【 နည်းပညာ 】 ပညာသင်ယူမှုက အိုမင်းမှုကို နှေးကွေးစေတယ်လို့ သုတေသီတွေဆို

【 နည်းပညာ 】 ပညာသင်ယူမှုက အိုမင်းမှုကို နှေးကွေးစေတယ်လို့ သုတေသီတွေဆို

ဘိုဂိုတာ၊ မတ် - ၈

ကျောင်းပညာရေးကို သင်ယူမှုက ပိုမိုအသက်ရှည်စေနိုင်တယ်လို့ Columbia University ရဲ့ Mailman School of Public Health မှ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

အဆိုပါလေ့လာတွေ့ရှိမှုကို ဆေးပညာရပ်ဆိုင်ရာ ဂျာနယ်တစ်ခုဖြစ်တဲ့ JAMA Network Open မှာ ဖော်ပြခဲ့ပါတယ်။

“အထက်တန်းကျောင်း ပညာရေးကို သင်ယူမှုဟာ အိုမင်းမှုနှေးကွေးခြင်း၊ သေဆုံးနိုင်ခြေ နည်းပါးခြင်းတို့နဲ့ သိသိသာသာ ဆက်စပ်နေတယ်” လို့ School of Public Health အဖွဲ့ရဲ့ သုတေသီတွေက ပြောကြားခဲ့ပါတယ်။

ပညာသင်ယူမှုက အိုမင်းမှုကို နှေးကွေးစေတယ်ဆိုတဲ့ အယူအဆကို ကောက်ချက်ချနိုင်ဖို့အတွက် သုတေသီတွေဟာ ၁၉၄၈ ခုနှစ်က အချက်အလက်တွေကို စုဆောင်းခဲ့ပြီး မျိုးဆက်သုံးဆက်အထိ ကျောင်းသား/ကျောင်းသူ ထောင်ပေါင်းများစွာရဲ့ မှတ်တမ်းတွေကို ခွဲခြမ်းစိပ်ဖြာ လေ့လာခဲ့တာဖြစ်ပါတယ်။

ထိုလေ့လာမှုအတွင်း ပူးပေါင်းပါဝင်လာသူအချို့ဟာ သုတေသီတွေကို မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်တွေအပြင် သွေးနမူနာတွေကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။ထို့နောက်မှာတော့ သုတေသီတွေဟာ သွေးဖြူဥထဲရှိ DNA ပေါ်မှာ အိုမင်းရင့်ရော်မှုအရှိန်ကို တိုင်းတာခဲ့ကြပါတယ်။

“ပညာရေးမှာ ထူးချွန်တဲ့သူတွေဟာ အသက်ပိုရှည်ကြတယ်ဆိုတာ ကျွန်တော်တို့သိတာ ကြာပါပြီ” လို့ Mailman School မှ ကူးစက်ရောဂါဗေဒပါမောက္ခဖြစ်သူ ဒန်နီရယ်လ် ဘဲလ်စကိုင်းက ဆိုပါတယ်။

“ဒါပေမဲ့ အဲဒါက ဘယ်လိုဖြစ်သလဲဆိုတာကို အဖြေရှာဖို့က စိန်ခေါ်မှုတွေအများကြီး ရှိနေသေးပါတယ်၊ ပညာသင်ယူမှုက အသက်ရှည်စေတာကို အထောက်အကူဖြစ်စေသလားဆိုတာပေါ့” လို့လည်း သူက ဆက်ပြောပါတယ်။

သုတေသီတွေတော့ အိုမင်းမှုနှေးကွေးတာကြောင့် အသက်ရှည်စေမှုဖြစ်၊ မဖြစ်ကိုတော့ သေချာလေ့လာ ဆုံးဖြတ်သွားဖို့ လိုအပ်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

Damien
Ref - UPI