【 နည်းပညာ 】 အာကာသနဲ့ လေထုစောင့်ကြည့်ရေး ဂြိုဟ်တုတွေကို တရုတ်လွှတ်တင်

【 နည်းပညာ 】 အာကာသနဲ့ လေထုစောင့်ကြည့်ရေး ဂြိုဟ်တုတွေကို တရုတ်လွှတ်တင်

ပေကျင်း၊ မတ် - ၂၄
 
တရုတ်နိုင်ငံက အာကာသနဲ့ လေထုအရည်အသွေး စောင့်ကြည့်ရေး ဂြိုဟ်တုတွေကို ကြာသပတေးနေ့က လွှတ်တင်ခဲ့တယ်လို့ CMG သတင်းအရ သိရပါတယ်။
 
အဆိုပါဂြိုဟ်တုအစုအဖွဲ့ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Jiuquan ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။
 
တရုတ်ပြည်တွင်းထုတ် Long March-2D သယ်ဆောင်ဒုံးပျံယာဉ်နဲ့ Yunhai-2 02 ဂြိုဟ်တုအစုအဖွဲ့ကို ကြာသပတေးနေ့ ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီ ၂၇ မိနစ်တွင် လွှတ်တင်ခဲ့တာဖြစ်ပြီး၊ ကြိုတင်စီစဉ်ထားတဲ့ အာကာသပတ်လမ်းထဲ အောင်မြင်စွာ ဝင်‌‌ရောက်သွားနိုင်ခဲ့ပါတယ်။
 
ယခုလွှတ်တင်လိုက်တဲ့ ဂြိုဟ်တုတွေကို အာကာသပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေး၊ ကမ္ဘာကြီးရဲ့ လေထုအရည်အသွေးကိုစောင့်ကြည့်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ လျှော့ချရေးနဲ့ သိပ္ပံနည်းကျစမ်းသပ်မှုတွေအတွက် အဓိကအသုံးပြုသွားမှာဖြစ်ပါတယ်။
 
ယခုလွှတ်တင်မှုဟာ တရုတ်ပြည်တွင်းထုတ် Long March ဒုံးပျံစီးရီးအတွက် ၅၁၃ ခုမြောက် မစ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
 
Damien
Ref - CMG