【 နည်းပညာ 】တရုတ်နိုင်ငံရဲ့ အရှည်လျားဆုံး ဒုံးပျံယာဉ်အဖြစ် Long March-5 Y6 ဒုံးပျံ မှတ်တမ်းဝင်

【 နည်းပညာ 】တရုတ်နိုင်ငံရဲ့ အရှည်လျားဆုံး ဒုံးပျံယာဉ်အဖြစ် Long March-5 Y6 ဒုံးပျံ မှတ်တမ်းဝင်

တရုတ်နိုင်ငံက ၎င်းရဲ့ ဂြိုဟ်တုအမျိုးအစား အမျိုးမျိုးကို အာကာသထဲသို့ လွှတ်တင်ရာမှာ ပြည်တွင်းထုတ် Long March သယ်ဆောင် ဒုံးပျံတွေကို အသုံးပြုလေ့ရှိပါတယ်။
 
ယခုနောက်ဆုံးလွှတ်တင်မှုမှာတော့ တရုတ်နိုင်ငံဟာ ပြည်တွင်းထုတ် Long March ဒုံးပျံယာဉ်တွေထဲ အရှည်လျားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ Long March-5 Y6 သယ်ဆောင် ဒုံးပျံယာဉ်ကို အသုံးပြုခဲ့ပါတယ်။
 
Long March-5 Y6 ဒုံးပျံယာဉ်ဟာ အရှည် ၁၈.၅ မီတာ ရှည်လျားပြီး ပထမဆုံးအကြိမ် မစ်ရှင်အဖြစ် ၎င်းဒုံးပျံယာဉ်နဲ့ Yaogan-41 အမည်ရ ဂြိုဟ်တုကို တရုတ်နိုင်ငံ တောင်ပိုင်း၊ ဟိုင်နန်ကျွန်းပြည်နယ်ထဲရှိ ဝမ်ချန် အာကာယာဉ်လွှတ်တင်ရေးစင်တာကနေ လွှတ်တင်ခဲ့ပါတယ်။ယခုစတင်အသုံးပြုတဲ့ Long March-5 Y6 သယ်ဆောင် ဒုံးပျံဟာ ယခင်အသုံးပြုခဲ့တဲ့ သယ်ဆောင် ဒုံးပျံတွေထက် ၆ မီတာ ပိုရှည်လျားတယ်လို့ ဒုံးပျံယာဉ်ဒီဇိုင်နာက ဆိုပါတယ်။
 
သယ်ဆောင် ဒုံးပျံကို ပိုမိုရှည်လျားအောင် တီထွင်ဖန်တီးခဲ့ခြင်းဟာ Long March ဒုံးပျံတွေရဲ့ တင်ဆောင်နိုင်စွမ်းနဲ့ မစ်ရှင်တွေအတွက် လိုက်လျောညီထွေမှုကို မြှင့်တင်ပေးနိုင်တယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။
 
တရုတ်နိုင်ငံက ပြည်တွင်းထုတ် Long March-5 သယ်ဆောင် ဒုံးပျံယာဉ်တွေကို ၂၀၁၆ ခုနှစ်မှာ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။
 
Damien
 
Ref - CMG
 
ပေကျင်း၊ ဒီဇင်ဘာ ၁၇