【 နည်းပညာ 】 တရုတ်ရဲ့ ရေနက်ပိုင်း ကယ်ဆယ်ရေးသင်္ဘော လုပ်ငန်းများကို စတင်လည်ပတ်

【 နည်းပညာ 】 တရုတ်ရဲ့ ရေနက်ပိုင်း ကယ်ဆယ်ရေးသင်္ဘော လုပ်ငန်းများကို စတင်လည်ပတ်

ပေကျင်း၊ ဖေဖော်ဝါရီ - ၅

တရုတ်နိုင်ငံက ၎င်းရဲ့ သီးခြားဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားတဲ့ ရေနက်ပိုင်း ကယ်ဆယ်ရေးသင်္ဘောကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က စတင်အသုံးပြုလိုက်ပြီဖြစ်တယ်လို့ CMG သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။

Nanhaijiu 103 လို့ အမည်ပေးထားတဲ့ ကယ်ဆယ်ရေးသင်္ဘောကို တရုတ်အမျိုးသား သင်္ဘောတည် ဆောက်ရေးကော်ပိုရေးရှင်း (CSSC) က ဒီဇိုင်းရေးဆွဲထားပြီး၊ တရုတ်ကုန်သည်များ အကြီးစား စက်မှုလုပ်ငန်းများ ကုမ္ပဏီကနေ တည်ဆောက်ထားတာဖြစ်ပါတယ်။

အဆိုပါကယ်ဆယ်ရေးသင်္ဘောဟာ ပြင်းထန်ရာသီဥတုဒဏ်အမျိုးမျိုးကို ခံနိုင်ရည်ရှိပြီး၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ၊ ကမ်းလွန်ဆွဲတင်ခြင်း၊ မီးသတ်ခြင်း၊ ရေငုပ်ခြင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ၊ ရေနံယိုဖိတ်မှု စောင့်ကြည့်ခြင်း၊ ပင်လယ်ကူးနဲ့ ဝေဟင်မှ အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ ဆောင်ရွက်မှုတွေကို ကွပ်ကွဲခြင်း အစရှိတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် တန်ချိန် ၁၉,၀၀၀ ကို သယ်ဆောင်ရွှေ့ပြောင်းနိုင်တဲ့အတွက် အကြီးစားနဲ့ အလတ်စား ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေကို သယ်ဆောင်နိုင်မှာဖြစ်သလို၊ ဆိုးရွားတဲ့ ပင်လယ်ရာသီဥတုအခြေအနေတွေမှာလည်း ကြံ့ကြံ့ခံ လုပ်ငန်းလည်ပတ်နိုင်မှာလည်းဖြစ်ပါတယ်။

Nanhaijiu 103 ရေနက်ပိုင်း ကယ်ဆယ်ရေးသင်္ဘောကို တောင်တရုတ်ပင်လယ်အတွင်းရှိ အဓိက ပင်လယ်ဒေသတွေမှာ တာဝန်ချထားပြီး၊ ၂၄ နာရီ အသင့်အနေအထားနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို တာဝန်ထမ်းဆောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

“Nanhaijiu 103 သင်္ဘောဟာ ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ တောင်တရုတ်ပင်လယ်ရှိ နိုင်ငံတကာအသိုက်အဝန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးပြုမှုတစ်ခုအဖြစ် ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်၊ တောင်တရုတ်ပင်လယ်အတွင်းရှိ လူနေမှုဘဝ၊ ပတ်ဝန်းကျင်နဲ့ ပိုင်ဆိုင်မှု ဘေးကင်းရေးတို့ကို အာမခံပြီး ပင်လယ်ရေကြောင်း ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်အတွက် ချောမွေ့တဲ့ လည်ပတ်မှုကို အာမခံပါတယ်” လို့ တောင်တရုတ်ပင်လယ် ကယ်ဆယ်ရေးဗျူရိုရဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Zhang Guiping က ပြောကြားခဲ့ပါတယ်။

Damien
Ref - CMG