျိုးတွေကို ပြည်တွင်းက အနုပညာရှင်တွေအနေနဲ့ လုပ်ပြနိုင်စွမ်းရှိပေမယ့် လတ်တလောကြုံနေရတဲ့ အခက်အခဲ အားနည်းချက်တွေ ရှိနေတယ်လို့ လူကြမ်းသရုပ်ဆောင် ဦးအောင်ခိုင် က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“အဓိကအားဖြင့် ဦးအောင်ခိုင် တို့ ဒီမှာကြုံနေရတာက ပံ့ပိုးမှုတွေ အားနည်းတာပါ၊ အခုအချိန်အထိလည်း ရဲစခန်းအစစ်၊ တရားရုံးအစစ်မှာ ရိုက်ခွင့်မရသေးဘူး၊ လေဆိပ်မှာ ရိုက်မယ်ဆိုရင်တောင်မှ တစ်လကြိုတင်ပြီးတော့ စာတင်ပြီး လျှောက်ထားရပါတယ်၊ တက္ကသိုလ်တို့ ဘာတို့ဆိုလည်း ရိုက်ဖို့ဟာက သိပ်တော့အဆင်မပြေသေးဘူး၊ ဒါမျိုးလေးတွေပေါ့ ပံ့ပိုးမှုတွေ အများကြီးလိုပါတယ်” လို့ သူက ပြောပါတယ်။

အရင်တုန်းကဆိုရင် ဟာသကားတွေသာ ရိုက်ကူးမှုများပြားလာတာကြောင့် လူကြမ်းသရုပ်ဆောင်တွေအနေနဲ့ မရိုက်ရတော့ဘဲ စားဝတ်နေရေး အခက်အခဲတွေ ကြုံခဲ့ရဖူးပေမယ့် အခုနောက်ပိုင်းမှာ ဟာသကားနဲ့ အက်ရှင်ကား ရိုက်ကူးမှုတွေဟာ မျှလာသလို ဖြစ်လာကြောင်း၊ အရင်က ကြိုတင်စီမံမှုမရှိပေမယ့် နောက်ပိုင်းမှာ ဘယ်အခန်းမှာ လူကြမ်းတွေပါမယ်၊ ဘယ်နှစ်ရက်ပါမယ်ဆိုတာမျိုးကို ကြိုတင်စီစဉ် လုပ်ဆောင်ထားတာတွေကြောင့်လည်း စနစ်တကျဖြင့် လုပ်ဆောင်လာကြတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ဇာတ်ကားတွင် ရိုက်ကူးရင်း ထိုးကြိတ်ကြတဲ့ အခန်းများမှာ လဲှချရတဲ့နေရာတွေဆိုရင် အခုအခံ အကာအကွယ်တွေ မပါတာကြောင့် ထိခိုက်ဒဏ်ရာ ရတာတွေလည်း ကြုံလေ့ရှိတယ်လို့ သိရပါတယ်။

“နောက်တစ်ခု လိုအပ်တာက Safety Guard ပေါ့၊ ဦးအောင်ခိုင် တို့ ငယ်ငယ်တုန်းက မင်းသားတော်တော်များများနဲ့ ထိုးခဲ့ရတာ၊ ကတ္တရာလမ်းပေါ်ထိုးဆိုရင်လည်း လမ်းမအစစ်ကြီးမှာ ထိုးခဲ့ရတာ၊ လမ်းပေါ်မှာ ပစ်လှဲချပစ်လိုက်ရတာ၊ နိုင်ငံတော်ကပဲ ပံ့ပိုးမှုနဲ့ပဲဖြစ်ဖြစ်၊ ကုမ္ပဏီက ပံ့ပိုးမှုနဲ့ဖြစ်ဖြစ် Safety Guard ဆိုတာလေးတွေ ပံ့ပိုးစေချင်ပါတယ်၊ အခုအချိန်အထိမရှိဘူး၊ ရှားရှားပါးပါးအနေနဲ့ ဦးအောင်ခိုင် တို့ ကိုလူချောအဖွဲ့မှာ ဒါလေးတော့ မဖြစ်မနေ ရှားရှားပါးပါးလုပ်ထားမှပဲ ဆိုပြီးတော့ အကျသက်သာအောင် ခံတဲ့ဟာမျိုး ဖြစ်ညှစ်ပြီး ဝယ်ထားရတာ လေးချပ်လောက်ပဲရှိတယ်၊ အဲ့လိုမှမလုပ်ဘူးဆိုရင် ကိုယ့်မိသားစုရဲ့ ဝမ်းရေးအတွက်ကရှိတော့ လုပ်ဆိုလုပ်ရမယ့် သဘောရှိတယ်၊ ဆိုလိုတာက ပံ့ပိုးမှုလေးတွေများ ပေးခဲ့မယ်ဆိုရင် မြန်မာနိုင်ငံက အနုပညာရှင်တွေမှာ သိပ်အညံ့စားကြီးတွေ မပါကြပါဘူး၊ ပံ့ပိုးမှုအများကြီး အရမ်းကိုလိုအပ်နေတယ်၊ သူများနိုင်ငံကလာတယ်၊ လမ်းမကြီးပိတ်ပြီး ကားတွေ ပြိုင်မောင်းတာရိုက်မယ်၊ ပစ်တာခတ်တာရိုက်မယ်၊ ဦးအောင်ခိုင် တို့ ဒီမှာက ဇာတ်လမ်းအရ ဗျောက်တစ်ချက် မဖောက်ရဲပါဘူး၊ ပတ်ဝန်းကျင်ကကြားရင် အထိတ်တလန့်ဖြစ်မှာစိုးတဲ့အတွက် မဖောက်ရဲခဲ့ဘူး၊ သူတို့မှာက ပံ့ပိုးမှုအပြည့်ပါလို့ ရိုက်နိုင်တယ်၊ ဒူးကာ တံတောင်ကာတွေတောင်မှ ကိုယ့်ပိုက်ဆံနဲ့ကိုယ် မဝယ်နိုင်ဘူး၊ ဒါက မနာလိုလို့ပြောတာ မဟုတ်ဘူး၊ အားကျနေကြတာ” လို့ လူကြမ်းသရုပ်ဆောင် ဦးအောင်ခိုင် က ရှင်းပြပါတယ်။

