【နည်းပညာ】နှစ်ပေါင်း ၁၄ သန်း သက်တမ်းရှိ ကြံ့တစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို တရုတ်သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ

【နည်းပညာ】နှစ်ပေါင်း ၁၄ သန်း သက်တမ်းရှိ ကြံ့တစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို တရုတ်သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ

ပေကျင်း၊ ဒီဇင်ဘာ - ၂၂

ပထမဆုံးအကြိမ်အဖြစ် တရုတ်သိပ္ပံညာရှင်တွေဟာ အရှေ့အာရှမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄ သန်းခန့်က နေထိုင်ကျက်စားသွားတဲ့ ကြံ့တစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ယခုရှာဖွေတွေ့ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစုဟာ အရှေ့အာရှကို သတ္တဝါတွေ ပြောင်းရွှေ့နေထိုင်ကျက်စားမှုအတွက် အရေးကြီးတဲ့အထောက်အထားတွေကို ပေးစွမ်းနိုင်ဖို့ရှိနေပါတယ်။

မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ teleoceratine ကြံ့တွေရဲ့ မျိုးရင်းတစ်ခုရဲ့ အရိုးစုဖြစ်နိုင်တယ်လို့ တရုတ်သုတေသီတွေက ယူဆထားပြီး၊ ဆက်စပ် ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းတွေ မရှိသေးတာကြောင့် မျိုးစိတ်ရဲ့ ဆင့်ကဲဖြစ်စဉ်တွေ မရှင်းလင်းသေးဘူးလို့ သုတေသီတွေ ဆိုပါတယ်။

တရုတ်သိပ္ပံအကယ်ဒမီ လက်အောက်မှာရှိတဲ့ ကျောရိုးရှိသတ္တဝါဗေဒ အင်စတီကျုက သုတေသီတွေဟာ တရုတ်နိုင်ငံ၊ နင်ရှဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နှစ်ပေါင်း ၁၄ သန်းခန့် သက်တမ်းရှိပြီဖြစ်တဲ့ အဆိုပါကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကျောက်ဖြစ်ရုပ်ကြွင်းကို Prosantorhinus yei sp  လို့ အမည်ပေးခဲ့ပြီး၊ ၎င်းရဲ့ ပုံသဏ္ဍာန် ဖြန့်ကြက်မှုဟာ ဥရောပ၊ ပါကစ္စတန်တောင်ပိုင်းနဲ့ တရုတ်အထိ ကျယ်ပြန့်စွာ ပျံ့နှံ့သွားတဲ့ အထောက်အထားတွေ တွေ့ရှိထားပြီး၊ ၎င်းကြံ့တွေရဲ့ ရွှေ့ပြောင်းနေထိုင်မှုကို ဂေဟဗေဒနှင့် ပထဝီဝင်ဆိုင်ရာ အတားအဆီးတွေက ကန့်သတ်ထားမှုမရှိခဲ့ဘူးလို့ တရုတ်သုတေသီတစ်ဦးက ပြောကြားခဲ့ပါတယ်။

Damien
Ref - CMG