【 နည်းပညာ 】 အမေဇုန်မိုးသစ်တောထဲ ကမ္ဘာ့အကြီးဆုံး အစိမ်းရောင် အန်နာကွန်ဒါ မြွေမျိုးစိတ်သစ် တွေ့ရှိ

【 နည်းပညာ 】 အမေဇုန်မိုးသစ်တောထဲ ကမ္ဘာ့အကြီးဆုံး အစိမ်းရောင် အန်နာကွန်ဒါ မြွေမျိုးစိတ်သစ် တွေ့ရှိ

အမေဇုန်၊ မတ် - ၆

သုတေသီတွေဟာ အမေဇုန်မိုးသစ်တောကြီးထဲမှာ ကမ္ဘာ့အကြီးဆုံး အန်နာကွန်ဒါ (Anaconda) မြွေမျိုးစိတ်သစ်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရိုက်တာသတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။

အီကွေဒေါနိုင်ငံ ပိုင်နက်အတွင်း တည်ရှိတဲ့ မိုးသစ်တောကြီးအတွင်းမှာ အလွန်ကြီးမားတဲ့ အစိမ်းရောင် အန်နာကွန်ဒါ မြွေမျိုးစိတ်သစ်တွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။

သုတေသီတစ်ဦးဖြစ်တဲ့ နယ်သာလန်ဇီဝဗေဒပညာရှင် ဖရိခ် ဗွန့်ခ်က အလေးချိန် ၄၄၁ ပေါင်ရှိပြီး၊ ပေ ၂၀ အထိ ရှည်လျားတဲ့ အလွန်ကြီးမားတဲ့ မြွေကြီးတွေရဲ့ ဗီဒီယိုကို အွန်လိုင်းပေါ်မှာ မျှဝေခဲ့ပါတယ်။

ယခင်ကတော့ အစိမ်းရောင် အန်နာကွန်ဒါကို မျိုးစိတ်တစ်ခုတည်းသာ တည်ရှိတယ်လို့ ယူဆထားခဲ့ကြပေမယ့် ယခုတွေ့ရှိခဲ့တဲ့ မြောက်ပိုင်း အစိမ်းရောင် အန်နာကွန်ဒါ မြွေကြီးတွေဟာ ယခင်မျိုးစိတ်တွေနဲ့ မတူညီဘဲ ကွဲပြားတဲ့ မျိုးစိတ်သစ်တစ်ခုဖြစ်တာကို သိပ္ပံပညာဂျာနယ် Diversity ဖော်ပြခဲ့ပါတယ်။

“အခုတွေ့ရှိတဲ့ မျိုးစိတ်သစ်နဲ့ ယခင်တွေ့ရှိထားတဲ့ အစိမ်းရောင် အန်နာကွန်ဒါ မျိုးစိတ်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ သန်းလောက်က တစ်ခုနဲ့ တစ်ခု ကွဲပြားသွားတာဖြစ်နိုင်တယ်ဆိုတဲ့ အချက်အလက်တွေ ပြသနေတယ်၊ အံ့အားသင့်စရာကောင်းတဲ့ အပိုင်းကတော့ ကာလရှည်ကြာ ကွဲပြားနေပေမယ့် မြွေမျိုးစိတ်နှစ်ခုက လုံးဝဆင်တူတယ်၊ ဒါပေမဲ့ မျိုးရိုးဗီဇတွေကတော့ ကွဲပြားခြားနားတယ်” လို့ တောင်အမေရိကတွင် တွေ့ရှိခဲ့တဲ့ အန်နာကွန်ဒါ မြွေမျိုးစိတ်တွေကို နှစ်ပေါင်း ၂၀ နီးပါး လေ့လာခဲ့သူ ကွင်းစ်လန်းတက္ကသိုလ်မှ ဇီဝဗေဒပါမောက္ခ ဖရိုင်းက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

အစိမ်းရောင် အန်ဒါကွန်ဒါ မြွေမျိုးစိတ်သစ်ဟာ မျိုးစိတ်အဟောင်းနဲ့ သွင်ပြင်ပိုင်းအရ လုံးဝနီးပါးတူညီပေမယ့် မျိုးဗီဇကွဲပြားမှု ၅.၅ ရာခိုင်နှုန်းရှိပြီး၊ သိပ္ပံပညာရှင်တွေကို အံ့အားသင့်စေခဲ့ကာ ကမ္ဘာ့အကြီးဆုံး အန်ဒါကွန်ဒါ မြွေမျိုးစိတ်သစ်အဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။

Damien
Ref - reuters