ရိုက်ကွင်းတွေမှာ အသုံးပြုလေ့ရှိတဲ့ သေနတ်တွေနဲ့ ပတ်သက်ပြီး အရင်တုန်းကဆိုရင် ဝါသနာအရ သေနတ်အတု စုဆောင်းသူ တစ်ဦးထံကနေ သွားရောက်ငှားရမ်းကာ အသုံးပြုခဲ့ရပေမယ့် အခု သူ့ကို လက်နက်မှုပုဒ်မနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာတွေလည်းရှိသလို ရိုက်ကွင်းတစ်ခု ဖန်တီးတဲ့နေရာမှာ အခက်အခဲတွေလည်း များစွာရှိနေသေးတယ်လို့ သူက ပြောပြခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၁

( Zawgyi )

အရည္အေသြးျမင့္မားတဲ့ ဇာတ္ကားမ်ိဳးေတြကို ျပည္တြင္းက အႏုပညာရွင္ေတြအေနနဲ႔ လုပ္ျပႏိုင္စြမ္းရွိေပမယ့္ လတ္တေလာႀကဳံေနရတဲ့ အခက္အခဲ အားနည္းခ်က္ေတြ ရွိေနတယ္လို႔ လူၾကမ္းသ႐ုပ္ေဆာင္ ဦးေအာင္ခိုင္ က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“အဓိကအားျဖင့္ ဦးေအာင္ခိုင္ တို႔ ဒီမွာႀကဳံေနရတာက ပံ့ပိုးမႈေတြ အားနည္းတာပါ၊ အခုအခ်ိန္အထိလည္း ရဲစခန္းအစစ္၊ တရား႐ုံးအစစ္မွာ ႐ိုက္ခြင့္မရေသးဘူး၊ ေလဆိပ္မွာ ႐ိုက္မယ္ဆိုရင္ေတာင္မွ တစ္လႀကိဳတင္ၿပီးေတာ့ စာတင္ၿပီး ေလွ်ာက္ထားရပါတယ္၊ တကၠသိုလ္တို႔ ဘာတို႔ဆိုလည္း ႐ိုက္ဖို႔ဟာက သိပ္ေတာ့အဆင္မေျပေသးဘူး၊ ဒါမ်ိဳးေလးေတြေပါ့ ပံ့ပိုးမႈေတြ အမ်ားႀကီးလိုပါတယ္” လို႔ သူက ေျပာပါတယ္။

အရင္တုန္းကဆိုရင္ ဟာသကားေတြသာ ႐ိုက္ကူးမႈမ်ားျပားလာတာေၾကာင့္ လူၾကမ္းသ႐ုပ္ေဆာင္ေတြအေနနဲ႔ မ႐ိုက္ရေတာ့ဘဲ စားဝတ္ေနေရး အခက္အခဲေတြ ႀကဳံခဲ့ရဖူးေပမယ့္ အခုေနာက္ပိုင္းမွာ ဟာသကားနဲ႔ အက္ရွင္ကား ႐ိုက္ကူးမႈေတြဟာ မွ်လာသလို ျဖစ္လာေၾကာင္း၊ အရင္က ႀကိဳတင္စီမံမႈမရွိေပမယ့္ ေနာက္ပိုင္းမွာ ဘယ္အခန္းမွာ လူၾကမ္းေတြပါမယ္၊ ဘယ္ႏွစ္ရက္ပါမယ္ဆိုတာမ်ိဳးကို ႀကိဳတင္စီစဥ္ လုပ္ေဆာင္ထားတာေတြေၾကာင့္လည္း စနစ္တက်ျဖင့္ လုပ္ေဆာင္လာၾကတယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ ဇာတ္ကားတြင္ ႐ိုက္ကူးရင္း ထိုးႀကိတ္ၾကတဲ့ အခန္းမ်ားမွာ လဲွခ်ရတဲ့ေနရာေတြဆိုရင္ အခုအခံ အကာအကြယ္ေတြ မပါတာေၾကာင့္ ထိခိုက္ဒဏ္ရာ ရတာေတြလည္း ႀကဳံေလ့ရွိတယ္လို႔ သိရပါတယ္။

