【 နည်းပညာ 】 တရုတ်နိုင်ငံက မိုးလေဝသ ဂြိုဟ်တုတွေကို ထပ်မံလွှတ်တင်

【 နည်းပညာ 】 တရုတ်နိုင်ငံက မိုးလေဝသ ဂြိုဟ်တုတွေကို ထပ်မံလွှတ်တင်

ပေကျင်း၊ ဒီဇင်ဘာ - ၂၅
 
တရုတ်က နိုင်ငံရဲ့ အနောက်မြောက်ပိုင်း Jiuquan ဂြိုဟတုလွှတ်တင်ရေးစင်တာကနေ မိုးလေဝသ ဂြိုဟ်တုလေးစင်းကို တနင်္လာနေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တယ်လို့ ဆင်ဟွာသတင်းအေဂျင်စီ ဖော်ပြချက်အရ သိရပါတယ်။
 
အဆိုပါဂြိုဟ်တုတွေကို Kuaizhou-1A အမည်ရ သယ်ဆောင်ဒုံးပျံယာဉ်နဲ့ ပေကျင်းစံတော်ချိန် နံနက် ၉ နာရီအချိန်ခန့်က လွှတ်တင်ခဲ့တာပါ။
 
ယခုလွှတ်တင်လိုက်တဲ့ ဂြိုဟ်တုလေးစင်းအထိ ပါဝင်တဲ့ အစုအဝေးကို Tianmu-1 လို့ တရုတ်က အမည်ပေးထားပြီး၊ စီစဉ်ထားတဲ့ ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားတယ်လို့ တရုတ်က ဆိုပါတယ်။
 
မိုးလေဝသ ဂြိုဟ်တုတွေလို့ ဆိုထားတဲ့ အဆိုပါဂြိုဟ်တုတွေကို စီးပွားဖြစ် မိုးလေဝသ အချက်အလက် ဝန်ဆောင်မှုတွေ ပေးဆောင်သွားနိုင်ဖို့အတွက် အဓိကအသုံးပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
 
ယခုလွှတ်တင်မှုဟာ တရုတ်ပြည်တွင်းထုတ် Kuaizhou-1A သယ်ဆောင် ဒုံးပျံယာဉ်တွေအတွက် ၂၃ ကြိမ်မြောက် ပျံသန်းမှုမစ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
 
Damien
Ref - xinhua