【 နည်းပညာ 】 အင်္ဂါဂြိုဟ်ပေါ်က သက်ရှိတွေကို နာဆာရဲ့ စက်ရုပ်ယာဉ် တွေ့ရှိထားဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်တွေ ယုံကြည်နေ

【 နည်းပညာ 】 အင်္ဂါဂြိုဟ်ပေါ်က သက်ရှိတွေကို နာဆာရဲ့ စက်ရုပ်ယာဉ် တွေ့ရှိထားဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်တွေ ယုံကြည်နေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ - ၂

နာဆာရဲ့ စက်ရုပ်ယာဉ်အနေနဲ့ အင်္ဂါဂြိုဟ်ပေါ်က သက်ရှိတွေကို တွေ့ရှိထားပြီး ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်လျက်ရှိပါတယ်။

Perseverance Rover (အမည်ပြောင် Percy) လို့ အမည်ပေးထားတဲ့ ကားငယ်အရွယ်  စက်ရုပ်လှည့်ပတ်ယာဉ်ကို လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်  ၃၀ ရက်နေ့က Mars 2020 မစ်ရှင်နဲ့အတူ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

Percy စက်ရုပ်ယာဉ်ဟာ Jezero Crater လို့ အမည်ပေးထားတဲ့ အင်္ဂါဂြိုဟ်ပေါ်ရှိ မီးတောင်ထိပ်တစ်ခုမှာ လေ့လာစူးစမ်းရှာဖွေမှုတွေကို လုပ်ဆောင်နေတာဖြစ်ပြီး၊ အဆိုပါမီးတောင်နေရာဟာ တစ်ချိန်က ရေတွေနဲ့ ပြည့်နှက်နေခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကို အံ့အားသင့်ဖွယ် အတည်ပြုနိုင်ခဲ့ပါတယ်။ထို့နောက်မှာတော့ Percy ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ တည်ရှိနိုင်တဲ့ ပြင်ပသက်ရှိတွေရဲ့ အရိပ်အယောင်တွေကို ဆက်လက်ထောက်လှမ်းနေခဲ့ပါတယ်။

Percy ရိုက်ကူးထားတဲ့ မြေအောက်ရေဒါပုံရိပ်တွေမှာတော့ ရုပ်ကြွင်းအဏုဇီဝသက်ရှိတွေရှိနိုင်တဲ့ လက္ခဏာတွေ ပြသနေပြီး၊ အတိအကျကောက်ချက်ချလို့ မရနိုင်သေးပေမယ့် သိပ္ပံပညာရှင်တွေကတော့ စက်ရုပ်ယာဉ်အနေနဲ့ အင်္ဂါဂြိုဟ်ပေါ်က သက်ရှိတွေ တည်ရှိနေတဲ့ လက္ခဏာတွေပေါ်ကနေ ဖြတ်သန်းလေ့လာနေတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။

အကယ်၍ အင်္ဂါဂြိုဟ်သာ ကမ္ဘာနဲ့ ဆင်တူပါက လက်ရှိ Percy လေ့လာနေတဲ့ နေရာဝန်းကျင်ဟာ အဏုဇီဝသက်ရှိတွေ ဖွဲ့စည်းဖို့ အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။

လက်ရှိအချိန်အထိ Percy ဟာ အဆိုပါနေရာဝန်းကျင်က ကျောက်တုံးနဲ့ ဖုန်မှုန့်အများအပြားကို စုဆောင်းထားပြီး၊ စုဆောင်းထားတဲ့ နမူနာတွေမှာ အော်ဂဲနစ်ဒြပ်ပေါင်းတွေရဲ့ ဆန်းကြယ်တဲ့ လက္ခဏာတွေကို ပြသနေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

Damien
Ref - sciencealert