【 နည်းပညာ 】 ဘောလုံးကွင်းအရွယ် ဂြိုဟ်သိမ်ကြီး ကမ္ဘာအနီးက ဖြတ်သန်းသွားခဲ့

【 နည်းပညာ 】 ဘောလုံးကွင်းအရွယ် ဂြိုဟ်သိမ်ကြီး ကမ္ဘာအနီးက ဖြတ်သန်းသွားခဲ့

ဝါရှင်တန်၊ မတ် - ၃
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ဘောလုံးကွင်းတစ်ကွင်းစာ အရွယ်အစားရှိတဲ့ ဂြိုဟ်သိမ်ကြီးတစ်ခုဟာ ကမ္ဘာအနီးကနေ ဖြတ်သန်းသွားတယ်လို့ သတင်းတွေအရ သိရပါတယ်။
 
ရာစုနှစ်တစ်ခုကျော်အတွင်း ကမ္ဘာကြီးနဲ့ အနီးကပ်ဆုံး အနေအထားကနေ ဂြိုဟ်သိမ်ကြီးဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ သောကြာနေ့က ဖြတ်သန်းသွားခဲ့တာပါ။
 
ကမ္ဘာကြီးနဲ့ မိုင်ပေါင်း ၁.၇ သန်း အကွာအဝေးကနေ ဂြိုဟ်သိမ်ကြီး ဖြတ်သန်းသွားတာဖြစ်ပြီး၊ သမိုင်းဝင် နက္ခတ်ဗေဒဆိုင်ရာ အဖြစ်အပျက်ကို မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။
 
ဂြိုဟ်သိမ်ကြီး ဖြတ်သန်းသွားပြီးနောက် တာဝန်ရှိသူတွေက ၎င်းဂြိုဟ်သိမ်ကြီးဟာ နောက်ထပ် နှစ်ပေါင်း ၂၀၀ ကြာတဲ့တိုင် ကမ္ဘာကြီးနဲ့ ထပ်မံနီးကပ်လာမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
 
2008 OS7 လို့ အမည်ပေးထားတဲ့ ဂြိုဟ်သိမ်ကြီးကို အမေရိကန်အာကာသအေဂျင်စီကြီး နာဆာ (NASA) က ကမ္ဘာအတွက် ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်ရှိ ဂြိုဟ်သိမ်များ စာရင်းထဲ ထည့်သွင်းမထားပေမယ့်လည်း ၎င်းဂြိုဟ်သိမ်ကြီး ကမ္ဘာပေါ်ကို ကျရောက်လာခဲ့ပါက နယူးယောက်မြို့ကိုတောင် ဖျက်ဆီးနိုင်တဲ့အထိ လုံလောက်တဲ့အရွယ်အစား ရှိနေပါတယ်။
 
ကမ္ဘာအနီးက ဖြတ်သန်းသွားမယ့် ဂြိုဟ်သိမ်လေးခုထဲ 2008 OS7 ဂြိုဟ်သိမ်ဟာ တစ်ခုအပါအဝင်ဖြစ်ပြီး၊ အရွယ်အစား အကြီးဆုံးနဲ့ အနီးကပ်ဆုံးလည်းဖြစ်ပါတယ်။
 
ဒုတိယအကြီးဆုံး 2024 BP1 အမည်ရ ဂြိုဟ်သိမ်ကြီးကတော့ ကမ္ဘာကြီးနဲ့ မိုင်ပေါင်း ၂ သန်း အကွာကနေ ဖြတ်သန်းသွားဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားလျက်ရှိပါတယ်။
 
Damien
Ref - UPI