【 နည်းပညာ 】 ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှားရှိသူ အမျိုးသားအဖြစ် ဗြိတိန်အဘိုးအိုကို ဂင်းနစ်ကမ္ဘာ့စံချိန် သတ်မှတ်

【 နည်းပညာ 】 ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှားရှိသူ အမျိုးသားအဖြစ် ဗြိတိန်အဘိုးအိုကို ဂင်းနစ်ကမ္ဘာ့စံချိန် သတ်မှတ်

လန်ဒန်၊ ဧပြီ - ၁၉
 
ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှားရှိသူ အမျိုးသားအဖြစ် ဗြိတိန်အဘိုးအိုကို ဂင်းနစ်ကမ္ဘာ့စံချိန်က တရားဝင်သတ်မှတ်လိုက်ကြောင်း UPI သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။
 
အင်္ဂလန်နိုင်ငံ၊ ဆောက်ပို့တ်မှာ နေထိုင်တဲ့ အသက် ၁၁၁ နှစ်အရွယ် ဂျွန် အဲဖရက် တီနစ်ဝုဒ်ကို ဂင်းနစ်ကမ္ဘာ့စံချိန်က ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှားရှိသူအဖြစ် သတ်မှတ်လိုက်တာပါ။
 
အသက် ၁၁၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗြိတိန်အဘိုးအိုဟာ ယခင်ကမ္ဘာ့အသက်အကြီးဆုံး စံချိန်ရှင် အသက် ၁၁၄ နှစ်အရွယ်ရှိ ဗင်နီဇွဲလားနိုင်ငံသား ဟွမ် ဗင်ဆင့်တေး ပီရက်ဇ်နဲ့ ကမ္ဘာ့ဒုတိယအသက်အကြီးဆုံး အသက် ၁၁၂ နှစ်အရွယ် ဂျပန်နိုင်ငံသား ဂီဆာဘူရို ဆိုနိုဘီတို့ ကွယ်လွန်သွားပြီးနောက်မှာ ယခုလို ကမ္ဘာ့ အသက်အကြီးဆုံး သက်ရှိထင်ရှားရှိသူအဖြစ် တရားဝင် သတ်မှတ်ခံလိုက်ရတာဖြစ်ပါတယ်။
 
ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှားရှိသူ ဖြစ်လာခဲ့သူ ဗြိတိန်အဘိုးအို တီနစ်ဝုဒ်ကို သြဂုတ်လ ၂၆ ရက် ၁၉၁၂ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ အသက် ၁၁၁ နှစ်ရှိပြီဖြစ်ပြီး၊ ကိုယ်ပိုင်ဘဏ္ဍာရေးပိုင်းကိုလည်း စီမံခန့်ခွဲလျက်ရှိကာ နေ့စဉ်သတင်းတွေကိုလည်း ရေဒီယိုမှတစ်ဆင့် နားထောင်လျက်ရှိနေပါတယ်။
 
အဘိုးအို တီနစ်ဝုဒ်က သူ့ရဲ့ အသက်ရှည်ခြင်းကို “သန့်ရှင်းစင်ကြယ်တဲ့ ကံတရား”  ဖြစ်တယ်လို့ သတ်မှတ်ထားကြောင်းဆိုပြီး၊ အရက်အလွန်အကျွံသောက်ခြင်းနဲ့ လမ်းလျှောက်တာကို အလွန်အကျွံလုပ်ခြင်းတို့လိုမျိုး တစ်ခုခုကို အလွန်အကျွံလုပ်ခြင်းဟာ နောက်ဆုံးမှာ ဒုက္ခရောက်လိမ့်မယ်လို့လည်း ပြောပါတယ်။
 
ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှားရှိသူ အမျိုးသမီးအဖြစ် စပိန်နိုင်ငံသူ မာရီယာ ဘရန်ရာ့စ် မိုရီရာကို ဂင်းနစ်ကမ္ဘာ့စံချိန်က သတ်မှတ်ထားပြီး၊ အဘွားအိုဟာ ပြီးခဲ့တဲ့ မတ်လက အသက် ၁၁၇ နှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။
 
Damien
Ref - UPI