【 နည်းပညာ 】 ရှန်ဟိုင်းမြို့တွင် Tesla က အကြီးစား စက်ရုံကို တရားဝင် ဖွင့်လှစ်

【 နည်းပညာ 】 ရှန်ဟိုင်းမြို့တွင် Tesla က အကြီးစား စက်ရုံကို တရားဝင် ဖွင့်လှစ်

ရှန်ဟိုင်း၊ ဒီဇင်ဘာ - ၂၄
 
အမေရိကန်ဘီလျံနာ အီလွန် မက်စ် ပိုင်ဆိုင်ပြီး မောင်းသူမဲ့ကားတွေ ထုတ်လုပ်ရာမှာ ကမ္ဘာကျော်တဲ့ Tesla ကုမ္ပဏီက ၎င်းရဲ့ အကြီးစား စက်ရုံပရောဂျက်ကြီးကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ တရားဝင်စတင်ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။
 
အဆိုပါစက်ရုံကနေ တစ်နှစ်လျှင် လီသီယမ်-အိုင်းယွန်း ဘက်ထရီ စွမ်းအင်သိုလှောင်မှု ထုတ်ကုန် (Megapacks) ၁၀၀၀၀ ခန့်ကို ထုတ်လုပ်သွားနိုင်ဖို့ Tesla က ရည်ရွယ်ထားပါတယ်။
 
စက်ရုံပရောဂျက်သစ်ကို ရှန်ဟိုင်းမြို့ရဲ့ Pilot Free Trade Zone အတွင်း Lingang ဧရိယာမှာ တည်ဆောက်ထားတာဖြစ်ကာ အဆိုပါစီမံကိန်းသစ်ကို ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း အခြေချသွားဖို့ စီစဉ်ထားသလို စတုတ္ထသုံးလပတ်မှာတော့ Megapacks တွေ စတင်ထုတ်လုပ်သွားဖို့ စီစဉ်ထားတယ်လို့ Tesla က ဆိုပါတယ်။
 
အဆိုပါစီမံကိန်းရဲ့ သဘောတူညီမှုဆိုင်ရာ လက်မှတ်ရေးထိုးပွဲကိုလည်း ပြီးခဲ့တဲ့ သောကြာနေ့ နံနက်ပိုင်းမှာ ပြုလုပ်ခဲ့ပြီး Tesla ကုမ္ပဏီဘက်က တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနားကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။
 
တရုတ်နိုင်ငံမှာ Tesla ကုမ္ပဏီရဲ့ စက်ရုံသစ် တည်ဆောက်ဖွင့်လှစ်မှုဟာ တရုတ်မောင်းသူမဲ့ကားစျေးကွက်ရဲ့ အရှိန်အဟုန် လျန်မြန်စွာ ကြီးထွားဖွံ့ဖြိုးတိုးတက်လာမှုကို ပြဆိုနေတာလည်းဖြစ်ပါတယ်။
 
Damien
Ref - CMG