“ေနာက္တစ္ခု လိုအပ္တာက Safety Guard ေပါ့၊ ဦးေအာင္ခိုင္ တို႔ ငယ္ငယ္တုန္းက မင္းသားေတာ္ေတာ္မ်ားမ်ားနဲ႔ ထိုးခဲ့ရတာ၊ ကတၱရာလမ္းေပၚထိုးဆိုရင္လည္း လမ္းမအစစ္ႀကီးမွာ ထိုးခဲ့ရတာ၊ လမ္းေပၚမွာ ပစ္လွဲခ်ပစ္လိုက္ရတာ၊ ႏိုင္ငံေတာ္ကပဲ ပံ့ပိုးမႈနဲ႔ပဲျဖစ္ျဖစ္၊ ကုမၸဏီက ပံ့ပိုးမႈနဲ႔ျဖစ္ျဖစ္ Safety Guard ဆိုတာေလးေတြ ပံ့ပိုးေစခ်င္ပါတယ္၊ အခုအခ်ိန္အထိမရွိဘူး၊ ရွားရွားပါးပါးအေနနဲ႔ ဦးေအာင္ခိုင္ တို႔ ကိုလူေခ်ာအဖြဲ႕မွာ ဒါေလးေတာ့ မျဖစ္မေန ရွားရွားပါးပါးလုပ္ထားမွပဲ ဆိုၿပီးေတာ့ အက်သက္သာေအာင္ ခံတဲ့ဟာမ်ိဳး ျဖစ္ညႇစ္ၿပီး ဝယ္ထားရတာ ေလးခ်ပ္ေလာက္ပဲရွိတယ္၊ အဲ့လိုမွမလုပ္ဘူးဆိုရင္ ကိုယ့္မိသားစုရဲ႕ ဝမ္းေရးအတြက္ကရွိေတာ့ လုပ္ဆိုလုပ္ရမယ့္ သေဘာရွိတယ္၊ ဆိုလိုတာက ပံ့ပိုးမႈေလးေတြမ်ား ေပးခဲ့မယ္ဆိုရင္ ျမန္မာႏိုင္ငံက အႏုပညာရွင္ေတြမွာ သိပ္အညံ့စားႀကီးေတြ မပါၾကပါဘူး၊ ပံ့ပိုးမႈအမ်ားႀကီး အရမ္းကိုလိုအပ္ေနတယ္၊ သူမ်ားႏိုင္ငံကလာတယ္၊ လမ္းမႀကီးပိတ္ၿပီး ကားေတြ ၿပိဳင္ေမာင္းတာ႐ိုက္မယ္၊ ပစ္တာခတ္တာ႐ိုက္မယ္၊ ဦးေအာင္ခိုင္ တို႔ ဒီမွာက ဇာတ္လမ္းအရ ေဗ်ာက္တစ္ခ်က္ မေဖာက္ရဲပါဘူး၊ ပတ္ဝန္းက်င္ကၾကားရင္ အထိတ္တလန႔္ျဖစ္မွာစိုးတဲ့အတြက္ မေဖာက္ရဲခဲ့ဘူး၊ သူတို႔မွာက ပံ့ပိုးမႈအျပည့္ပါလို႔ ႐ိုက္ႏိုင္တယ္၊ ဒူးကာ တံေတာင္ကာေတြေတာင္မွ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ မဝယ္ႏိုင္ဘူး၊ ဒါက မနာလိုလို႔ေျပာတာ မဟုတ္ဘူး၊ အားက်ေနၾကတာ” လို႔ လူၾကမ္းသ႐ုပ္ေဆာင္ ဦးေအာင္ခိုင္ က ရွင္းျပပါတယ္။

႐ိုက္ကြင္းေတြမွာ အသုံးျပဳေလ့ရွိတဲ့ ေသနတ္ေတြနဲ႔ ပတ္သက္ၿပီး အရင္တုန္းကဆိုရင္ ဝါသနာအရ ေသနတ္အတု စုေဆာင္းသူ တစ္ဦးထံကေန သြားေရာက္ငွားရမ္းကာ အသုံးျပဳခဲ့ရေပမယ့္ အခု သူ႔ကို လက္နက္မႈပုဒ္မနဲ႔ ဖမ္းဆီးထိန္းသိမ္းထားတာေတြလည္းရွိသလို ႐ိုက္ကြင္းတစ္ခု ဖန္တီးတဲ့ေနရာမွာ အခက္အခဲေတြလည္း မ်ားစြာရွိေနေသးတယ္လို႔ သူက ေျပာျပခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၂၁